မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူဟောင်း ရွိုင်ကိန်း က လက်စတာ ကွင်းလယ်လူ မက်ဒီဆင် အနေနဲ့ မြောက်လန်ဒန် ကလပ် အာဆင်နယ် အသင်းကို မပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်း ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ကွင်းလယ် ဖန်တီးရှင် နေရာ အတွက် လက်စတာ စီးတီး ကွင်းလယ်လူ မက်ဒီဆင် ကို စိတ်ဝင်စား နေပါတယ် ။ ဒါပေမယ့် ရွိုင်ကိန်း ကတော့ မက်ဒီဆင် အနေနဲ့ လက်စတာ အသင်းမှာ ဆက်ကစား သင့်တယ်လို့ ဆိုပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

လက်စတာ စီးတီး ကွင်းလယ်လူ မက်ဒီဆင် ဟာ ပြီးခဲ့တဲ့ ရာသီက ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန် ခဲ့ရပေမယ့် ၈ ဂိုးသွင်း ၊ ဂိုးဖန်တီးမှု ၇ ကြိမ် လုပ်နိုင် ခဲ့ပါတယ် ။ ဒါ့အပြင် မက်ဒီဆင် ဟာ လက်စတာ စီးတီး အသင်း အက်ဖ်အေ ဖလား ရရှိအောင်လည်း ကူညီ ပေးနိုင် ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ လက်စတာ ကွင်းလယ်လူ မက်ဒီဆင် ကို ငွေသား + ကစားသမား အလိုက်ပေးကမ်းလှမ်း ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ် နေပြီး လက်စတာ ဘက်ကတော့ မက်ဒီဆင် အတွက် ပေါင် သန်း ၇၀ အထိ ဈေးသတ်မှတ် ထားပါတယ် ။

မနေ့ည က ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲမှာ မက်ဒီဆင် ဟာ လက်စတာ စီးတီး အသင်း အတွက် ပွဲထွက် ပါဝင် ကစားပေးခဲ့ပြီး မန်စီးတီး အသင်းကို တစ်ဂိုး ဂိုးမရှိ နဲ့ အနိုင်ရအောင် ကူညီ စွမ်းဆောင် ပေးခဲ့ပါတယ် ။

ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်း က ကွန်မြူနတီဒိုင်းပွဲ မတိုင်မှီ ITV မှာ ” အာဆင်နယ် က အသင်းကြီး တစ်သင်းပါ ၊ ခုအချိန်မှာ လက်စတာ စီးတီး ကနေ ထွက်ခွာပြီး အာဆင်နယ် ကို ပြောင်းတာက ကစားသမား ဘဝ တစ်ဆင့်မြင့်သွားလိမ့်မယ်ဆိုတာတော့ မဟုတ်သေးပါဘူး ။ ”

” ကစားသမားဘဝ အဆင့် ပြန်ဆုတ်သွားသလိုကို ဖြစ်သွား နိုင်ပါတယ် ၊ အာဆင်နယ် က အသင်းကြီး တစ်သင်းပါ ၊ ဒါပေမယ့် လက်စတာ က ချန်ပီယံလိဂ် ဝင်ခွင့် အတွက် စိန်ခေါ် နိုင်တဲ့ အသင်း တစ်သင်း ဖြစ်နေပါတယ် ၊ နောက်ပြီး သူတို့ မနှစ်က ဖလား ရခဲ့ပါတယ် ၊ အာဆင်နယ် ကတော့ ဖလား လက်မဲ့ ဖြစ်ခဲ့ပါတယ် ။ ”

ဆက်လက်ပြီး ရွိုင်ကိန်း က မက်ဒီတစ်ယောက် အာဆင်နယ် ကို ပြောင်းနိုင်တဲ့ အကြောင်းပြချက် ​က ဘာဖြစ်နိုင်သလဲ ဆိုတဲ့ မေးခွန်း ကို ” သူ့အနေနဲ့ အပြောင်းအလဲ တစ်ခု ဖြစ်ချင်လို့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ။လန်ဒန်ကို သွားချင်လို့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ၊ ကျွန်တော်လည်း မသိပါဘူး ။ ”

” ပြောဖို့ ခက်ခဲပါတယ် ၊ ဗာဒီ ဆို အာဆင်နယ် ကို သွားဖို့ အခွင့်အရေး ရခဲ့ပေမယ့် ပယ်ချ ခဲ့ပါတယ် ၊ လစာ အများကြီး ရတာတောင် ပယ်ချ ခဲ့တာပါ ၊ ခု သူ လက်စတာ မှာ လစာ အများကြီး ရနေပါပြီ ၊ ကျွန်တော်တို့ အခြေအနေမှန်ကို သိရှိ နားလည်ဖို့ လိုအပ်ပါတယ် ။ ”

” ဒါပေမယ့် လက်စတာ ရဲ့ ကစားသမား အစုအဖွဲ့ အနေအထား ၊ လေ့ကျင့်ရေး ကွင်းသစ်ကြီးကြောင့် မက်ဒီဆင် တစ်ယောက် အာဆင်နယ် ကို ပြောင်းတာက မှန်ကန်တဲ့ ရွေးချယ်မှု မဟုတ်နိုင်ပါဘူး ၊ ကျွန်တော်သာ သူ့နေရာမှာဆို လက်ရှိ အသင်းမှာပဲ ဆက်နေမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။