၁ ။ တူရကီ ကလပ် ဖီနာဘာချီ အသင်းဟာ အာဆင်နယ် အသင်း ရဲ့ ဘယ်နောက်ခံလူ ကိုလာစီနက် ကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူ ချင်နေပါတယ် ။ ဖီနာဘာချီ အသင်းဟာ အိုဇေးလ် တုန်းကလိုပဲ အာဆင်နယ် ဘက်က ကိုလာစီနက် ရဲ့ စာချုပ်ကို ဖျက်သိမ်းပေးဖို့ မျှော်လင့် နေတယ်လို့ သိရပါတယ် ။

၂ ။ ရီးရဲလ်မက်ဒရစ် အသင်း နည်းပြ အန်ဆယ်လော့တီ ဟာ တိုနီခရူးစ် ဒဏ်ရာကြောင့် အနားယူရမှာ ဖြစ်တာကြောင့် မာတင် အိုဒီဂတ် နဲ့ စီဘယ်လောစ့် တို့ကို အငှားချ/ရောင်းချမယ့် အစီအစဉ် ကို ပိတ်ပင် တားမြစ်လိုက်တယ်လို့ Deportes Cuatro က ဖော်ပြ လိုက်ပါတယ် ။

၃ ။ အာဆင်နယ် အသင်း စိတ်ဝင်စားနေတဲ့ အေဘရာဟမ် ကို စီရီးအေ ကလပ် အတ္တလန်တာ အသင်းကလည်း ခေါ်ဖို့ စိတ်ဝင်စား နေပြီး ယူရို သန်း ၄၀ ပေးချေဖို့ အသင့် ရှိနေတယ်လို့ သိရပါတယ် ။ ချဲလ်ဆီး အသင်းကလည်း ပြည်တွင်း ကလပ်တွေထက် စာရင် ပြည်ပ ကလပ် ကို ရောင်းချဖို့ ဆန္ဒ ရှိနေပါတယ် ။

၄ ။ ဂျာမနီ က ထွက်ပေါ် လာတဲ့ သတင်းတွေ အရ ဟာသာဘာလင် အသင်းဟာ အာဆင်နယ် အသင်း လူငယ် တောင်ပံ ကစားသမား နယ်လ်ဆင် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သိရှိ ရပါတယ် ။ နယ်လ်ဆင် ဟာ ဂျာမန် ကလပ် ဟော့ဖန်ဟိမ်း အသင်းမှာ တစ်ကြိမ် အငှား သွားရောက် ကစား ခဲ့ဖူးပါတယ် ။

၅ ။ အာဆင်နယ် အသင်းဟာ မက်ဒီဆင် အတွက် နယ်လ်ဆင် ၊ ဝီးလော့ ၊ နကီတီးယား ၊ မိတ်လန်နိုင်းလ်စ် တို့ လေးဦးထဲက တစ်ဦး နဲ့ ငွေသား အလိုက်ပေး ကမ်းလှမ်း ခဲ့ပေမယ့် လက်စတာ ဘက်က ငွေသားသီးသန့် ရဖို့က လွဲရင် စိတ်ဝင်စားခြင်း မရှိဘူးလို့ Football London က ဖော်ပြ လိုက်ပါတယ် ။

၆ ။ 90 Min Football ရဲ့ ဖော်ပြချက် အရ အာဆင်နယ် အသင်းဟာ ဝီးလော့ ကို ပေါင် ၂၅ သန်း + အပိုဆုကြေး နဲ့ နယူးကာဆယ် အသင်း ထံ ရောင်းချဖို့ သဘောတူညီလိုက်ပြီ လို့ သိရပါတယ် ။ ဝီးလော့ ဟာ ပြီးခဲ့တဲ့ ရာသီက နယူးကာဆယ် အသင်းမှာ အငှား သွားရောက် ကစားခဲ့ဖူးပြီး EPL တစ်လတာ အကောင်းဆုံး ကစားသမားဆုပါ ရရှိ ခဲ့ပါတယ် ။ ဝီးလော့ ကတော့ နယူးကာဆယ် အသင်းကို ပြောင်းဖို့ သင့်/မသင့်ကို စဉ်းစားနေဆဲ ဖြစ်ပါတယ် ။

၇ ။ အာဆင်နယ် အသင်းဟာ လာမယ့် အပတ်ထဲမှာ တတိယ ဝတ်စုံကို တရားဝင် မိတ်ဆက် ပြသဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။ အာဆင်နယ် အသင်းဟာ တတိယ ဝတ်စုံကို “zig-zag” ့ပုံစံ ပုံဖော် ထားတာ ဖြစ်ပါတယ် ။

၈ ။ အာဆင်နယ် အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီ ဟာ လာမယ့် ရာသီ လီဂူး ၁ ပွဲစဉ်တွေ အတွက် Amazon prime ရဲ့ pundit အဖြစ် လုပ်ကိုင် ဆောင်ရွက် သွားမယ်လို့ သိရပါတယ် ။

၉ ။ ဆီဒရစ် ကို ခေါ်ယူဖို့ ဖီနာဘာချီ အသင်းက စိတ်ဝင်စားနေတယ်လို့လည်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် နေပါတယ် ။ အာဆင်နယ် ဘက်ကတော့ ဆီဒရစ် အတွက် ကမ်းလှမ်းမှု တစ်စုံတစ်ရာ မရထားသေးပါဘူး ။ ကာယကံရှင်ကတော့ အာဆင်နယ် မှာ ပျော်နေပြီး ညာနောက်ခံလူ နေရာ အတွက် တိုက်ပွဲဝင်ဖို့ အာရုံ စိုက်နေပါတယ် ။

၁၀ ။ ဥရုဂွေး လက်ရွေးစင် လူးကပ်စ် တော်ရီးယား ဟာ လာမယ့် ရာသီ ဘယ်အသင်းမှာ ကစားရမလဲ ဆိုတာ သိရဖို့ စောင့်ဆိုင်း နေပါတယ် ။ တော်ရီးယား ဟာ အာဆင်နယ် အသင်း ကနေ အငှား ထပ်ထွက်ကစား ရဖို့ ရှိနေပါတယ် ။

၁၁ ။ Footy Headlines ရဲ့၂၀၂၁-၂၂ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ် အသင်း အိမ်ကွင်း ဝတ်စုံ အဆင့် သတ်မှတ်ချက်မှာ အာဆင်နယ် အသင်း အိမ်ကွင်း ဝတ်စုံဟာ နော်ဝှစ် ၊ အက်စတွန်ဗီလာ တို့နဲ့ အတူ A Tier list ထဲ ပါဝင် ခဲ့ပါတယ် ။

SM