ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက လန်ဒန်ဒါဘီ ပြိုင်ဖက် တော့တင်ဟမ် အသင်းနဲ့ Mind Series ရန်ပုံငွေ ခြေစမ်းပွဲ ကစားခဲ့ရာ ၊ တဖက် ၂ဂိုးစီ သရေ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ် ။ ဒါဟာ ရာသီသစ် မစတင်မီ ချဲလ်ဆီး အသင်းရဲ့ နောက်ဆုံး ခြေစမ်းပွဲဖြစ်ပြီး ၊ လာမယ့် ဗုဒ္ဓဟူးနေ့ညမှာ ဗီလာရီးရဲလ် အသင်းနဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲ နွှဲရမှာ ဖြစ်ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

တော့တင်ဟမ်နဲ့ ပွဲမှာ ချဲလ်ဆီး အတွက် ဂိုးတွေကို မော်ရိုကို လက်ရွေးစင် တောင်ပံ ကစားသမား ဇီယက်ချ် တဦးတည်းက သွင်းယူပေးခဲ့ပြီး ၊ ဒုတိယပိုင်းမှာ အရန်တွေ ၊ လူငယ် ကစားသမားတွေနဲ့ လူစားမလဲခင် အထိ ချဲလ်ဆီး ဟာ ပွဲကို တဖက်သတ် ဖိကစားနိုင်ခဲ့ပါတယ် ။

ပထမပိုင်းမှာ နည်းပြ သောမတ်စ် တူချယ် ပွဲထုတ်ခဲ့တဲ့ ပိုမိုတောင့်တင်းတဲ့ ကစားသမား စာရင်းမှာ ပြီးခဲ့တဲ့ ရာသီက ပြင်သစ် လီဂူးဝမ်း ကလပ် လိုရီးယန့် အသင်းသို့ အငှားထွက်ခဲ့တဲ့ အကယ်ဒမီထွက် လူငယ် ခံစစ်မှူး ထရက်ဗာ ချာလိုဘာ ပါဝင်ခဲ့ပါတယ် ။

ချာလိုဘာ ဟာ ပထမပိုင်း တပိုင်းလုံး အတွင်း ခံစစ်မှူး အနေနဲ့ ကစားခဲ့ပြီး ၊ စီနီယာ ၂ဦး ဖြစ်တဲ့ အန်တိုနီယို ရူဒီဂါ ၊ ကတ်ဇူးမားတို့နဲ့ အတူ တွဲဖက်ကာ တော့တင်ဟမ် တိုက်စစ်ကို ဟန့်တားနိုင်ခဲ့ပါတယ် ။ ဒုတိယပိုင်းမှာ တူချယ် ဟာ လူစားလဲမှု ၁၀ဦး အထိ ပြုလုပ်ခဲ့တာကြောင့် အသင်းရဲ့ ဟန်ချက် ပျက်သလို ဖြစ်သွားခဲ့ပါတယ် ။

ဒီ လူစားလဲမှုတွေကနေ ချဲလ်ဆီး အသင်း အဖို့ ဘယ်သူတွေကို ချန်ထားပြီး ၊ ဘယ်သူတွေကို ထုတ်ရောင်းရမလဲ ဆိုတာ ကွင်းကွင်းကွက်ကွက် မြင်တွေ့ခဲ့ရမှာ ဖြစ်ပါတယ် ။ လူစားဝင်သမား တွေထဲက ခြေစွမ်း အသင့်အတင့် ပြသနိုင်ခဲ့သူ တချို့ရှိခဲ့ပြီး ၊ အဲဒီထဲမှာ အကယ်ဒမီထွက် ဆယ်ကျော်သက် တောင်ပံ ကစားသမား ဖော်စတီနို အန်ဂျိုရင်လည်း တဦး အပါအဝင် ဖြစ်ပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ တူချယ် က ယင်း အကယ်ဒမီ ကြယ်ပွင့် ၂ဦးနဲ့ ပတ်သက်ပြီး ” ကျွန်တော်တို့ဟာ ချာလို ကို လိုရီးယန့်မှာ စောင့်ကြည့်ခဲ့ကြပြီး ၊ အခု ရာသီကြို ပြင်ဆင်မှုမှာ သူ ကောင်းကောင်း စွမ်းဆောင်ပြထားပါတယ် ။ ခရစ် ၊ အက်ဇ်ပီနဲ့ သီယာဂို တို့ဟာ မကြာသေးခင်ကမှ ကျွန်တော်တို့နဲ့ လာရောက် ပူးပေါင်းထားတာပါ ။ ”

