မန်ချက်စတာ ယူနိုက်တက် အသင်း အနေ နဲ့ ဆောက်သမ်တန် နဲ့ ကစား ရမယ့် နောက် တစ်ပွဲ မတိုင်မီ ပင်နယ်တီ ကန်သွင်း ရေး တာဝန် ဘယ်သူ့ ကို ပေးရ မလဲ ဆိုတာ သေသေချာချာ စဉ်းစား ဆုံးဖြတ် ထားဖို့ လိုကြောင်း သတိပေး စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

ယူနိုက်တက် ဟာ ရာသီ သစ် အတွင်း ပရီးမီးယား လိဂ် ပွဲစဉ် 3 ပွဲ ကစား ထားခဲ့ ရာမှာ ပင်နယ်တီ သုံးကြိမ် ထိ ရရှိ ထားခဲ့ ပြီး ရပ်ရှ်ဖို့ က 2 ကြိမ် ၊ ပေါ့ဂ်ဘာ က 1 ကြိမ် ကန်သွင်း ထားခဲ့ ကြ ပါတယ် ။ အဆိုပါ 3 လုံးမှာ ရပ်ရှ်ဖို့ ကသာ တစ်လုံး ကို ဂိုး အဖြစ် ပြောင်းလဲ ထားနိုင် ခဲ့ ပါတယ် ။

ဒါ့အပြင် ယူနိုက်တက် နဲ့ ပတ်သက် လို့ ဆိုးရွား တဲ့ အရာ တစ်ခု က ပင်နယ်တီ မကန် သွင်းခင် ကွင်းလယ်လူ ပေါ့ဂ်ဘာ နဲ့ တိုက်စစ်မှူး ရပ်ရှ်ဖို့ တို့ ဘယ်သူ ကန် မလဲ ဆိုတာ သပ်သပ် အချိန်ကုန် ခံပြီး ဆွေးနွေး နေကြ ခြင်း ပါပဲ ။

သူတို့ နှစ်ဦး အဲ့ဒီ လို မလိုအပ် ပဲ ကြန့်ကြာ နေတဲ့ အတွက် သတင်း သုံးသပ်သူ တွေရဲ့ ဝေဖန် မှု တွေကို ခံခဲ့ ကြရ ပါ သေးတယ် ။ ထို့အတူ ပင်နယ်တီ ဘယ်သူ ကန်သွင်း ရမလဲ ဆိုတာ နံပါတ် တစ် ဦးစားပေး မရှိတဲ့ အတွက် နည်းပြ ဆိုးလ်ရှား ကလည်း ဝေဖန် မှု ခံခဲ့ ရပါ သေးတယ် ။

အခုတော့ ကစားသမား ဘဝ တုန်းက အာဆင်နယ် အသင်း အတွက် စုစုပေါင်း ပင်နယ်တီ ဂိုး 20 အထိ သွင်းယူ ပေးထား နိုင် ခဲ့တဲ့ အီယန် ရိုက်က ပွဲစဉ် တစ်ပွဲ မတိုင်မီ အသင်း အတွက် သေချာ ရွေးချယ် သတ်မှတ် ထားတဲ့ ပင်နယ်တီ ကန်သွင်း သူ တစ်ဦး သေချာ ပေါက် ရှိဖို့ လိုအပ် ကြောင်း ပြောကြား သွားခဲ့ ပါတယ် ။

” ကျွန်တော် တို့ ကစားသမား ဘဝ တုန်းက ကျွန်တော် ဟာ ပင်နယ်တီ ကန်သွင်း သူပါ ။ အကယ်လို့ ကျွန်တော် ပင်နယ်တီ 2 လုံး လွဲချော် သွားရင် ဒင်းနစ် ဘားကမ့် က ပင်နယ်တီ ကန်တဲ့ တာဝန် ကို လွှဲယူ မယ့်သူ ဖြစ်ခဲ့ ပါတယ် ” လို့ အီယန် ရိုက် က ပြောကြား သွားခဲ့ ပါတယ် ။

ဒါ့အပြင် အသင်း ရဲ့ လေ့ကျင့်ရေး အစီအစဉ် ပြီးဆုံး တဲ့ အခါ တိုင်း သူဟာ ပင်နယ်တီ 25 လုံး ကန်ဖို့ အမြဲ ဆက်လက် လေ့ကျင့် ခဲ့ရ ကြောင်း အီယန် ရိုက် က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။ အဲဒီနောက် ယူနိုက်တက် တိုက်စစ်မှူး ရပ်ရှ်ဖို့ ပထမဆုံး ပင်နယ်တီ လွဲချော် ခဲ့တာ နဲ့ ပတ်သက် ပြီး …

” ရပ်ရှ်ဖို့ ဟာ ပင်နယ်တီ ကန်တာ တော်တော် တိကျ တယ်လို့ ကျွန်တော် ထင် ပါတယ် ။ သူ ဒါကို ကောင်းကောင်း ချိန်ဆ လုပ်နိုင် ပါတယ် ။ ဒါပေမယ့် သူဟာ အဲ့ဒီ အချိန် မှာ ဖိအား တွေကို ခံစား နေခဲ့ ရ ပါတယ် ။ အကယ်လို့ ဖိအား တွေသာ မရှိ ခဲ့ရင် သူ အဲ့တာ ကို လွဲချော် ခဲ့မှာ မဟုတ် ပါဘူး ”

” ခင်ဗျား အသင်း က ပင်နယ်တီ ရရှိ နေတဲ့ အချိန် ဒါကို ကန်ဖို့ ကစားသမား နှစ်ယောက် ရှိနေ ဖို့ အတွက် လိုအပ် တဲ့ အရာ မဟုတ် ပါဘူး ။ အဲ့တာ က ဆုံးဖြတ်ချက် မပြတ်သား ခြင်း ပါပဲ ။ အဲ့ဒီ အတွက် ပင်နယ်တီ ဘယ်သူ ကန်ရ မလဲ ဆိုတာ ကို သေချာ မှာကြား ဖို့ မန်နေဂျာ ဆီမှာ တာဝန် အပြည့် ရှိ ပါတယ် ” လို့ အီယန် ရိုက် က ပြောကြား သွားခဲ့ ပါတယ် ။

အီယန် ရိုက်ဟာ ကစားသမား ဘဝ အတွင်း အာဆင်နယ် အသင်း အတွက် 185 ဂိုး အထိ သွင်းယူ ပေးထား နိုင်ခဲ့ ပြီး ပင်နယ်တီ 6 ကြိမ် လွဲချော် ထားခဲ့ သူပဲ ဖြစ် ပါတယ် ။ အဆိုပါ အကြောင်း အရာ နဲ့ ပတ်သက် ပြီး …

” အကယ်လို့ ကျွန်တော် ဟာ ဆိုးရွားစွာ ကစား နေပြီး အနေ အထား တွေ ကလည်း ဆိုးရွား နေမယ် ဆိုရင် ကျွန်တော့် အတွက် မကောင်း ပါဘူး ။ ဒါပေမယ့် အဲ့ဒီလို အချိန် မှာ ပင်နယ်တီ ရရှိ မယ် ဆိုရင် တော့ ‘ Ok ၊ ငါ ဂိုးသွင်း ခွင့်တော့ ရပြီ ‘ လို့ပဲ တွေးဖြစ် ပါတယ် ။ ဒီအတွက် အနှုတ် လက္ခဏာ ဆန်တဲ့ အတွေး တွေ လုံးဝ မရှိ ပါဘူး ” လို့ ရိုက် က အဆုံးသတ် ပြောကြား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar