ဘာစီလိုနာ အသင်းဟာ မနေ့ကပဲ ၎င်းတို့ရဲ့ စူပါစတား လီယွန်နယ် မက်ဆီနဲ့ စာချုပ်သစ် ချုပ်ဆိုတော့မှာ မဟုတ်ကြောင်း အံ့သြဖွယ် ကြေညာခဲ့ပါတယ် ။ ဒီမတိုင်ခင် တလျှောက် မက်ဆီ ဟာ ဘာစီလိုနာနဲ့ စာချုပ် ဆက်ချုပ်ဖို့ အဆင်ပြေနေတယ်လို့သာ ပရိသတ် အများအပြားက သိထားခဲ့ကြပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ကတ်တလန်မြေမှာ ၂၁နှစ်ကျော် ၊ ပွဲပေါင်း ၇၇၈ပွဲ ကစားပေးခဲ့ပြီး ၊ ၆၇၂ဂိုး အထိ သွင်းယူနိုင်ခဲ့တဲ့ မက်ဆီ ဟာ သူ့ရဲ့ လက်ကျန် ကစားသမား ဘဝ အတွက် ဘယ်ကလပ်မှာ ဆက်လက် အခြေချသွားလိုသလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ် ။

အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပေမယ့် ၊ မက်ဆီရဲ့ လစာ ပမာဏကို တတ်နိုင်တဲ့ ကလပ် အသင်း များများစားစား မရှိတာကို အပေါ်ယံ ကြည့်ရုံနဲ့ သိနိုင်မှာဖြစ်ပြီး ၊ ဒီအထဲမှာ ပီအက်စ်ဂျီ ၊ ယူဗင်တပ်နဲ့ ပရီးမီးယားလိဂ် အင်အားကြီး ကလပ် အနည်းငယ်သာ ပါဝင်နေပါတယ် ။

တဖက်မှာ မက်ဆီ ဟာ ဘာစီလိုနာရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုမှာ လစာ ပမာဏ နည်းတဲ့ အတွက်ကြောင့် မဟုတ်ပဲ ၊ အခြား အကြောင်းအရင်း တရပ်ကြောင့် ဖြစ်တယ်လို့ သိရပါတယ် ။ ဒါကတော့ ရော်နယ်ကိုးမန်း ဦးဆောင်တဲ့ ဘာစီလိုနာရဲ့ လက်ရှိ ကစားသမား အင်အား အပေါ် စိတ်မကျေနပ်တာကြောင့်ပဲ ဖြစ်ပါတယ် ။

ဘာစီလိုနာ ဟာ လက်ရှိ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ မန်စီးတီး ဝါရင့် တိုက်စစ်မှူးဟောင်း ဆာဂျီယို အဂွဲရိုးနဲ့ လိုင်ယွန် တိုက်စစ်မှူးဟောင်း မမ်းဖစ် ဒီပိုင်း တို့ကို အလွတ်နဲ့ အားဖြည့်ထားပေမယ့် ၊ ခံစစ် အတွက် ထူးခြားတဲ့ ဖြည့်တင်းမှုမျိုး မလုပ်နိုင်ခဲ့ပါဘူး ။

မက်ဆီ ဟာ ခံစစ် တနေရာ အတွက် အာဂျင်တီးနား လက်ရွေးစင် အသင်းဖော် တဦးဖြစ်တဲ့ ၊ အတ္တလန်တာ ခံစစ်မှူး ခရစ်တီယန် ရိုမဲရိုးကို ခေါ်ယူစေချင်ခဲ့ပေမယ့် ၊ ဘဏ္ဍာရေး ပြဿနာ ရှိနေတဲ့ ဘာစီလိုနာဖက်က မက်ဆီ လိုချင်တဲ့ နောက်ခံလူကို မခေါ်ပေးနိုင်ခဲ့ပါဘူး ။

နောက်ဆုံးရ သတင်းတွေ အရ ရိုမဲရိုး ဟာ တော့တင်ဟမ် အသင်းသို့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပြီ ဖြစ်တယ်လို့ သိရပါတယ် ။ မက်ဆီ ဘာကာက ဘာလို့ ပြောင်းချင်ခဲ့ရလဲ ဆိုတာနဲ့ ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌဟောင်း ဗင်းဆင့် ကယ်ဒါရွန် က အခုလိုပဲ အပြည့်အစုံ ရှင်းလင်းခဲ့ပါတယ် ။

Talksport နဲ့ တွေ့ဆုံခဲ့ရာမှာ ကယ်ဒါရွန် က ” ဒါဟာ လုံးဝ အံ့သြစရာပါ ။ ကျွန်တော်တို့က မက်ဆီ ဟာ ဘာစီလိုနာနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရထားပြီးပြီလို့သာ သိထားကြတာပါ ။ အခု သတင်းဟာ ဘာကာ အတွက် ဆိုးရွားပေမယ့် ၊ ပြိုင်ဖက် အသင်းတွေ အတွက်ကတော့ သတင်းကောင်းပါပဲ ။ ”

” လူတိုင်းက မက်ဆီဟာ အခုအချိန် အထိ ကမ္ဘာ့ အကောင်းဆုံး ကစားသမား တဦး ဖြစ်နေဆဲ ဆိုတာ သိထားကြပါတယ် ။ သူမရှိရင် ဘာစီလိုနာ ဟာ ဒီထက် ပိုပြီး အားနည်းလာမှာ ဖြစ်သလို ၊ ပြိုင်ဖက်တွေ အကြိုက် ဖြစ်လာနိုင်ပါတယ် ။ မက်ဆီ ဘာစီလိုနာက ထွက်ခွာချင်ခဲ့ရတာ ဘာကာရဲ့ ငွေကြေး ပြဿနာကြောင့် မဟုတ်ပါဘူး ။ ”

” မက်ဆီ ဟာ ကလပ် ဘုတ်အဖွဲ့ထံ နောက်ထပ် အားဖြည့်မှုအချို့ လုပ်ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပြီး ၊ အဓိကကတော့ အတ္တလန်တာ နောက်ခံလူ ရိုမဲရိုးကို ခေါ်စေချင်ခဲ့တာပါ ။ ဒီအချက်ဟာ မက်ဆီ ဘာကာက ထွက်ခွာချင်ရခြင်းရဲ့ အဓိက အကြောင်းအရင်း ဖြစ်ပုံရပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။