ချဲလ်ဆီး အသင်း ဟာ ယခု ရက်ပိုင်း အတွင်း အင်တာမီလန် အသင်းရဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူကို အသည်းအသန် ခေါ်ယူဖို့ ကြိုးစားနေခဲ့ပြီး ၊ အခုအခါမှာတော့ အပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့ လက်တကမ်း အလိုကို ရောက်ရှိလာပြီ ဖြစ်ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

အင်တာမီလန်ဖက်က တောင်းဆိုတဲ့ ယူရိုသန်း ၁၃၀ကို ချဲလ်ဆီးဖက်မှ ပေးချေဖို့ သဘောတူညီမှု ရလုနီးပါး ဖြစ်နေပြီလို့ အီတလီနဲ့ အင်္ဂလန် မီဒီယာ အတော်များများက အတည်ပြုထားကြပါတယ် ။ ဒါ့အပြင် ကစားသမား ဖြစ်သူဖက်ကလည်း အသင်းဟောင်း ချဲလ်ဆီးသို့ ပြန်လာချင်နေတယ်လို့ သိထားရပါတယ် ။

ချဲလ်ဆီး ဟာ ဒီ အပြောင်းအရွှေ့ ဈေးကွက်ရဲ့ အချိန် အများစုမှာ ဒေါ့မွန် အသင်းရဲ့ နော်ဝေး ကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းကို ပထမ ဦးစားပေး အဖြစ် တောက်လျှောက် ပစ်မှတ်ထားခဲ့ပေမယ့် ၊ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ စလုံးရေးတောင် မစခဲ့ရပါဘူး။

ကလပ်ဖက်က ဟာလန်းကို တနှစ် ဆက်ထိန်းသိမ်းချင်တာကြောင့် ၊ အေးဂျင့် ဖြစ်သူ ရွိုင်အိုလာရဲ့ အဆမတန် ကြေးတောင်းဆိုမှု အစရှိတဲ့ အကြောင်းပြချက်တွေကြောင့် လုံးဝ ရုပ်လုံးမပေါ်ခဲ့ပဲ ၊ ချဲလ်ဆီးတို့ အရန် ပစ်မှတ်ထားခဲ့တဲ့ လူကာကူဆီ ဖက်လှည့်ခဲ့ရပါတယ် ။

မနေ့က တော့တင်ဟမ်နဲ့ တဖက် ၂ဂိုးစီ သရေကျခဲ့တဲ့ ခြေစမ်းပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ သတင်းထောက်တွေဟာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ်ကို လူကာကူနဲ့ ပတ်သက်တဲ့ မေးခွန်းနဲ့ ချက်ချင်း ဆီးကြိုခဲ့တာကြောင့် ၊ ၎င်းက ဒီ အကြောင်းနဲ့ ပတ်သက်ပြီး အခုလိုပဲ ပါးပါးနပ်နပ်နဲ့ တုန့်ပြန်ခဲ့ပါတယ် ။

တူချယ် က ” ကျွန်တော် ဟာ ကိုယ့်အသင်းမှာ ရှိမနေတဲ့ ကစားသမား တယောက် အကြောင်း ပြောမှာ မဟုတ်ပါဘူး ။ ရိုမီလူ လူကာကူ ဟာ အံ့သြဖွယ် ကစားသမား တဦး ဖြစ်သလို ၊ သူဟာ လက်ရှိ အင်တာမီလန် အသင်းသား တယောက်လည်း ဖြစ်ပါတယ် ။ ဒါကို လေးစားသမှု ထားတဲ့ အနေနဲ့ ကျွန်တော် သူ့အကြောင်းကို ဒီနေ့ ထည့်ပြောသွားမှာ မဟုတ်ပါဘူး ။ ”

