မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ရာသီသစ် အတွက် နောက်ဆုံး ပြင်ဆင်မှု ပွဲစဥ် တစ်ခု အဖြစ် အဲဗာတန် အသင်းကို ဧည့်ခံ ကစားခဲ့ပြီး မန်ချက်စတာ ပရိသတ်တွေ ရှေ့မှောက် 4 – 0 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် နိုင်ပွဲ ရယူသွားနိုင်ခဲ့ ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

အဆိုပါ ပွဲစဥ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသငိး အတွက် မေဆွန် ဂရင်းဝုဒ် ၊ ဟယ်ရီ မက်ဂွားယား ၊ ဘရူနို ဖာနန်ဒက်စ် တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ပြီး ပထမပိုင်းကို 3 – 0 ဆိုတဲ့ ရလဒ် နဲ့ ဦးဆောင် စေနိုင်ခဲ့ ပါတယ် ။ ဒုတိယပိုင်း ပွဲစဥ် ပြီးဆုံးခါနီး မှာတော့ ဒါးလော့ က တစ်ဂိုး သွင်းယူပေးပြီး ပွဲစဥ်ဟာ 4 – 0 ဆိုတဲ့ ရလဒ်နဲ့ ပြီးဆုံး သွားခဲ့ရ ပါတယ် ။

ဒီပွဲမှာတော့ မက်ဂွားယားဟာ လုခ်ရှော ကန်တင်ပေးတဲ့ ထောင့်ကန်ဘောကို ခေါင်းတိုက်ပြီး ဂိုးအဖြစ် ပြောင်းလဲ ပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ယူနိုက်တက် တို့ဟာ 2 – 0 ဆိုတဲ့ ရလဒ်နဲ့ အတူ ယုံကြည်မှု ပိုမို မြင့်မားလာခဲ့ကြပြီး ပွဲစဥ်ကို ဖိကစားနိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။

အခြားတစ်ဖက်မှာတော့ ဒါဟာ ဟယ်ရီ မက်ဂွားယား ရဲ့ ယူနိုက်တက် အသင်းအတွက် သွင်းယူပေးတဲ့ ရှားရှားပါးပါး ခေါင်းတိုက်ဂိုးလည်း ဖြစ်သွားခဲ့ရ ပါတယ် ။ မက်ဂွားယားဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီကလည်း ယူနိုက်တက် အသင်းမှာ ခေါင်းတိုက်ခွင့် အများကြီး ရရှိခဲ့ပေမဲ့ ဂိုးရဖို့ ခက်ခဲနေခဲ့သူပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ နွေမှာတော့ သူဟာ အင်္ဂလန် အသင်းအတွက် ယူရို 2020 ပြိုင်ပွဲ ပါဝင် ကစားပေးရင်း ကလပ် အသင်းဖော် လုခ်ရှော ရဲ့ ဖန်တီးပေးမှုက တဆင့် ခေါင်းတိုက်ဂိုး သွင်းနိုင်ခဲ့ပါသေးတယ် ။ အခုလည်း သူဟာ လုခ်ရှော ရဲ့ ပေးပို့မှုက တစ်ဆင့်ပဲ ဂိုးသွင်း နိုင်ခဲ့တာ ဖြစ်ပါတယ် ။

ဒါ့ကြောင့် ပွဲစဥ် အပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဆိုးလ်ရှားက လုခ်ရှောရဲ့ ပေးပို့မှု ၊ မက်ဂွားယားရဲ့ ခေါင်းတိုက်မှု တွေကို ချီးကျူး သွားခဲ့ပြီး အသင်း ခေါင်းဆောင်ဆီက ဒီလို သွင်းဂိုးတွေကို ပိုမို မြင်တွေ့လိုကြောင်း challenge တစ်ခု ပေးသွားခဲ့လိုက် ပါတယ် ။

” သူ ပြန်ရောက်လာကတည်းက ကျွန်တော်တို့ဟာ ဟယ်ရီ ( မက်ဂွားယား ) နဲ့ အချိန်တွေ အများကြီး အတူ ရှိနေခွင့် မပိုင်ဆိုင်ခဲ့ရ ပါဘူး ။ ဒါပေမဲ့ နွေတုန်းက ( ယူရို 2020 ပြိုင်ပွဲ ) အင်္ဂလန်မှာ သူနဲ့ လုခ် (ရှော) တို့ အလွတ် တည်ကန်ဘောတွေကို လေ့ကျင့်ခဲ့ကြတာတွေက ကျွန်တော်တို့ အတွက် အကူအညီ ဖြစ်ခဲ့ရပါတယ် ”

” ကောင်းမွန်တဲ့ ဘောလုံး ပေးပို့မှု ၊ ကောင်းမွန်တဲ့ ခေါင်းတိုက်ချက်ကို ကျွန်တော်တို့တွေ မြင်တွေ့ခဲ့ကြရပါတယ် ။ ကျွန်တော်တို့ သူ့ဆီကနေ သွင်းဂိုးတွေ အများကြီးကို မြင်ချင်ကြတယ် ဆိုတာ ဟယ်ရီ ကောင်းကောင်း သိပါတယ် ။ ဘောလုံးဟာ အကြိမ် အများကြီး ဂိုးဘားကို ကျော်တာ ကျွန်တော်တို့ မြင်ခဲ့ရ ပါတယ် ။ သူ ဒီ​နေ့ အရမ်း ကောင်းခဲ့ ပါတယ် ” လို့ ဆိုးလ်ရှား က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။