ပက်ဂွာဒီယိုလာက မန်ချက်စတာစီးတီးတို့ ဂျက်ဂရီလစ်ခ်ျကို ဘာကြောင့် ဗြိတိန်စံချိန်တင် ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူဖို့ တက်နိုင်ခဲ့သလဲ ဆိုတာ ရှင်းပြသွားခဲ့ပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အသက် ၂၅ နှစ် အရွယ် ကစားသမားကို အက်စတွန်ဗီလာ ကနေ ပေါင်သန်း ၁၀၀ နဲ့ ခေါ်ယူနိုင်ခဲ့ကြောင်း ကြေငြာသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက စီးတီးနည်းပြဟာ ကလပ်အသင်းတွေ ဘဏ္ဍာရေးပိုင်းဆိုင်ရာ နဲ့ ရုန်းကန်နေရတဲ့ အချိန်မှာ သူ့ရဲ့ အသင်းကလည်း ဒီထဲမှာ ပါ၀င်နေတယ်လို့ ဆိုခဲ့ပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

မြင့်မားတဲ့ ပြောင်းရွေ့ကြေးနဲ့ တိုက်စစ်မှုး တစ်ဦး ၀ယ်ယူဖို့ ရှိသလားဆိုတဲ့ မေးခွန်းကို ပက်က “ဒီလိုမျိုး ပြောင်းရွေ့ကြေးတွေနဲ့တော့ ကျွန်တော်တို့ဟာ ဘယ်တိုက်စစ်မှုးကိုမှ ခေါ်ယူသွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မတက်နိုင်ပါဘူး။ ဒါဟာ မဖြစ်နိုင်ပါဘူး။ ဒီလို အပြောင်းအရွေ့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကလပ်အသင်း အားလုံးဟာ ဘဏ္ဍာရေးပိုင်းမှာ ရုန်းကန်နေရပါတယ်။ ကျွန်တော်တို့ဟာ ခြွင်းချက် မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ဂျီဆု ၊ ဖာရန်းတောရက်စ် နဲ့ အကယ်ဒမီ တိုက်စစ်မှုးတွေ ရှိနေပါတယ်။ ကမ္ဘာ့ဘောလုံးလောမှာ စီးပွားရေး ပြသနာရှိနေတာကြောင့် ကျွန်တော်တို့ဟာ လာမည့် ရာသီအတွက် ဘယ်တိုက်စစ်မှုးမှ ခေါ်ယူသွားမှာ မဟုတ်ပါဘူး။” လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း မန်စီးတီးဟာ ဂရီလစ်ခ်ျကို ပေါင်သန်း ၁၀၀ နဲ့ ခေါ်ယူနိုင်ခဲ့ပြီးနောက် လက်ရှိမှာ တော့တင်ဟမ် တိုက်စစ်မှုး ဟယ်ရီကိန်း ကိုလည်း နောက်ထပ် မြင့်မားလှတဲ့ ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ လက်စတာနဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ် မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ပက်ဟာ သူတို့ ဘာကြောင့် ဂရီလစ်ခ်ျကို ခေါ်ယူဖို့ တက်နိုင်ခဲ့သလဲ ဆိုတာ ရှင်းပြသွားခဲ့ပါတယ်။

ပက်က “ဂျက်ဟာ လာမည့် နှစ်တွေမှာ ကျွန်တော်တို့ အသင်းကို ကောင်းကောင်း ကူညီပေးနိုင်မယ့်သူပါ။ အက်စတွန်ဗီလာ အတွက် အထူး ပေးဆပ်ကစားခဲ့ပြီးနောက် သူ့ရဲ့ အကောင်းဆုံး နှစ်တွေ ရောက်လာမှာပါ။ သူဟာ ကျွန်တော်တို့နဲ့ အတူ နောက် level ကို ရောက်လာနိုင်ပါတယ်။

ကျွန်တော်တို့ ဂျက်အတွက် ဒီလောက် များပြားလှတဲ့ ငွေကြေး ပမာဏကို သုံးစွဲနိုင်ခဲ့တဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့ဟာ အပြောင်းအရွေ့ စျေးကွက်မှာ ပေါင်သန်း ၆၀ ရှာဖွေ နိုင်ခဲ့လို့ပါ။ ကျွန်တော်တို့ဟာ အကယ်ဒမီက လူငယ် ကစားသမားတွေကို ရောင်းထုတ်တာတွေ ၊ အငှားချတာတွေ ပြုလုပ်ပြီး ပေါင်သန်း ၆၀ ရှာနိုင်ခဲ့ပါတယ်။ ဒီလိုမျိုး ပေါင်သန်း ၆၀ လောက် ရှာဖွေနိုင်ခဲ့တဲ့ အခါ ပေါင်သန်း ၁၀၀ သုံးစွဲဖို့ဟာ ဖြစ်နိုင်ပါတယ်။

သူဟာ အသက် ၂၆ နှစ်သာ ရှိသေးတာကြောင့် ကလပ်မှာ နောက်ထပ် ၆ နှစ် ၇ နှစ် ကစားသွားနိုင်တဲ့ သူ့အတွက် ကျွန်တော်တို့ ဒီလောက် ငွေကြေး သုံးစွဲနိုင်ပါတယ်။ ပြီးတော့ သူဟာ မယုံနိုင်စရာ အရည်အသွေးကိုလည်း ပိုင်ဆိုင်ထားတဲ့ သူပါ။” လို့ ပြောလိုက်ပါတယ်။

ဂရီလစ်ခ်ျ အပြင် ဟယ်ရီကိန်းလည်း မန်စီးတီးကို ရောက်လာဖို့ ရှိနေတာကြောင့် ပက်ဂွာဒီယိုလာက ဘာနာဒိုဆေးလ်ဗား အပါအ၀င် ကစားသမား ၄ ဦးလောက်ဟာ ဒီနွေရာသီမှာ မန်စီးတီး ကနေ ထွက်ခွာဖို့ ရှိနေတယ်လို့ ဆိုလိုက်ပါတယ်။

စပိန် နည်းပြက “ဘာနာဒိုပဲ မဟုတ်ပါဘူး။ ကလပ်ကနေ ထွက်ခွာချင်တဲ့ ကစားသမား ၃ ဦး ၄ ဦးလောက် ရှိပါတယ်။ ဒါပေမယ့် သူတို့ဟာ ကျွန်တော်တို့နဲ့ စာချုပ်ရှိနေတဲ့ ကစားသမားတွေပါ။ ဒါပေမယ့် သူတို့ဟာ ကလပ်ကနေ ထွက်ခွာချင်နေကြတာကြောင့် သူတို့အတွက် ကမ်းလှမ်းမှုတွေ ရောက်လာတဲ့ အခါ ကျွန်တော်တို့ ဆွေးနွေးသွားဖို့ အတွက် လမ်းဖွင့်ထားပါတယ်။

ဒါပေမယ့် အပြောင်းအရွေ့ ဖြစ်လာဖို့ဟာ ကမ်းလှမ်းမှုတွေ အပေါ် မူတည်ပါတယ်။ ဒါမှမဟုတ်ရင် သူတို့ဟာ အသင်းနဲ့ ဆက်လက် လေ့ကျင့်ခန်း ဆင်းရမှာပါ။ ကျွန်တော့် ဘက်ကတော့ သူတို့ကို ကစားခွင့် ပေးမလား မပေးဘူးလား ဆိုတာ ဆုံးဖြတ်သွားမှာပါ။” လို့ ဆိုလိုက်ပါတယ်။