ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း လစ်ပ်ဇစ် အသင်းကနေ ချဲလ်ဆီး အသင်းသို့ ယူရိုသန်း ၅၀နဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် ၊ ပရီးမီးယားလိဂ်မှာ လစ်ပ်ဇစ်က ခြေစွမ်းမျိုး ပြသဖို့ ရုန်းကန်ခဲ့ရပါတယ် ။

လစ်ပ်ဇစ်နဲ့ နောက်ဆုံးရာသီမှာ ဗာနာ ဟာ ပြိုင်ပွဲစုံ သွင်းဂိုး ၃၄ဂိုး အထိ ရခဲ့ပေမယ့် ၊ ပြီးခဲ့တဲ့ ရာသီမှာတော့ ၎င်းဟာ ချဲလ်ဆီး အသင်းနဲ့ လစ်ပ်ဇစ်က သွင်းဂိုး ထက်ဝက်ပင် မရခဲ့ပါဘူး ။ ဒါ့အပြင် အဆုံးသတ် ညံ့ဖျင်းမှု ပြဿနာက ၎င်းအတွက် တနေ့တခြား ပိုဆိုးလာတာကြောင့် ချဲလ်ဆီး အသင်းဟာ ယခုနှစ် နွေရာသီမှာလည်း တိုက်စစ်မှူး ရှာပုံတော် ဖွင့်နေရပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ချဲလ်ဆီး ပရိသတ်တွေ သူ့နာမည်ကို သီချင်းလုပ်ဆိုတာကို သဘောကျကြောင်း ဖွင့်ဟရင်း ၊ ပြီးခဲ့တဲ့ ဘောလုံးရာသီနဲ့ ပတ်သက်ပြီး ဝန်ခံမှု တခု ပြုလုပ်လာတဲ့ ဗာနာ

အင်တာမီလန် အသင်းရဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူ ဟာ အသင်းဟောင်း ချဲလ်ဆီးသို့ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၅သန်းနဲ့ ပြောင်းလာတော့မှာ ဖြစ်လို့ ၊ ဗာနာ အနေနဲ့ လာမယ့် ရာသီမှာ ဂိုးသွင်းအား ပြန်တက်အောင် အပြိုင် ကြိုးစားဖို့ လိုနေပါတယ် ။

ပြီးခဲ့တဲ့ ရာသီ က နည်းပြဟောင်း ဖရန့် လမ်းပတ် လက်ထက်မှာရော ၊ နည်းပြသစ် သောမတ်စ် တူချယ် လက်ထက်မှာပါ အပိုင် အခွင့်အရေးပေါင်း များစွာ လွဲချော်ခဲ့တဲ့ ဗာနာ တယောက် ဆိုရှယ်မီဒီယာ အထက်မှာ ဝေဖန်မှု အတော်များများနဲ့ ရင်ဆိုင်ခဲ့ရပါတယ် ။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗာနာ က ” ဘောလုံးမှာ အရေးကြီးဆုံး အရာ က စိတ်ဓာတ် ခိုင်မာနေဖို့ ၊ ပြင်ပက အကြောင်းအရာတွေ ကိုယ့်ခေါင်းထဲမှာ မထည့်ထားဖို့လို့ ကျွန်တော် ထင်ပါတယ် ။ အခုခေတ်မှာ မီဒီယာ အင်အား က ပိုပိုပြီး ကြီးထွားလာပါတယ် ။ ဒါကြောင့် ခင်ဗျား ခြေစွမ်းပြတဲ့ ပွဲဆို ဟီးရိုးလို့ လူတိုင်း ချီးကျူးကြပေမယ့် ၊ ကစားပုံ ဆိုးရွားတဲ့ ပွဲပြီးရင်တော့ အခြေအနေတွေက တမျိုး ဖြစ်သွားပါတယ် ။ ”

” ခင်ဗျား အနေနဲ့ ဒီအကြောင်းတွေကို ဘေးဖယ်ပြီး ဘောလုံးကစားတဲ့ နေရာမှာပဲ အာရုံစိုက်ရပါမယ် ။ မိုဘိုင်းဖုန်းနဲ့ ကိုယ်နဲ့ ကင်းတာမဟုတ်တဲ့အတွက် အာရုံ လွှဲထားဖို့က ထင်သလောက် မလွယ်ပါဘူး ။ ဒီတော့ ခင်ဗျားဟာ ကိုယ်လုပ်ရမယ့် အလုပ် အကြောင်း တည့်တွေးပြီး ၊ ကျန်တာတွေ ဘေးဖယ်ထားရပါမယ် ။ ”

