လက်ရှိ အချိန် မှာတော့ PSG နဲ့ ဘရာဇီး လက်ရွေးစင် အသင်း တို့ရဲ့ စူပါ စတား ဖြစ်သူ နေမာ ဟာ စပိန် မြေကို ပြန်လာ ဖို့ အတွက် သတင်း တွေ ဆက်တိုက် ကြီးနေ ခဲ့ ပေမယ့် လာလီဂါ ဥက္ကဋ္ဌ တိဗတ်စ် ကတော့ သူဟာ အသင်းဖော် ဟောင်း မက်ဆီ လောက် အရေးပါ တဲ့သူ မဟုတ် ကြောင်း ပြောကြား သွားခဲ့ ပါတယ် ။

ဒါ့အပြင် ဘရာဇီး သားကို စပိန် မြေမှာ ပြန်လည် မြင်တွေ့ လို ပေမယ့် လာလီဂါ အတွက် နေမာ ရော စီ ရော်နယ်ဒို ကပါ ဘာစီလိုနာ စတား မက်ဆီ လောက် အရေးပါ ကြတဲ့ ကစားသမား တွေ မဟုတ် ကြောင်း တိဗတ်စ် က မှတ်ချက် ပေး စကား ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

လက်ရှိ အချိန် မှာတော့ နေမာ ကို ခေါ်ယူ နိုင်ဖို့ အတွက် စပိန် ထိပ်သီး ဘာစီလိုနာ ရော ရီးယဲ မက်ဒရစ် အသင်း ကပါ အထူး ကြိုးစား အားထုတ် နေကြ ပြီး ကတ်တလန် အခြေစိုက် ကလပ် ကတော့ အသင်း ရဲ့ ထွက်ငွေ တွေကို လျော့ချ ဖို့ ကွင်းလယ်လူ ကော်တင်ဟို ကိုပါ ဘိုင်ယန် ဆီ အငှား ချထား ခဲ့ ပါတယ် ။

လက်ရှိ အချိန် မှာတော့ PSG နည်းပြ သောမက်စ် တူချယ် နဲ့ အသင်း ပိုင်ရှင် အယ်လ် ခလိုက်ဖီ တို့က နေမာ ရဲ့ အနာဂတ် နဲ့ ပတ်သက် လို့ ဘယ်လို ဆုံးဖြတ်ချက် မှ မချကြ သေးဘူး လို့ သိရှိ နေ ရပြီး ကောလဟာလ သတင်း တွေ ကတော့ ထွက်မြဲ ထွက်နေ ဆဲ ပါပဲ ။

” ဟုတ်ပါတယ် ၊ နေမာ စပိန် မြေဆီ ပြန်လာ တာကို ကျွန်တော် နှစ်သက် ပါတယ် ။ သူ့ရဲ့ အရည်အသွေး တွေ အရ ဆိုရင် သူဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား သုံးဦး ထဲက တစ်ဦး ပါပဲ ။ သူ ပြန်လာ ခြင်းက လာလီဂါ အတွက် တစ်ကယ် ပဲ ကောင်းမွန် ပါ လိမ့်မယ် ။ ဒါပေမယ့် အဲ့တာ က လာလီဂါ အတွက် ထူးခြား လှတဲ့ အဓိပ္ပါယ် တစ်ခု ဆောင် သွားမှာ မဟုတ် ပါဘူး ”

” ကျွန်တော် တို့ အတွက် အဓိပ္ပါယ် ရှိတဲ့ သတ်မှတ်ချက် က ဒီမှာ တစ်နှစ် ကို ဆယ်လ ဘောလုံး ကစား ကြပြီး အသင်း 20 ဟာ အကြိတ်အနယ် ယှဉ်ပြိုင် ကြတာ ပါပဲ ။ သူတို့ တွေဟာ အသင်း ကို ချစ်တဲ့ စိတ် အပြည့် နဲ့ ကစား ပေးကြ သလို စပိန် ပရိသတ် နဲ့ ကမ္ဘာ့ အနှံ့က ဘောလုံး ပရိသတ် တွေကို ပျော်ရွှင် မှုတွေ ပေးကြ ပါတယ် ”

