ပက်ဂွာဒီယိုလာက မန်ချက်စတာစီးတီးဟာ ဒီနွေရာသီမှာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားမှု ရှိတယ်လို့ အတည်ပြု သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပက်က အကယ်၍ တော့တင်ဟမ် ဘက်က ဆွေးနွေးညှိနှိုင်းမှု မပြုလုပ်ချင်ဘူး ဆိုရင်တော့ ဒီကိစ္စ ပြီးသွားပြီလို့ ဆိုလိုက်ပါတယ်။ ကိန်းဟာ ဒီနွေရာသီမှာ စီးတီး ကနေ ထွက်ခွာချင်နေပြီး အင်္ဂလန် အသင်းခေါင်းဆောင်ဟာ ဒီတစ်ပတ် လေ့ကျင့်ရေး အစီအစဉ် အတွက် ကလပ်ကို report မလုပ်ခဲ့ပါဘူး။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

စီးတီးဟာ မနေ့က ကိန်းရဲ့ အင်္ဂလန် လက်ရွေးစင် အသင်းဖော် ဖြစ်သူ ဂျက်ဂရီလစ်ချ်ကို အက်စတွန်ဗီလာ ကနေ ပေါင်သန်း ၁၀၀ နဲ့ ခေါ်ယူနိုင်ခဲ့ပြီးနောက် လက်ရှိမှာ အင်္ဂလန် အသင်းခေါင်းဆောင်ကို ခေါ်ယူဖို့ အတွက် အားထုတ်လျက် ရှိနေပါတယ်။

ပက်က “သူဟာ တော့တင်ဟမ်ဟော့စပါး ရဲ့ ကစားသမား တစ်ဦးပါ။ အကယ်၍ တော့တင်ဟမ် ဘက်က ဆွေးနွေးညှိနှိုင်းမှု မပြုလုပ်ချင်ဘူးဆိုရင် ဒီအပြောင်းအရွေ့ ပုံပြင် ပြီးဆုံးသွားမှာပါ။ အကယ်၍ သူတို့ဘက် ဆွေးနွေးညှိနှိုုင်းဖို့ အတွက် လမ်းဖွင့်ပေးမယ် ဆိုရင် မန်စီးတီးတင် မကပါဘူး။ ကမ္ဘာပေါ်မှာ ရှိတဲ့ ကလပ်အသင်း တော်တော်များများက သူ့ကို ခေါ်ယူချင်ကြမှာပါ။ ကျွန်တော်တို့ တစ်သင်းပဲ ရှိနေတာ မဟုတ်ပါဘူး။

ဒါပေမယ့် ဒီကိစ္စဟာ တော့တင်ဟမ် အပေါ်မှာ မူတည်နေပါတယ်။ ဒါဟာ ဂျက်ရဲ့ အပြောင်းအရွေ့နဲ့ ခြားနားပါတယ်။ ဂျက်ဟာ ဗီလာနဲ့ စာချုပ်ဖျက်သိမ်းကြေး ရှိနေပါတယ်။ ဟယ်ရီကိန်းဟာ တကယ့်ကို ထူးချွန်တဲ့ တိုက်စစ်မှုး တစ်ဦးပါ။ ဒီကိစ္စနဲ့ ပက်သက်ပြီး ဘာမှ သံသယ ဖြစ်စရာ မရှိပါဘူး။ အမှန်ပါပဲ။ ကျွန်တော်တို့ဟာ သူ့ကို ခေါ်ယူဖို့ အတွက် အရမ်းကို စိတ်ဝင်စားနေပါတယ်။

ဒါပေမယ့် သူဟာ အခုချိန်မှာ တော့တင်ဟမ် ကစားသမား တစ်ဦးပါ။ အကယ်၍ သူတို့ ဘက်က ကိန်းနဲ့ ပက်သက်ပြီး ဆွေးနွေးညှိနှိုင်းမှု မလုပ်ချင်ဘူးဆိုရင် ကျွန်တော့်ဘက်က ဒီထက်ပိုပြီး ပြောစရာ မရှိပါဘူး။ အကယ်၍ သူတို့ဘက်က ဆွေးနွေးညှိနှိုင်းချင်တယ် ဆိုရင် ကျွန်တော်တို့ သူ့ကို ခေါ်ယူဖို့ အတွက် ကြိုးစားသွားမှာပါ။” လို့ ဆိုလိုက်ပါတယ်။

ကိန်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲ အပြီး ၃ ပတ်ကြာ အနားယူခဲ့ပြီးနောက် ပြီးခဲ့တဲ့ တနင်္လာနေ့က ကြံ့ခိုင်မှု နဲ့ ကိုဗစ် test ပြုလုပ်ရန် Hotspur Way ကို လာရောက်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိန်းဟာ စပါးတို့ သူ့ကို ဆက်ထိန်းဖို့ ခက်ခဲစေရန် အတွက် လေ့ကျင့်ရေးကွင်းကို ရောက်မလာရန် ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

လက်ရှိမှာတော့ ကိန်းရဲ့ ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ၎င်းရဲ့ ဖခင် ၊ အကို ဖြစ်သူတို့ဟာ မန်စီးတီးကို ပြောင်းရွေ့မယ့် ကိစ္စ ဖြစ်ပေါ်လာဖို့ အတွက် ဥက္ကဋ္ဌ ဒန်နီရယ်လီဗီကို စည်းရုံးဖို့ ကြိုးပမ်းလျက် ရှိနေပါတယ်။ ကိန်းဟာ လွန်ခဲ့တဲ့ ၁ နှစ် ကတည်းက စီးတီးကို ပြောင်းရွေ့ချင်နေတာ ဖြစ်ပေမယ့် စပါးနဲ့ ချုပ်ဆိုထားတဲ့ ၆ နှစ်စာချုပ်ကြောင့် ကလပ်ဘက်ကတော့ ၎င်းကို မရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

The Athletic ရဲ့ဖော်ပြချက် အရ လေ့ကျင့်ရေးကွင်းကို ကိန်း ရောက်မလာခြင်းဟာ လီဗီရဲ့ ‘gentleman’s agreement’ ဖောက်ဖျက်မှုနဲ့ ၎င်းကို ရောင်းချဖို့ အတွက် တင်းခံထားမှုတွေကြောင့်လို့ သိရပါတယ်။