” သူ့ဖက်က ချဲလ်ဆီးကို ပြောင်းလာချင်တဲ့ပုံပေါ်နေတယ် ? ကစားသမားတိုင်း ဟာ အခုအချိန်မှာ ကျွန်တော်တို့ဆီ ပြောင်းချင်ကြတာချည်းပါပဲ ။ ကောင်းပြီ ။ ဒါပေမယ့် ကစားသမားတိုင်းတော့ ကျွန်တော်တို့ဆီ ရောက်လာမှာတော့ မဟုတ်ပါဘူး ။ ”

 

” ဒါပေမယ့် ကစားသမား အများစု ဟာ ကျွန်တော်တို့ဆီ လာချင်ကြတယ် ဆိုတာ ခင်ဗျားတို့ တွေးကြည့်လို့ ရပါတယ် ။ ဒါပေမယ့် ခုနက ကျွန်တော် ပြောခဲ့သလို ဒီ အကြောင်း အပေါ် တစုံတခု မှတ်ချက်ပေးသွားမှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး တူချယ် က ကလပ် ဘုတ်အဖွဲ့ က လူကာကူကို ခေါ်ပေးမယ်လို့ ကမ်းလှမ်းလာခဲ့ရင် ဆိုတဲ့ အမေးနဲ့ ပတ်သက်ပြီးလည်း ” ဘုတ်အဖွဲ့ ဟာ ကျွန်တော့ကို ဘယ်ကစားသမားကို ခေါ်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းထားတာမျိုး မရှိပါဘူး ။ အခုအချိန် အထိလည်း ဒီလို လုပ်ထုံးလုပ်နည်းမျိုး မတွေ့ရပါဘူး ။ ”

” ကျွန်တော် တို့ဟာ ဘုတ်အဖွဲ့ကို ခေါ်ယူချင်တဲ့ ကစားသမားတွေ အကြောင်းနဲ့ ပတ်သက်ပြီး ကိုယ့်အမြင်ကို ချပြရတာပဲ ရှိတာပါ ။ ကင်းထောက် အဖွဲ့မှာလည်း သူတို့ အမြင်နဲ့ သူတို့ ရှိကြပါတယ် ။ အဆုံးမှာ ကျွန်တော်တို့ဟာ အမြင်ချင်း ဆင်တူကြတဲ့ ပစ်မှတ် ကစားသမားမျိုး ၊ အသင်း အပေါ် ပိုမို တောင့်တင်းမှု ပေးနိုင်တဲ့ ကစားသမားမျိုးကို ခေါ်ယူဖို့ ကြိုးစားရတာပါ ။ ”

” အခုအချိန်မှာ အဲလို ကစားသမားမျိုး ခေါ်ယူနိုင်ဖို့က ကြီးမားတဲ့ စိန်ခေါ်မှု တခုလို ဖြစ်နေပါတယ် ။ လက်ရှိ ကစားသမား အင်အား က တောင့်တင်းပြီးသား ဖြစ်နေတော့ ကျွန်တော် တို့ဟာ ခေါ်ချင်တဲ့ ကစားသမားရဲ့ အရည်အသွေး သာမက ခံယူချက်ကိုပါ ဆန်းစစ်ဖို့ လိုလာပါတယ် ။ ”

” လက်ရှိ ဈေးကွက် အတွင်း တချို့သော ပစ်မှတ် ကစားသမားတွေဟာ အသင်း အတွက် တိုးတက်နိုင်မယ်လို့ ကျွန်တော်တို့ ယူဆထားကြတာတွေ ဖြစ်ပါတယ် ။ ဒါပေမယ့် သူတို့ရဲ့ နာမည်ကို ကျွန်တော် ထုတ်ပြောမှာ မဟုတ်ပါဘူး ။ ကျွန်တော့ ကစားသမားတွေ အကြောင်း တခြား နည်းပြ တယောက်ယောက်က ပြောတာ မကြိုက်သလိုမျိုးပါပဲ ။ ဒီတော့ ခင်ဗျားတို့လည်း နားလည်ပေးနိုင်မယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။