” ဒီတော့ ဇူးမား ၊ တိုနီ တို့နဲ့ တွဲကစားဖို့ ခံစစ်မှူး တနေရာ လွတ်နေခဲ့ပါတယ် ။ ၃ယောက်တန်း ခံစစ် ကစားပုံကိုလည်း ဆက်သုံးချင်ခဲ့လို့ ၊ ချာလိုကို ကျွန်တော်တို့ ဒီနေ့ပွဲမှာ ပွဲထုတ်ခဲ့ပါတယ် ။ နောက်ပိုင်းမှာတော့ သူ့ အနေနဲ့ နေရာရချင်ရင် ၊ အပေါ်က စီနီယာတွေနဲ့ ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်ရမှာပါ ။ ”

” နောက်ဆုံး ၂ပွဲလုံးမှာ ချာလိုရဲ့ ကစားပုံ ကောင်းခဲ့ပြီး ၊ တိုးတက်မှု အလားအလာကောင်းတွေ အောက်မှာ အခုလို ခြေစမ်းပွဲတွေ ကစားရတဲ့ သူ့ကို မြင်ရတဲ့အတွက် ကျွန်တော် ပျော်ပါတယ် ။ ဒီနေ့ပွဲမှာ သူ ခြေစွမ်းပြခဲ့ပါတယ် ။ ခင်ဗျားတို့ ပြောတာကို ကျွန်တော် သဘောတူပါတယ် ။ ”

” တီနိုကို အခုအချိန်မှ စသုံးရတာ တကယ် ဝမ်းနည်းရပါတယ် ။ သူဟာ ကျွန်တော်တို့နဲ့ အတူ လေ့ကျင့်မှုတွေ တောက်လျှောက် လုပ်လာတာ တနှစ်လောက် ရှိပါပြီ ။ နောက်ပြီး ပြီးခဲ့တဲ့ ရာသီက ကျွန်တော်တို့ဟာ ထိပ်ဆုံး ၄နေရာ အတွက် အကြိတ်အနယ် ကြိုးစားခဲ့ရသလို ၊ ၃ရက်ခြား တပွဲလောက် ကစားခဲ့ရတာကြောင့် ၊ သူလို လူငယ် ကြယ်ပွင့်တွေကို မိနစ် နည်းနည်းပါးပါး မိတ်ဆက် အသုံးပြုပေးဖို့ အဆင်မပြေခဲ့ပါဘူး ။ ”

” ဒါပေမယ့် တီနို ဟာ သူ့ရဲ့ အရည်အချင်းကို လေ့ကျင့်ရေး အစီအစဉ်မှာ အမြဲတမ်း ပြသလေ့ရှိပါတယ် ။ ရာသီကုန်တော့ နောက်တရာသီ အတွက် ကြိုတင်ပြင်ဆင်မှုမှာ သူ့ကို အသုံးပြုဖို့ ကျွန်တော်တို့ သဘောတူခဲ့ပါတယ် ။ သူဟာ အခုလို စီနီယာ အသင်းမှာ မိနစ် နည်းနည်းပါးပါး ကစားခွင့် ရဖို့ ထိုက်တန်မှု ရှိပါတယ် ။ ”

