မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မ​နေ့ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ရာသီကြိုပွဲတွေရဲ့ နောက်ဆုံးပွဲစဥ် အဖြစ် အဲဗာတန် အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး 4 – 0 ဆိုတဲ့ ရလဒ် နဲ့ အိမ်ကွင်း ပရိသတ်တွေ ရှေ့မှောက် ဂိုးပြတ် နိုင်ပွဲ ရယူသွားနိုင်ခဲ့ ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဒါဟာ ရာသီသစ် မစတင်မီ ကစားသမားတွေ အတွက် ယုံကြည်မှု အားကောင်းစေတဲ့ ပွဲစဥ် တစ်ပွဲ ဖြစ်သွားခဲ့ရ ပါတယ် ။ ဒီပွဲမှာတော့ ယူနိုက်တက် အတွက် အဖွင့်ဂိုးကို ဂျော်ဒန် ပစ်ဖို့ဒ် ရဲ့ အမှားက တစ်ဆင့် မေဆွန် ဂရင်းဝုဒ် က ဂိုးအဖြစ် ပြောင်းလဲပေးသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် 5 မိနစ် အကြာမှာပဲ လုခ်ရှောရဲ့ ထောင့်ကန်ဘော မှတဆင့် ဟယ်ရီ မက်ဂွားယား က ခေါင်းတိုက်ဂိုး သွင်းယူရင်း ဒုတိယ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ ပါတယ် ။ ပွဲချိန် 29 မိနစ်မှာတော့ ဘရူနို ဖာနန်ဒက်စ် က ဖရီးကစ်မှတဆင့် ဂိုးသွင်းယူပေးခဲ့ပြီး ပထမပိုင်းမှာ 3 – 0 ဆိုတဲ့ ရလဒ်နဲ့ ဦးဆောင် စေခဲ့ ပါတယ် ။

ပွဲချိန် ဒုတိယပိုင်းကတော့ ပထမပိုင်းလောက် မြိုင်ဆိုင်မှု မရှိတော့ပဲ သွင်းဂိုးတွေ ပျောက်ဆုံး နေခဲ့ရ ပါတယ် ။ ဒါပေမဲ့ ပွဲချိန် နောက်ဆုံး မိနစ်မှာ ယူနိုက်တက် ညာနောကွခံလူ ဒီယိုဂို ဒါးလော့က နောက်ပြန် ခေါင်းလှန်တိုက်ပြီး ပွဲစဥ်ကို ပြီးဆုံးစေတဲ့ သွင်းဂိုး သွင်းယူ ပေးသွားနိုင်ခဲ့ ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက်တို့ဟာ ဒီပွဲကို 4 – 0 ဆိုတဲ့ ရလဒ် နဲ့ အပြတ်အသက် အနိုင်ယူနိုင်ခဲ့ပြီး ရာသီသစ်ကို ကြိုဆိုဖို့ အသင့်ရှိနေပြီ ဖြစ်ကြောင်း ပြသသွားနိုင်ခဲ့ကြပါတယ် ။ အဆိုပါ ပွဲစဥ် အပြီးမှာ ယူနိုက်တက် ပရိသတ် အချို့က တွစ်တာပေါ်မှတဆင့် ဒါတောင် လူမစုံသေးဘူးလို့ အဓိပ္ပါယ်ရှ်ိတဲ့ စကားလုံးတွေကို ပြိုင်ဖက်တွေကို သတိပေးသွားခဲ့ကြပါတယ် ။

” ပေါ့ဂ်ဘာ ၊ ရပ်ရှ်ဖို့ ၊ ဗာရန်း ၊ ဆန်ချို နဲ့ ကာဗာနီ တို့တွေ ပွဲထွက် ကစားသမား 11 ယောက် စာရင်းထဲ ရောက်ရှိလာကြမယ့် အချိန်ကို စောင့်ကြည့်လိုက်စမ်းပါ ”
#Roy

” အီဒင်ဆန် ကာဗာနီ ၊ ရာဖေး ဗာရန်း ၊ ဂျေဒန် ဆန်ချိုတို့ မရောက်သေးခင် အပေါ့စား သတိပေးမှု တစ်ခုပါ ။ ဒါက ကြောက်စရာ ကောင်းနေလိမ့်မယ် ၊ ကျွန်တော်တို့ အသင်းအတွက်တော့ ​မဟုတ်ဖူးပေါ့ဗျာ ”
#SujalSwain

” ဗာရန်း ကို မက်ဂွားယား နဲ့ တွဲဖက် ကစားတာ မြင်ရဖို့ ထပ်မစောင့်နိုင်တော့ဘူးဗျာ ။ ပြီးတော့ ဆန်ချိုရောပေါ့ ။ အရမ်းကို စိတ်လှုပ်ရှားစရာပါပဲ ”
#ManutdAnalytics

