ရုရှ ကလပ် ဇင်းနစ် အသင်း ကတော့ ငိုအား ထက် ရယ်အား သန် ဆိုသလို ပါပဲ ။ အပြောင်း အရွှေ့ လက်ကျန် နေ့ ရက်တွေ မှာ ဘယ် ကစား သမားတွေ ကို ၀ယ်သင့်သေး သလဲ ဆိုတဲ့ ကိစ္စ အပေါ် ဇင်းနစ် ပရိသတ်တွေ ရဲ့ အမြင် ကို သိရ ဖို့ အတွက် မေးမြန်း ခဲ့ ရာမှာ အင်္ဂလိပ် ပရိသတ်တွေ ၀င်ရောက် ရေးသားမှု ကြောင့် ပွဲပျက် ခဲ့ရ ပါတယ် ။ သူတို့ တောင်းဆို မှု ကို လိုက်လျော ပေးဖို့ ကလည်း ဇင်းနစ် အတွက် ပြန်ပြီး စဉ်းစား စရာ ဖြစ်နေခဲ့ ပါတယ် ။ ဘာလို့လည်း ဆိုတော့ သူတို့ တောင်းဆိုခဲ့သူတွေ က ဖီးလ်ဂျုံးစ် နဲ့ မူစတာဖီ တို့ ဖြစ်နေကြလို့ပါ ။

Shkodran Mustafi

ဇင်းနစ် အသင်း ဟာ ခံစစ်ကြောင်း ကို အားဖြည့်ဖို့ အတွက် တစ်ပတ် ခန့်သာ ကျန်ရှိ တော့တဲ့ အပြောင်း အရွှေ့ ကာလ အတွင်း ဘယ်လို ကစား သမား တွေ ကို ထပ်ပြီး ခေါ်ယူ သင့်သေး သလဲ ဆိုတဲ့ မေးခွန်း ကို အသင်းရဲ့ တရားဝင် တွစ်တာ ကနေ တင်ခဲ့ ပြီး ပရိသတ် အားလုံး ကို လွတ်လပ်စွာ ထင်မြင် ချက် ပေးဖို့ အတွက် Public ဖွင့်ပေး ခဲ့ ပါတယ် ။

ဇင်းနစ် ရဲ့ တွစ်တာ ကို Follow လုပ်ထားတဲ့ ပရိသတ် ၄၄၀၀၀ သာ ရှိပေမယ့် ၀င်ရောက် မှတ်ချက် ပေးသူ အများစု ကတော့ အင်္ဂလန် ပရီးမီးယားလိဂ် ပရိသတ်တွေ ဖြစ်ခဲ့ ပါတယ် ။ ဒါ့အပြင် အားလုံး လိုလို ဟာ မန်ချက် စတာ ယူနိုက်တက် နောက်ခံလူ ဖီးလ် ဂျုံးစ် နဲ့ အာဆင်နယ် နောက်ခံလူ မူစတာဖီ တို့ကို လာခေါ် ပေးဖို့ တောင်းဆို ခဲ့ကြ ကြောင်း ဇင်းနစ် ရဲ့ တွစ်တာ က ပြန်လည် စုစည်း ဖော်ထုတ် ပေးသွားခဲ့ ပါတယ် ။

ဂျုံးစ် နဲ့ မူစတာဖီ တို့ ဟာ သက်ဆိုင်ရာ ကလပ် ပရိသတ်တွေ ရဲ့ မေတ္တာ ကို မရရှိ ကြတော့ ဘဲ အသင်း မြန်မြန် ပြောင်းဖို့ ဆန္ဒပြု ခံ နေကြရ သူတွေ ဖြစ်ပါတယ် ။ ဂျုံးစ် ဟာ ယူနိုက်တက် မှာ ဆာအဲလက်စ် ဖာဂူဆန် လက်ထက် ကတည်းက ရှိနေ ခဲ့သူ ဖြစ်ပြီး နည်းပြ ၄ ဦး ပြောင်းသွား သည့် တိုင် ပရိသတ်တွေရဲ့ ချဉ်ဖတ် အဖြစ် ရှိနေခဲ့ ပါတယ် ။

မူစတာဖီ ကလည်း အာဆင်နယ် ရဲ့ အစောပိုင်း ကာလ တွေ မှာ ပရိသတ် အချစ်တော် ဖြစ်ခဲ့ ပေမယ့် နောက်ပိုင်း မှာတော့ လူစာရင်းမှာ မမြင်တွေ့ ချင်လောက် အောင် ပေါ်ပြူလာ ဖြစ်မှု ကျဆင်း လာခဲ့ ပါတယ် ။ ဒီ ကစား သမား ၂ ဦး ကို ပရိသတ်တွေ က မမြင်တွေ့ ချင်တော့ပေမယ့် အသင်းလည်း မပြောင်းနိုင်သေး တာကြောင့် အခုလို ဇင်းနစ် အသင်း က ပရိသတ်တွေရဲ့ ဆန္ဒကို တောင်းခံ ချိန်မှာတော့ ၀ိုင်းဝန်း ရေးသား ခဲ့ကြတာ ဖြစ်ပါတယ် ။

သူတို့ ၂ ဦး အပြင် အက်ရှ်လေယန်း ကို ခေါ်ယူ ပေးဖို့ တောင်းဆို တဲ့ မှတ်ချက် အချို့ လည်း ရှိ ခဲ့ ပါတယ် လို့ ဇင်းနစ် အသင်း ဘက်က ဖော်ပြ သွားခဲ့ ပါတယ် ။ ပရိသတ်တွေ ဘက်က အသင်း မြန်မြန် ပြောင်းစေ လို ကြ ပေမယ့် ဖီးလ် ဂျုံးစ် နဲ့ အက်ရှ်လေယန်း တို့ ကတော့ မန်ချက်စတာ မှာ ဆက်ရှိ နေဖို့ အလားအလာ ကောင်း နေဆဲ ဖြစ်ပြီး မူစတာဖီ ကလည်းး အာဆင်နယ် မှာ ဒီရာသီ ဆက်ရှိ နေနိုင် ချေ ရှိ ပါတယ် ။

ဥရောပ ရဲ့ အပြောင်းအရွှေ့ ကတော့ စက်တင်ဘာ ၁ ရက်နေ့ ညမှာ ပိတ်သိမ်း မှာ ဖြစ်ပြီး အင်္ဂလိပ် အနိမ့်တန်း လိဂ် တွေ က တော့ စက်တင်ဘာ ၂ ရက်နေ့ အထိ ဖွင့်လှစ် ထားမှာ ဖြစ်ပါတယ် ။

SPORT MYANMAR