” နေမာ လို ကစားသမား တစ်ဦး က ခင်ဗျား တို့ ရဲ့ ဘောလုံး အား ကစား ဆီကို ပရိသတ် တွေ များစွာ သယ်ဆောင် လာ နိုင်တဲ့ ကစားသမား တစ်ဦး ပါပဲ ။ ဒါပေမယ့် သူဟာ ဒီ နေရာ အတွက် မရှိ မဖြစ် လိုအပ် တဲ့ ကစားသမား တစ်ဦး မဟုတ် ပါဘူး ၊ စီ ရော်နယ်ဒို လည်း အတူတူ ပါပဲ ”

” အခြား တစ်ဖက် မှာတော့ ကျွန်တော် တို့တွေ အတွက် မရှိ မဖြစ် လိုအပ် တဲ့ သူက လီယွန်နယ် မက်ဆီ ပါပဲ ။ ဘာဖြစ် လို့လဲ ဆိုတော့ သူဟာ လာလီဂါ ရဲ့ အမွေအနှစ် ကစားသမား တစ်ဦး ဖြစ်နေ လို့ ပါပဲ ” လို့ လာလီဂါ ဥက္ကဌ တိဗတ်စ် က ကစား သမား ဘဝ ကို စပိန် မြေမှာ မြုပ်နှံ ထားတဲ့ မက်ဆီ သာ အရေး အကြီးဆုံး ဖြစ်ကြောင်း ပြောကြား သွားခဲ့ ပါတယ် ။

လက်ရှိ အချိန် မှာတော့ စပိန် ထိပ်သီး ကလပ်တွေ ဖြစ်ကြ တဲ့ ဘာစီလိုနာ ရော ရီးယဲ မက်ဒရစ် အသင်း ကပါ နေမာ ကို ခေါ်ယူ ဖို့ ကြိုးစား ပါက ပထမဆုံး ရင်ဆိုင် ကြုံတွေ့ ရမယ့် ပြသနာ က ဘဏ္ဍာရေး စည်းမျဉ်း ( FFP ) အခက်အခဲ ပါပဲ ။

ဘာစီလိုနာ အသင်း ဟာ ဒီနွေ မှာ ဖရန်ကီ ဒီဂျောင် နဲ့ အန်တွိုင်းနီ ဂရစ်ဇ်မန်း တို့ကို ငွေကြေး များစွာ ပေးချေ ပြီး ခေါ်ယူ ထား ခဲ့ သလို ရီးယဲ မက်ဒရစ် အသင်း ဟာလည်း ဟာဇက် ၊ ဂျိုဗစ် ၊ မန်ဒီ ၊ မီလီတာအို နဲ့ ရိုဒရီဂို တို့ အတွက် ပြောင်းရွှေ့ ကြေးတွေ များစွာ အသုံး ပြုထား ခဲ့ ပါတယ် ။

ဒါပေမယ့် လာလီဂါ ဥက္ကဋ္ဌ တိဗတ်စ် ကတော့ သူတို့ နှစ်သင်းလုံး ဟာ နေမာ ကို ခေါ်ယူ နိုင်ဖို့ အတွက် တက်စွမ်း နိုင်ကြ သေးတဲ့ အသင်း တွေ အဖြစ် ရှိနေ ကြဆဲ လို့ပဲ မှတ်ယူ နေဆဲ ပဲလို့ သုံးသပ် သွားခဲ့ ပါတယ် ။

” အကယ်လို့ သူတို့ တွေဟာ နေမာ ကို စိတ်ဝင်စား နေကြတယ် ဆိုရင် ဒါက သူတို့ ခေါ်ဖို့ တက်နိုင် သေးလို့ ပါပဲ ။ ဒါပေမယ့် ကျွန်တော် ဒီ အကြောင်း ကို ယတိပြတ် မပြောနိုင် သေး ပါဘူး ။ ကျွန်တော် တို့ ထည့်တွက် ရမယ့် အချက်တွေ အများကြီး ရှိနေ ပါ သေးတယ် ။ လက်ရှိ အချိန် မှာတော့ အဲ့တာ နဲ့ ပတ်သက်လို့ ကျွန်တော် လည်း မသိသေး ပါဘူး ” လို့ တိဗတ်စ် က အဆုံးသတ် ပြောကြား သွားခဲ့ ပါတယ် ။

#Sports_Myanmar