မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ ရာသီကြို ပွဲစဥ်တွေရဲ့ နောက်ဆုံးပွဲ အဖြစ် ပရီးမီးယားလိဂ် ပြိုင်ဖက် တစ်သင်း ဖြစ်တဲ့ အဲဗာတန် အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး 4 – 0 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် နိုင်ပွဲရယူခဲ့ကာ ရာသီသစ်မတိုင်မီ ယုံကြည်မှုတွေ တည်ဆောက်သွားနိုင်ခဲ့ ပါတယ် ။

ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် သွင်းဂိုးတွေကို ပွဲချိန် ပထမပိုင်းအတွင်း မေဆွန် ဂရင်းဝုဒ် ၊ ဟယ်ရီ မက်ဂွားယား နဲ့ ဘရူနို ဖာနန်ဒက်စ် တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ကြပြီး ဒုတိယပိုင်း ပွဲချိန် ပြီးဆုံးခါနီးမှာ ဒီယိုဂို ဒါးလော့ က နောက်တစ်ဂိုး သွင်းယူ ပေးခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဒီပွဲမှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ခဲ့ပြီ ဖြစ်တဲ့ စီနီယာ ကစားသမားတွေကို ပွဲထွက် ကစားခွင့် ပေးခဲ့ပြီး ပထမပိုင်း တစ်သင်း ၊ ဒုတိယပိုင်း တစ်သင်း ကစားစေခဲ့ ပါတယ် ။ ပထမပိုင်းမှာတော့ ယူနိုက်တက် တိုက်စစ်မှူး နေရာအတွက် အန်သိုနီ မာရှယ် ပါဝင်ခွင့် ရရှိခဲ့ ပါတယ် ။

ဒါပေမဲ့ ဒီပွဲမှာတော့ သူဟာ အသင်းအတွက် ထူးကဲတဲ့ ခြေစွမ်းကောင်းတွေ ပြသနိုင်ခြင်း မရှိခဲ့သလို ကိုယ်တိုင် ဂိုးမသွင်း ၊ ဖန်တီးမှုလည်း မလုပ်ပြထားနိုင်ခဲ့ ပါဘူး ။ ဒါဟာ ရာသီသစ် အတွင်း ရပ်ရှ်ဖို့ ၊ မာရှယ် ၊ ဆန်ချို တို့လို လျင်မြန်တဲ့ တိုက်စစ်အတွဲကို မြင်တွေ့လိုကြတဲ့ ပရိသတ်တွေ အတွက် စိတ်ပျက်စရာ ဖြစ်သွားခဲ့ရပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားကတော့ ပွဲစဥ်အပြီး အင်တာဗျူးမှာ ခြေစွမ်း မပြနိုင်ခဲ့တဲ့ အန်သိုနီ မာရှယ် နဲ့ ပတ်သက်လို့ အပေါင်း လက္ခဏာဆောင်ကျဥ်းတဲ့ မှတ်ချက်တွေချည်း ပေးခဲ့ပါတယ် ။ ဆိုးလ်ရှား ကတော့ ဒဏ်ရာမှ သက်သာလာချိန် အခုလို အကြောက်အရွံ့ မရှိ ကစားပေးနိုင်ခြင်းက တကယ့်ကို ကောင်းမွန်လှကြောင်း မှတ်ချက်ပေးခဲ့လိုက် ပါတယ် ။

” အန်သိုနီဟာ ဒဏ်ရာကြောင့် ဆိုးရွားတဲ့ အခိုက်အတန့်တွေကို ပိုင်ဆိုင်ထားခဲ့ရ ပါတယ် ။ ဟုတ်ပါတယ် ၊ ဒါက သူ့ရဲ့ ပထမဆုံး အကြိမ် ကစားရတဲ့ 45 မိနစ်ပါ ။ သူဟာ ကျွန်တော်တို့နဲ့ ကောင်းမွန်စွာ လေ့ကျင့်ပြနိုင်ခဲ့ ပါတယ် ။ အခုမှ အသင်းနဲ့ ပူးပေါင်းခဲ့ကြတဲ့ ကစားသမား အတွက်တော့ ပိုပြီး ချွန်ထက်ဖို့ ၊ ကြိုးစားဖို့ လိုအပ်ပါသေးတယ် ”

” သူဟာ ကွင်းထဲမှာ မှန်ကန်တဲ့ အရာတွေကို လုပ်ပြနိုင်ဖို့ ကြိုးစားခဲ့ ပါတယ် ။ ဒါပေမဲ့ အချိန်တိုင်းတော့ မကောင်းပြနိုင်ခဲ့ပါဘူး ။ ကျွန်တော်တို့ဟာ ဒဏ်ရာ 4 လလောက် ရပြီးမှ ပြန်ကစားရချိန်မှာ တခါတလေ အကြောက်တရားတွေ ရှိနေတတ်ကြပါတယ် ။ ဒါ့ကြောင့် သူအခုလို ကစားပြ နိုင်ခဲ့တာက တကယ်ပဲ ကောင်းလှပါတယ် ”

” သူဟာ ပွဲချိန်အတွင်း ခံစားချက်တွေ ကောင်းမွန်နေခဲ့ ပါတယ် ။ သူ့ရဲ့ ဒူးဒဏ်ရာ ကလည်း ဆိုးကျိုး ဖြစ်စေမဲ့ အရိပ်အယောင် မပြခဲ့ ပါဘူး ။ သူ အသင်းရဲ့ လေ့ကျင့်ရေး ကွင်းဆီ ပြန်လာတဲ့ အချိန် ဒီအတိုင်းပဲ ဆက်လက် ရှေ့ဆက်နိုင်ပါစေလို့ ကျွန်တော် မျှော်လင့် နေပါတယ် ” လို့ ဆိုးလ်ရှားက အပေါင်း လက္ခဏာဆောင်တဲ့ မှတ်ချက် အချို့ ပေးခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။