ချဲဆီး နဲ့ အင်တာ မီလန် တာဝန်ရှိသူတွေ ဟာ မနေ့ကပဲ လူကာကူ ရဲ့ အပြောင်းအရွှေ့ ကိစ္စ အတွက် တေ့တေ့ဆိုင်ဆိုင် စတင် ဆွေးနွေးခဲ့ကြပြီ ဖြစ်ပြီး ၊ လန်ဒန် ကလပ်ဘက်က အလျှင်အမြန် အဆုံးသတ်နိုင်ဖို့ မျှော်လင့်လျှက် ရှိနေပါတယ်။

ချဲဆီး က အပြောင်းအရွှေ့ အစိတ်အပိုင်း အဖြစ် ကစားသမား တချို့ ကို အလိုက်ပေးကာ ထည့်သွင်း ကမ်းလှမ်းခဲ့သည့်တိုင်အောင် အင်တာ မီလန် ဘက်ကလဲ ငွေသားချည်းပဲ သီးသန့် လိုချင်တဲ့ အကြောင်း ပြောဆိုလာပါတယ်။ ဒါကြောင့် နှစ်ဖက် တာဝန်ရှိသူတွေဟာ အားလုံး က လက်ခံနိုင်မယ့် နည်းလမ်း တခု ရှာဖွေကာ အဖြေထုတ်နိုင်ဖို့ ကြိုးစားလျှက် ရှိနေပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

သတင်းထောက်တွေ အကြားမှာတော့ အပြောင်းအရွှေ့ ကိစ္စ ဆွေးနွေးမှုဟာ ဘယ်လောက်အထိ ကြာမြင့်သွားနိုင်လဲ ဆိုတာ အတိကျ ပြောဆိုနိုင်ခြင်း မရှိပေမယ့် ၊ ဒီရက်ပိုင်း အတွင်းမှာပဲ အပြီးသတ် သဘောတူညီမှု ရယူသွားနိုင်တယ် လို့ ခန့်မှန်းနေကြသလို ၊ အင်တာ မီလန် က ပြောင်းရွှေ့ကြေးကို ပေါင် သန်း 100 ဝန်းကျင် သတ်မှတ်ထားတယ် လို့ သိရပါတယ်။

လူကာကူ ဟာ မနေ့ကပဲ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေ ကို ပြန်လည်ပူးပေါင်းခဲ့ ပါတယ်။ သို့သော် နည်းပြ အင်ဇာဂီ က သူ့ အနေနဲ့ လူကာကူ ကို ဆက်ပြီး အသုံးပြုရမှာလား ၊ မရတော့ဘူးလား ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ရှင်းရှင်းလင်းလင်း သိချင်လျှက် ရှိနေပါတယ်။

အင်တာ မီလန် ဘက်က လူကာကူ ကို ရောင်းချဖို့ သဘောတူ လိုက်ပါက ၊ အင်ဇာဂီ ဟာ အတ္တလန္တာ တိုက်စစ်မှုး ကို ဇာပါတာ ကို အမြန်ဆုံး ခေါ်ယူကာ ၊ သြဂုတ်လ 21 ရက်နေ့မှာ ကစားမယ့် စီးရီးအေ အဖွင့်ပွဲစဉ် မတိုင်မီ ကြိုတင် လေ့ကျင့်ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ ဆန္ဒရှိနေပါတယ်။

ချဲဆီး ကတော့ ရှေ့တပတ်ထဲမှာ ဥရောပ စူပါ ဖလား ပွဲစဉ် ကစားဖို့ ရှိနေပြီး ၊ လူကာကူ ဟာ အဲဒီပွဲ မတိုင်ခင် စတမ်းဖို့ဒ် ဘရစ်ချ် ကို ပြန်လည် ရောက်ရှိလာခဲ့မယ် ဆိုပါက ၊ 2013 ခုနှစ် သူ ထွက်ခွာသွားခဲ့စဉ်က အချိန်မျိုး နဲ့ တိုက်ဆိုင်လုနီးပါး ဖြစ်သွားပါလိမ့်မယ်။

သူဟာ ချဲဆီး အတွက် နောက်ဆုံး ပွဲစဉ်ကို စူပါဖလား ပွဲစဉ်မှာပဲ ကိုယ်စားပြု ပါဝင် ကစားပေးခဲ့တာ ဖြစ်ပါတယ်။

လူကာကူ သာ ရောက်ရှိလာခဲ့မယ် ဆိုရင် ၊ လူငယ် တိုက်စစ်မှုးလေး အဗရာဟမ် နဲ့ ချဲဆီး တို့အကြားက ကတီပါ လမ်းခွဲ ကလဲ ပိုပြီး နီးစပ်လာဖွယ် ရှိနေပါတယ်။ လက်ရှိ အချိန်ထိတော့ ချဲဆီး ဘက်က ငယ်မွေးခြံပေါက် ကစားသမားလေး အပေါ် အနာဂတ် နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်ဖို့ ဖိအားပေးထားခြင်း မရှိသေးပါဘူ။