” အစောပိုင်း ခြေစမ်းပွဲတွေမှာ ကံဆိုးစွာနဲ့ တီနို ဟာ ကိုဗစ် ပေါ့စတစ် ဖြစ်ခဲ့ပြီး ၊ ၁၀ရက် ၊ ၁၂ရက်လောက် နားခဲ့ရပါတယ် ။ ဒီနေ့မှာ သူဟာ ပထမဆုံး အကြိမ် ကွင်းတွင်း ပြန်အခြေချခွင့် ရခဲ့ပြီး ၊ လူစားဝင်ခွင့် မိနစ် ၃၀နဲ့ အတူ စတင်နိုင်ခဲ့တာက သူ့အတွက် အများကြီး အဓိပ္ပာယ် ရှိစေပါတယ် ။ ”

” အရှေ့မှာ သူဟာ ကံဆိုးစွာနဲ့ ကိုဗစ်ကူးခံခဲ့ရတာ ဖြစ်ပေမယ့် ၊ ဒီအတွက် သူ့မှာ ဘာအပြစ်မှ မရှိပါဘူး ။ အရိုးသားဆုံး ပြောရရင် ဒီနေ့ပွဲက သူ့ရဲ့ ခြေစွမ်း အပေါ် အကောင်းအဆိုး ဆုံးဖြတ်မှု ကျွန်တော် မပေးချင်ပါဘူး ။ ဒီနေ့ပွဲမှာ ကျွန်တော် သူ့ဆီကနေ မြင်ခဲ့ရတာက အလားအလာကောင်း ရှိတဲ့ ၅မိနစ် ၊ ၁၀မိနစ်စာ ခြေစွမ်းပဲ ဖြစ်ပါတယ် ။ ”

” တီနို ဟာ လေ့ကျင့်ရေး အစီအစဉ်တွေမှာ အမြဲတမ်း တောင့်တင်းတဲ့ ၊ ယုံကြည်မှုရှိတဲ့ ၊ ဖန်တီးမှု အမြင်ရှိတဲ့ ပုံစံကိုသာ ပြတတ်ပြီး ၊ ဂိုးတွေ အများကြီး သွင်းယူပေးသလို ၊ ဖန်တီးမှုတွေလည်း အများကြီး လုပ်ပြခဲ့ပါတယ် ။ ကျွန်တော့ဖက်က တောင့်တခဲ့တာက သူ့ကို ဒီနေ့ပွဲ မတိုင်မီ ပီတာဘရော့ ၊ ဘုန်းမောက် ၊ အာဆင်နယ်နဲ့ ပွဲတွေမှာကတည်းက မြင်တွေ့ချင်ခဲ့တာပါ ။ ”

” ဒါမှ သူဟာ ဘယ်လို ကစားသမားမျိုးလဲ ဆိုတာ ကျွန်တော်တို့ဖက်က ခိုင်မာတဲ့ ကြေညာမှုမျိုး လုပ်ပေးနိုင်မှာ ဖြစ်ပါတယ် ။ မကြာခင်မှာ ရာသီသစ် စတင်တော့မှာ ဖြစ်ပါတယ် ။ ဒီတော့ သူဟာ ဒီအတွက် တာဝန်ယူစရာ တခုမှ မလိုပဲနဲ့ ၊ ပွဲအတွေ့အကြုံ အနည်းငယ်ကို ဒီနေ့ပွဲမှာ ရယူနိုင်ခဲ့ပါပြီ ။ ”

” အခြေအနေ က သူ့အတွက် မပြောင်းလဲသေးဘူးလို့ပဲ ယူဆရဦးမှာပါ ။ အရေးကြီးဆုံး အရာ က ကြံ့ခိုင်မှု ပြည့်နေဖို့ပါပဲ ။ သူ့ကို ကြည့်ရတာ ပြင်းပြင်းထန်ထန် ကစားဟန်နဲ့ သိပ်ပြီး အသားမကျသေးတဲ့ပုံပါ ။ ကိုဗစ်ကြောင့်လည်း သူ အနည်းငယ် ရုန်းကန်နေရတာကြောင့် ၊ ကျွန်တော်တို့ သူ့ကို အရမ်း ဂရုစိုက်ပေးဖို့ လိုပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။