” ကိုယ့်ကို အားပေး ထောက်ခံနေတဲ့သူတွေ ရှိတာကလည်း အရေးကြီးလှပါတယ် ။ ဒီလူတွေက ခင်ဗျားကို စိတ်ဓာတ် ခွန်အားတွေ ပေးတာပါ ။ နောက်ပြီး ခြေစွမ်းပြတဲ့ အခိုက်အတန့်တွေမှာ ကိုယ့်ကိုယ်ကို ဟီးရိုးလို့ သတ်မှတ်မထားတာက ကိုယ့်အတွက် ကောင်းပါတယ် ။ ဒါမှ ခြေစွမ်း ဆိုးရွားတဲ့ အခိုက်အတန့်တွေမှာ ကိုယ့်ရဲ့ စိတ်ဓာတ်ကို ပြန်လည် မြှင့်တင်နိုင်မှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ကိုဗစ်ကြောင့် ပြီးခဲ့တဲ့ ဘောလုံးရာသီ တခုလုံးနီးပါး ပရိသတ် မပါပဲ ဖြတ်သန်းခဲ့ရပေမယ့် ၊ မကြာခင်မှာ စတင်တော့မယ့် ရာသီသစ်မှာတော့ ပရိသတ်တွေ ကွင်းထဲ ပြန်ဝင်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ် ။ ချဲလ်ဆီး ပရိသတ်တွေဟာ ပြီးခဲ့တဲ့ ရာသီ ကွင်းထဲဝင်ခွင့် ရခဲ့တဲ့ ပွဲအနည်းငယ်မှာ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကို ကိုယ်တိုင်ကိုယ်ကျ အာသာပြေ ကြည့်ရှုခွင့် ရခဲ့ပါတယ် ။

ထိုနေရာမှာ ပရိသတ်တွေဟာ ဗာနာရဲ့ နာမည်ကို သီချင်းလုပ်ဆိုထားတာရှိပြီး ၊ ဒါကို ဗာနာ က ဘယ်လောက်ထိ သဘောကျကြောင်းကိုလည်း ” ဒါဟာ တကယ့် စပါယ်ရှယ် အရာ တခုပါပဲ ။ ခင်ဗျားဟာ ဒီ အသင်းရဲ့ ကစားသမားသစ် ဖြစ်တဲ့အချိန် ၊ တရာသီလုံးလည်း အနိမ့်အမြင့် အတက်အကျ များစွာနဲ့ ရင်ဆိုင်ရတဲ့အချိန် ပရိသတ်တွေဆီက ကိုယ့်နာမည်နဲ့ သီချင်းသံတွေ ကြားတဲ့အခါ တကယ်ပဲ စိတ်ချမ်းသာရပါတယ် ။ ”

” တနှစ်ခွဲကျော်ကြာ ပရိသတ်တွေနဲ့ ဝေးကွာခဲ့ပြီးနောက် ၊ ရာသီသစ်မှာ ကျွန်တော်တို့ သူတို့ကို ပြန်မြင်ခွင့် ရပါတော့မယ် ။ သူတို့ အတွက်လည်း ဒါဟာ စပါယ်ရှယ် အခိုက်အတန့် ဖြစ်ပါတယ် ။ ပရိသတ်တွေရဲ့ အော်ဟစ် အားပေးသံတွေက ခင်ဗျားကို ပိုပြီး တွန်းအားပေးစေပါတယ် ။ ”

” ပရိသတ်တွေကို ကျွန်တော်တို့ အရမ်း သတိရပေမယ့် ၊ ပြီးခဲ့တဲ့ ရာသီကုန်ခါနီးက ဒီ အရသာ ကို နည်းနည်းပါးပါး ပြန်ခံစားခွင့် ရခဲ့ပါသေးတယ် ။ အခုတော့ ကျွန်တော်တို့ဟာ ပရိသတ်တွေကို လာမယ့် ရာသီမှာ ပြန်တွေ့ရဖို့ မျှော်လင့် စောင့်စားနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။