ဒါဘီကောင်တီ မန်နေဂျာ ဝိန်းရွန်းနီက သူ့အနေနဲ့ မန်ချက်စတာယူနိုက်တက် ကစားသမား ၂ ဦး ဖြစ်တဲ့ တီဒမ်မန်ဂီ ၊ ဂျိမ်းစ်ဂါနာ တို့အပြင် မန်စီးတီး တိုက်စစ်မှုး လီယန်ဒီလပ် ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားတယ်လို့ အတည်ပြု သွားခဲ့ ပါတယ်။ ပြီးခဲ့တဲ့ ရာသီက တန်းဆင်း အန္တရာယ် ကနေ ကပ်လွတ်ခဲ့တဲ့ ဒါဘီဟာ ချန်ပီယံရှစ် ရာသီ အစမှာ ဟယ်ဒါဖီးနဲ့ ၁ ဂိုးစီ သရေကျခဲ့ပြီး ကလပ်ရဲ့ ကွင်းပြင်ပ ပြသနာတွေဟာ ကွင်းတွင်း အခြေအနေတွေကို ရိုက်ခတ်မှုတွေ ရှိနေခဲ့ပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလလယ်က ဒါဘီရဲ့ အမြဲတမ်း နည်းပြ ဖြစ်လာခဲ့တဲ့ ရွန်းနီဟာ ကလပ်ရဲ့ ဘဏ္ဍာရေးပြသနာတွေကြောင့် အင်အားချည့်နဲ့နေတဲ့ အသင်းနဲ့ ရာသီသစ် စတင်နေရကာ လက်ရှိမှာတော့ ရွန်းနီဟာ သူ့ရဲ့ အသင်း ဒီရာသီ တန်းဆင်းဇုန် တိုက်ပွဲ မဆင်နွှဲရဖို့ အတွက် အသင်းကို အင်အားဖြည့်တင်းသွားဖို့ စိတ်အား ထက်သန် နေပါတယ်။

ဟယ်ဒါဖီးနဲ့ ပွဲစဉ် အပြီးမှာ ရွန်းနီက ဒါဘီကောင်တီ တို့ဟာ သူ့အသင်းဟောင်းရဲ့ ကစားသမား ၂ ဦး ဖြစ်တဲ့ မန်ဂီ ၊ ဂါနာ နဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးရဲ့ ဒီလပ် တို့ကို ခေါ်ယူနိုင်ရန် ပစ်မှတ်ထားလျက် ရှိနေတယ်လို့ အတည်ပြု သွားခဲ့ပါတယ်။

ရွန်းနီက “အမှန်ပါပဲ။ ကျွန်တော်တို့ အပြောင်းအရွေ့ ဈေးကွက်မှာ လှုပ်ရှားလျက် ရှိနေပါတယ်။ လီယမ်ဒီလပ်ဟာ ကျွန်တော် တကယ် နှစ်သက်တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ သူဟာ ဒါဘီနဲ့ ဆက်စပ်မှု ရှိနေတဲ့သူပါ။ ဒီလပ်ဟာ ဒါဘီ အကယ်ဒမီထွက် ကစားသမား တစ်ဦး ဖြစ်ပါတယ်။ မန်စီးတီးတို့ လီယမ်နဲ့ ပက်သက်ပြီး ဘာလုပ်သွားမလဲ ဆိုတာတော့ ကျွန်တော်တို့ စောင့်ကြည့် ရမှာပါ။

ဒါ့အပြင် ကျွန်တော်တို့ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ဂျိမ်းစ်ဂါနာ နဲ့ တီဒမ်မန်ဂီ တို့ကိုလည်း စိတ်ဝင်စားနေ ပါတယ်။ မန်ချက်စတာ ကလပ် ၂ ခုက ကစားသမားတွေကို ကျွန်တော်တို့ စိတ်ဝင်စား နေတာပါ။ ဒီကလပ်တွေ ဘက်ကတော့ ကျွန်တော်တို့ အသင်းဟာ သူတို့ ကစားသမားတွေ အငှားထွက် ကစားပြီး တိုးတက်မှု ရှိနိုင်မလား ဆိုတာ သုံးသပ်နေကြပါတယ်။ ဒါ့ကြောင့် ဒီကစားသမားတွေကို ကျွန်တော်တို့ အငှား ခေါ်ယူနိုင်မလား ဆိုတာ စောင့်ကြည့် နေပါတယ်။” လို့ ပြောလိုက်ပါတယ်။

မန်ဂီဟာ Pride Park နဲ့ စိမ်းသူ တစ်ဦး မဟုတ်ဘဲ ပြီးခဲ့တဲ့ ရာသီ အငှားလာကစားချိန်မှာ ဒါဘီ အတွက် ၉ ပွဲ ကစားပေးခဲ့ပါတယ်။ ဒဏ်ရာကြောင့် ရာသီကြို ခြေစမ်းပွဲတွေမှာ မန်စီးတီး အတွက် ပါဝင်ကစားထားခြင်း မရှိသေးတဲ့ ဒီလပ် ကလည်း လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က အီတီဟတ်ကို မပြောင်းရွေ့မီ သူ့ရဲ့ လူငယ် ကစားသမား တစ်လျှောက်လုံး ဒါဘီမှာ ကုန်ဆုံးခဲ့သူ ဖြစ်ပါတယ်။

ဂါနာကတော့ ချန်ပီယံရှစ် အတွေ့အကြုံ ရှိထားသူ ဖြစ်ပြီး ဝက်ဖို့ဒ် နဲ့ နော့တင်ဟမ်ဖောရက် တို့မှာ အငှားထွက် ကစားခဲ့သူ ဖြစ်ပါတယ်။ ဒဏ်ရာပြသနာကြောင့် ဂါနာဟာ ဝက်ဖို့ဒ်မှာ အငှား ကစားသမားဘ၀ အောင်မြင်ခဲ့ခြင်း မရှိခဲ့ပေမယ့်လည်း ဖော်ရက်စ် နည်းပြ ခရစ်ဟူတန် ကတော့ ၎င်းဆီက အကောင်းဆုံး ပုံစံကို ထုတ်ယူနိုင်ခဲ့ကာ ပွဲ ၂၀ မှာ ၄ ဂိုးသွင်းပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။