အင်တာမီလန် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး အန်တိုနီ မာရှယ် ကို ခေါ်ယူဖို့ စိတ်ဝင်စား လာပြီး အငှား + အပြီးသတ် ဝယ်ယူခွင့် နဲ့ ချဉ်းကပ်ဖို့ ရှိတယ်လို့ သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။ အင်တာ ဟာ ရိုးမား တိုက်စစ်မှူး ဒီဇစ်ကို ကိုလည်း ခေါ်ယူဖို့ သဘောတူညီမှု ရယူ နိုင်ခဲ့ပြီလို့ သိရ ပါတယ် ။

 

အင်တာမီလန် ရဲ့ အခုလို တိုက်စစ်မှူး ရှာပုံတော် ဖွင့်နေမှု ဟာ ချဲလ်ဆီး ကို ရောက်ဖို့ သေချာ နေတဲ့ လူကာကူ ရဲ့ နေရာကို အစားထိုးဖို့ ဖြစ်တယ်လို့ သိရ ပါတယ် ။

 

တော့တင်ဟမ် ဟော့စပါး အသင်းကတော့ အင်တာမီလန် တိုက်စစ်မှူး လူတာရို မာတီနက် ကို ခေါ်ယူဖို့ ကြိုးစား လာခဲ့တယ်လို့ သိရ ပါတယ် ။ သတင်းအချို့ မှာတော့ ကလပ် ၂ သင်း အကြား သဘောတူညီ ခဲ့ပြီလို့ ဖော်ပြ ခဲ့ပေမယ့် မာတီနက် ရဲ့ အေးဂျင့်ကတော့ ဒါကို ငြင်းဆန် ထားခဲ့ ပါတယ် ။

 

ဘာစီလိုနာ ကို ဒီကနေ့မှာ ရောက်ရှိ လာတဲ့ တိုက်စစ်မှူးသစ် အဂွေရို ဟာ ကွင်းရှေ့မှာ စောင့်ဆိုင်း နေတဲ့ ပရိသတ်တွေ ထဲက တဦး ကို သူ ဒီရာသီ ဘာစီလိုနာမှာ ဆက်နေမှာ ဖြစ်ကြောင်း ပြောဆို သွားခဲ့တယ်လို့ သိရ ပါတယ် ။

 

အဂွေရို ဟာ ဘာစီလိုနာ မှာ ကျောနံပါတ် ၁၉ ကို ဝတ်ဆင်ကစားမှာ ဖြစ်ပြီး မမ်းဖစ် ဒီပိုင်း ကတော့ နံပါတ် ၉ ကို ဝတ်ဆင်မှာ ဖြစ်ကာ ယခင် နံပါတ် ၉ ပိုင်ရှင် မာတင်ဘရိသ်ဝိတ် ကတော့ နံပါတ် ၁၂ ကို ပြောင်းလဲ ဝတ်ဆင် သွားမယ်လို့ သိရ ပါတယ် ။

ဘာစီလိုနာ ကနေ ထွက်ခွာတော့မယ့် လီယွန်နယ် မက်ဆီ ဟာ ယမန်နေ့ ညက သူ့ရဲ့ နေအိမ်မှာ နှုတ်ဆက် ညစာစားပွဲကို ပြုလုပ် သွားခဲ့ပြီး ဘာကာ အသင်းဖော် ပီကေး ၊ ကလပ် အသစ်ဖော်သစ် ဖြစ်မလာနိုင်တော့တဲ့ အဂွေရို တို့ ကို ဖိတ်ခေါ် ခဲ့တယ်လို့ သိရ ပါတယ် ။

ဘိုင်ယန်မြုးနစ် အသင်းဟာ ကွင်းလယ်လူ ဂျိုရှူအာ ကင်မစ်ချ် ကို စာချုပ် သက်တမ်းတိုး နိုင်ကြောင်း ကြေညာဖို့ လုပ်ဆောင် နေတယ်လို့ သိရ ပါတယ် ။ ဒါ့အပြင် ဒီရာသီ အပြီးမှာ စာချုပ် သက်တမ်း ကုန်ဆုံး တော့မယ့် ကွင်းလယ်လူ ဂေါ်ရက်ဇ်ကာ ကိုလည်း စာချုပ် သစ် ချုပ်ဆိုဖို့ ညှိနှိုင်း ထားနိုင်ခဲ့ပြီလို့ သိရ ပါတယ် ။