အတ္တလန္တာ အသင်းကလဲ သူတို့ တိုက်စစ်မှုး ဇာပါတာ ကိုသာ ဆုံးရှုံးရမယ် ဆိုပါက အဲဒီနေရာ ကို အစားထိုးဖို့ အတွက် အဗရာဟမ် ကို အသင့်တော်ဆုံး ကစားသမား အဖြစ် ရှုမြင်ထားပါတယ်။

နောက်ထပ် ဖြစ်နိုင်ချေ ရှိတဲ့ အချက်က လူကာကူ ရဲ့ အပြောင်းအရွှေ့ အစိတ်အပိုင်းအဖြစ် ထည့်သွင်းလိုက်တာမျိုးလဲ ဖြစ်နိုင်ချေ ရှိနေပါတယ်။ ချဲဆီး တာဝန်ရှိသူတွေ ကတော့ ကစားသမား အပေါ် တစုံတရာ ဖိအားပေးမှာ မဟုတ်ပဲ ၊ သူ့ ဆန္ဒရှိတဲ့ ကလပ်မျိုးပဲ ပြောင်းရွှေ့ကစားခွင့် ပေးနိုင်ဖို့ ပြင်ဆင်ထားတာပါ။

အစောပိုင်းမှာ အဗရာဟမ် ကို ခေါ်ယူဖို့ အတွက် အာဆင်နယ် အသင်းက စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ အဗရာဟမ် ဟာ အာဆင်နယ် ပရိသတ် ကစားသမား ဖြစ်တာကြောင့် ၊ အဲဒီ အပြောင်းအရွှေ့သာ ပေါ်ပေါက်လာမယ် ဆိုရင် နှစ်ဖက်စလုံး အကျိုးရှိသွားနိုင်ပေမယ့် ၊ လက်ရှိ အာဆင်နယ် ရဲ့ အနေအထားက ကစားသမား တချို့ ကို အရင်ဆုံး ရောင်းထုတ်ပြီးမှသာ ခေါ်ယူဖို့ လုံလောက်တဲ့ ငွေအင်အားမျိုး ရှိလာမှာ ဖြစ်ပါတယ်။

အတ္တလန္တာ ဘက်ကလဲ ခရစ္စတီယန် ရိုမဲရိုး ကို စပါး အသင်းဆီ ရောင်းချထားသလို ၊ ဇာပါတာ ကိုပါ အင်တာ မီလန်ဆီ ဆက်လက် ရောင်းချရဦးမယ် ဆိုပါက ၊ အဲဒီ ကနေ ပြန်လည် ရရှိလာတဲ့ ဝင်ငွေတွေက အဗရာဟမ် ကို ခေါ်ယူဖို့ လုံလောက်တဲ့ အနေအထား တခု ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ချဲဆီး ဘက်ကတော့ လူကာကူ ရဲ့ အပြောင်းအရွှေ့ မှာ သုံးဖို့ ငွေလိုတဲ့ အတွက် ၊ အဗရာဟမ် ကို အငှားချတာမျိုးထက် ၊ အပြီးသတ် ရောင်းချလိုက်တာမျိုးပဲ လုပ်ဆောင်ဖို့ ဆန္ဒရှိနေပါတယ်။ သောမတ် တူချယ် ရဲ့ လက်ထက်မှာ ပွဲထွက် ကစားခွင့် နေရာ ပျောက်ဆုံးခဲ့သည့်တိုင်အောင် ၊ ပြီးခဲ့တဲ့ နှစ်ရာသီ ဆက်တိုက် ချဲဆီး အတွက် သွင်းဂိုး အများဆုံး ကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

လက်ရှိ စာချုပ် သက်တမ်းက 2 နှစ်ပဲ ကျန်တော့သာ ဖြစ်ပြီး ၊ လက်ရှိ အပြောင်းအရွှေ့မှာ ရောင်းထုတ်မှသာ ဈေးကောင်းကောင်း ရနိုင်မယ် ဆိုတဲ့ အချက်ကို နားလည်ထားတဲ့ အတွက် ၊ အဗရာဟမ် ကို အရောင်းစာရင်း တင်ထားတာ ဖြစ်ပါတယ်။

ကာယကံရှင် ကစားသမား အနေနဲ့လဲ ပွဲထွက် ကစားသမားနေရာကို ရယူနိုင်တဲ့ စွမ်းဆောင်ရည် အဆင့်မျိုးအထိ ပိုင်ဆိုင်နေပြီ ဖြစ်တာကြောင့် ၊ ချဲဆီး မှာ အရန်ခုံထိုင်ရင်း အချိန်ဖြုန်းနေတာထက် သူ့ ရဲ့ ခြေစွမ်းတွေကို ပိုပြီး တန်ဖိုးထားပေးမယ့် ကလပ်ဆီ ပြောင်းရွှေ့လိုက်တာ က အသင့်တော်ဆုံး ဖြစ်လို့ နေပါတယ်။