” သိပ်ကောင်းတဲ့ပွဲပဲ ၊ first line up ကစားတွေဆီက လိုချင််တဲ့ ခြေစွမ်းတွေ မြင်ခဲ့ရ ပါတယ် ။ ဒါးလော့ ကောင်းစွာ ကစားနိုင်ခဲ့တယ် ၊ ဒွန်နီလည်း အံ့ဖွယ် ပါပဲ ။ မာတစ်လည်း မာမာထန်ထန် ဆော့ခဲ့သလို အသင်းလိုက် ကစားပုံလည်း ခမ်းနားခဲ့ပါတယ် ”
” ဒီလူစာရင်းကို အခြေခံပြီး အသင်းကို တည်ဆောက်ပါ ။ ပြီးတော့ ဗာရန်းနဲ့ ဆန်ချို တို့ကို အသင်းထဲ အမြန်ထည့်ပေးကြပါ ”
#MayankSingh

” နောက်တစ်ပါတ် ကစားရမဲ့ လိဒ်စ် နဲ့ ပွဲမတိုင်မီ ပြည့်စုံတဲ့ သွေးပူလေ့ကျင့်ခန်း လုပ်ဆောင်နိုင်ခြင်း ဖြစ်သွားခဲ့ရ ပါတယ် ။ ကစားသမားတိုင်းက ချွန်ထက် နေခဲ့ကြသလို အင်အား အပြည့်နဲ့ ကစားနိုင်ခဲ့ကြပါတယ် ”

” ဗာရန်း နဲ့ ဆန်ချို တို့ကို ပိုင်ဆိုင်ရဦးမယ် ဆိုတဲ့ အတွေးက ကျွန်တော်တို့ အသင်း ပိုကောင်းဖို့ပဲ ရှိတော့တယ်ဆိုတဲ့ ခံစားချက်မျိုး ဖြစ်ပေါ်စေပါတယ် ”
J.A.O

” ကောင်ကြီးတွေ (စီနီယာကစားသမား) ပြန်လာခဲ့ကြပြီး အဲဗာတန်နဲ့ အသေးစား လေ့ကျင့်ခန်း လုပ်ခဲ့ကြ ပါတယ် ။ ဆန်ချို ၊ ဗာရန်း ၊ ကာဗာနီ တို့ကို ဒီစာရင်းထဲ ထည့်ရင် အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းမွန်သွားပါလိမ့်မယ် ။ ကျွန်တော်တို့ ဒီလိုကွင်းလယ်သာ ဆက်လက်ပိုင်ဆိုင်သွားမယ်ဆိုရင်.. မာတစ် အရမ်းကို လန်းခဲ့တယ် ။ နောက်တစ်ပါတ်တော့ ပိုကြမ်းပြီပဲ 👊👊 ”
#NitinaManoharan

” ဒီယိုဂို ဒါးလော့က 4 – 0 ဖြစ်အောင် လုပ်ဆောင်ခဲ့ ပါတယ် ။ ခမ်းနားတဲ့ပွဲ ၊ ခမ်းနားတဲ့ ရလဒ်ပါပဲ ။ စနေနေ့ လိဒ်စ်နဲ့ ကစားရမယ့် ပွဲကြီး မတိုင်ခင် ဆန်ချို နဲ့ ဗာရန်း တို့ အသင်းမှာ အံဝင်နိုင်ပါစေလို့ မျှော်လင့်နေပါတယ် ”
#SiddeahKlyer

” ဗာရန်း ၊ ဆန်ချို ၊ ရပ်ရှ်ဖို့ ၊ ကာဗာနီ တို့ ကျန်နေပါသေးတယ် ။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ယူနိုက်တက်ဟာ ပထမဆုံး အကြိမ်အဖြစ် ကျောရိုးခိုင်တဲ့ အသင်းမျိုး ဖြစ်လာခဲ့ ပါပြီ ။ ယူနိုက်တက်အတွက် စိတ်လှုပ်ရှားစရာ အချိန်တွေ ရောက်လာခဲ့ပါပြီ ”
#ScottDavidson

” ခမ်းနားတဲ့ စွမ်းဆောင်ရည်ပါပဲ ။ ဗာရန်း နဲ့ ဆန်ချို တို့သာ ရောက်လာရင် အသင်းဟာ ဆုဖလားတွေကို စိန်ခေါ်လို့ ရနိုင်ပါပြီ ”
#Adi

” ဗာရန်း နဲ့ ဆန်ချိုတို့ ရောက်လာဖို့ ရှိသေးတယ်နော်😏 ”
#Dan

ယူနိုက်တက် ပရိသတ် အများစုကတော့ အသင်းရဲ့ ဒီနေ့ ခြေစွမ်း ၊ ရလဒ်ကို ကြည့်ရှုပြီး စိတ်ဓါတ် တက်ကြီမှုတွေနဲ့ အတူ အသင်းအပေါ် ယုံကြည်စိတ်တွေ ပိုများလာခဲ့ကြပြီဆိုတာ ထင်ရှားနေပါပြီ ။ ယူနိုက်တက်ရော ပရိသတ်တွေ မျှော်နေသလောက် လုပ်ပြနိုင်မလားဆိုတာ စောင့်မျှော်ရပါတော့မယ် ။