တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှုး ဟယ်ရီကိန်းဟာ ယနေ့မှာ ကလပ်ကို ပြန်လာတော့မှာ ဖြစ်ပြီး သူဟာ လေ့ကျင့်ခန်းဆင်းဖို့ ငြင်းဆန်ခဲ့ခြင်း မရှိဘူးလို့ အခိုင်အမာ ပြောလိုက်ပါတယ်။ အသက် ၂၈ နှစ် အရွယ် ကိန်းဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ မနက်က ကြံ့ခိုင်မှု နဲ့ ကိုဗစ် test စစ်ဆေးဖို့ အတွက် တော့တင်ဟမ်ရဲ့ training ground ကို ရောက်လာခဲ့ခြင်း မရှိခဲ့ပါဘူး။

အင်္ဂလန် အသင်းခေါင်းဆောင်ဟာ ဘဟားမားမှာ holiday ဆက်လုပ်နေခဲ့ပြီး အဲဒီနောက် ဖလော်ရီဒါကို ဆက်လက် ထွက်ခွာခဲ့ကာ မန်ချက်စတာစီးတီးကို ပြောင်းရွေ့ခွင့် ရဖို့ အတွက် ကြိုးပမ်းခဲ့ပါတယ်။ ကိန်းရဲ့ ဒီလို အပြုအမူကို အသင်း ပရိတ်သတ်တွေ ၊ pundit တွေ ၊ ဂျာနယ်လစ် တွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး ကိန်းဘက်ကတော့ မနေ့ညက သူ့ရဲ့ social media channels မှာ ဖြေရှင်းချက် ထုတ်ကာ တုန့်ပြန် သွားခဲ့ပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ကိန်းက “ကျွန်တော် စပါး အတွက် ပထမဦးဆုံး ပွဲကစားခွင့် ရခဲ့တာဟာ ၁၀ နီးပါး ရှိနေပါပြီ။ နှစ်တိုင်း နှစ်တိုင်း ပရိတ်သတ်တွေဟာ ကျွန်တော့် အပေါ် အားပေးထောက်ခံမှုတွေ ချစ်ခင်မှုတွေ ပြသခဲ့ကြပါတယ်။ ဒါ့ကြောင့်လည်း ဒီတစ်ပတ်မှာ ကျွန်တော့် အပေါ် ပြုလုပ်ခဲ့တဲ့ တစ်ချို့ comment တွေ ၊ ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်ကျမှု အပေါ် မေးခွန်းထုတ်ခဲ့တာတွေကို ဖတ်ပြီး နာကျင်ခံစားရပါတယ်။

ကျွန်တော့် အနေနဲ့ ဒီအခြေအနေကို အတိအကျ ပြောသွားမှာ မဟုတ်ပေမယ့်လည်း ကျွန်တော် ရှင်းလင်းချင်တာ ကတော့ ကျွန်တော် ဘယ်တုန်းကမှ ဘယ်တော့မှ လေ့ကျင့်ခန်းဆင်းဖို့ ငြင်းဆန်ခဲ့တာ မရှိပါဘူး။ ကျွန်တော် စီစဉ်ထားတဲ့ အတိုင်း မနက်ဖြန် (စနေနေ့) မှာ ကလပ်ကို ပြန်လာတော့မှာပါ။

ကျွန်တော် ကလပ်မှာ ရှိနေတဲ့ အချိန် မယိမ်းမယိုင် အားပေး ထောက်ခံခဲ့ကြတဲ့ ပရိတ်သတ်တွေနဲ့ ကျွန်တော့်ရဲ့ကြား ရှိထားခဲ့တဲ့ ဆက်ဆံရေး ပျက်ယွင်းမယ့် အရာ မှန်သမျှကို လုပ်သွားမှာ မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော် အမြဲတမ်း ခံယူထားတဲ့ အရာပါ။” လို့ ဆိုလိုက်ပါတယ်။
ကိန်းရဲ့ ကြေငြာချက် မတိုင်မီ စီးတီး မန်နေဂျာ ပက်ဂွာဒီယိုလာက အကယ်လို့များ စပါးဘက်က အင်္ဂလန် စတားနဲ့ ပက်သက်ပြီး ဆွေးနွေးညှိနှိုင်းမှု မပြုလုပ်ချင်ဘူး ဆိုရင် ဒီအပြောင်းအရွေ့ ပုံပြင် ပြီးဆုံး သွားမှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ပက်က “ပက်က “သူဟာ တော့တင်ဟမ်ဟော့စပါး ရဲ့ ကစားသမား တစ်ဦးပါ။ အကယ်၍ တော့တင်ဟမ် ဘက်က ဆွေးနွေးညှိနှိုင်းမှု မပြုလုပ်ချင်ဘူးဆိုရင် ဒီအပြောင်းအရွေ့ ပုံပြင် ပြီးဆုံးသွားမှာပါ။ အကယ်၍ သူတို့ဘက် ဆွေးနွေးညှိနှိုုင်းဖို့ အတွက် လမ်းဖွင့်ပေးမယ် ဆိုရင် မန်စီးတီးတင် မကပါဘူး။ ကမ္ဘာပေါ်မှာ ရှိတဲ့ ကလပ်အသင်း တော်တော်များများက သူ့ကို ခေါ်ယူချင်ကြမှာပါ။ ကျွန်တော်တို့ တစ်သင်းပဲ ရှိနေတာ မဟုတ်ပါဘူး။

ဒါပေမယ့် ဒီကိစ္စဟာ တော့တင်ဟမ် အပေါ်မှာ မူတည်နေပါတယ်။ ဒါဟာ ဂျက်ရဲ့ အပြောင်းအရွေ့နဲ့ ခြားနားပါတယ်။ ဂျက်ဟာ ဗီလာနဲ့ စာချုပ်ဖျက်သိမ်းကြေး ရှိနေပါတယ်။ ဟယ်ရီကိန်းဟာ တကယ့်ကို ထူးချွန်တဲ့ တိုက်စစ်မှုး တစ်ဦးပါ။ ဒီကိစ္စနဲ့ ပက်သက်ပြီး ဘာမှ သံသယ ဖြစ်စရာ မရှိပါဘူး။ အမှန်ပါပဲ။ ကျွန်တော်တို့ဟာ သူ့ကို ခေါ်ယူဖို့ အတွက် အရမ်းကို စိတ်ဝင်စားနေပါတယ်။

ဒါပေမယ့် သူဟာ အခုချိန်မှာ တော့တင်ဟမ် ကစားသမား တစ်ဦးပါ။ အကယ်၍ သူတို့ ဘက်က ကိန်းနဲ့ ပက်သက်ပြီး ဆွေးနွေးညှိနှိုင်းမှု မလုပ်ချင်ဘူးဆိုရင် ကျွန်တော့်ဘက်က ဒီထက်ပိုပြီး ပြောစရာ မရှိပါဘူး။ အကယ်၍ သူတို့ဘက်က ဆွေးနွေးညှိနှိုင်းချင်တယ် ဆိုရင် ကျွန်တော်တို့ သူ့ကို ခေါ်ယူဖို့ အတွက် ကြိုးစားသွားမှာပါ။” လို့ ဆိုလိုက်ပါတယ်။