 

အေစီမီလန် အသင်းရဲ့ ကစားသမားလေး ဂျန် ပီတာ ဟေ့ဂ် ဟာ ဂျာမန် ကလပ် ဖရန့်ဖွတ် ထံ ပြောင်းရွှေ့ တော့မှာ ဖြစ်ပြီး အီတလီ ကလပ်ဟာ ပြောင်းရွှေ့ကြေး အဖြစ် ယူရို ၁၂ သန်း ရရှိမယ်လို့ ကြားသိရ ပါတယ် ။

 

အာဆင်နယ် အသင်းဟာ လန်ဒန် မြို့ခံ စပါး အသင်းနဲ့ အပြိုင် ဖီအိုရင်တီးနား တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ် ကို ပြောင်းလဲ ပစ်မှတ် ထားလာ ခဲ့တယ်လို့လည်း သတင်း ကြားသိရ ပါတယ် ။ စပါးကတော့ ဗလာဟိုဗစ် ကို ဟယ်ရီကိန်း ထွက်ခွာမှသာ ခေါ်ယူမှာ ဖြစ်တယ်လို့ သိရ ပါတယ် ။

 

မက်ဆီ ဟာ ဒီကနေ့ ပြုလုပ် ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ နဲ့ နှုတ်ဆက်ပွဲ အပြီးမှာ PSG အသင်းထံ ပြောင်းရွှေ့ဖို့ စတင် လုပ်ဆောင် နေပြီလို့ သတင်းတွေ ဆက်တိုက် ပေါ်ထွက် လာခဲ့ ပါတယ် ။ အာဂျင်တီးနား တိုက်စစ်မှူးဟာ လာမယ့် ၂၄ နာရီ အတွင်း ပဲရစ် ကလပ် နဲ့ ဆေးစစ်မှု ပြုလုပ်မယ်လို့လည်း သတင်းတွေ ထွက်ပေါ် လာခဲ့ ပါတယ် ။

 

စပါး အသင်းဟာ ဒီကနေ့ ကစားခဲ့တဲ့ အာဆင်နယ် အသင်းနဲ့ ခြေစမ်းပွဲမှာ ယူရို ဖိုင်နယ်မှာ ပင်နယ်တီ မဝင်ခဲ့တာကြောင့် အသားအရောင် ခွဲခြားထိုးနှက် ပြောဆို ခံခဲ့ရတဲ့ အာဆင်နယ် လူငယ် ကြယ်ပွင့်လေး ဘူကာယို ဆာကာ အတွက် အားပေးကြောင်း စာသားကို ချိတ်ဆွဲ ဖော်ပြ ခဲ့သလို ဆာကာ လူစားလဲ ဝင်ရောက်လာချိန် မှာလည်း ပရိသတ်တွေက လက်ခုပ်တီးကာ အားပေး ခဲ့ကြတယ်လို့ သိရ ပါတယ် ။

 

အဆိုပါ ခြေစမ်းပွဲမှာ စပါးက အာဆင်နယ် ကို ဆွန်ဟောင်မင် ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင် ရရှိ ခဲ့တယ်လို့ သိရ ပါတယ် ။

 

လီဗာပူး နဲ့ ပေါ်တူဂီ ရှေ့တန်းလူ ဒီယေဂို ဂျိုတာ ဟာ ၂၀၀၄ အိုလံပစ် ပြိုင်ပွဲရဲ့ ပြေးခုန်ပစ် ပြိုင်ပွဲမှာ ငွေတံဆိပ်ဆု ရရှိ ခဲ့တဲ့ ပေါ်တူဂီ ပြေးခုန်ပစ် ကစားသမား ဖရန်စစ် အိုဘီကွီလူ နဲ့ လေ့ကျင့်မှု ပြုလုပ် နေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် ဟာ မက်ဆီ ကို ခေါ်ယူပြီးပါက ငွေထပ်သုံးဖွယ် မရှိနိုင်တဲ့ PSG ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူကာ ရင်းနစ် လူငယ်လေး အက်ဒွာဒို ကာမာဗင်ဂါ ကို လက်ဦးမှု ရယူဖို့ စဉ်းစား နေတယ်လို့ သိရ ပါတယ် ။

 

SPORTS MYANMAR