အင်တာမီလန် အသင်း ရဲ့ တိုက်စစ် ကစားသမား လော်တာရို မာတီနက်ဇ် ဟာ ပရီးမီးယားလိဂ် ကလပ် အသင်းတွေကို ပြောင်းရွှေ့မှာ မဟုတ်ဘဲ စီရီးအေ ကလပ်မှာပဲ ဆက်နေ သွားမှာ ဖြစ်ကြောင်း ​အေဂျင့် ဖြစ်သူ ကာမနို က တုန့်ပြန် ပြောကြား လိုက်ပါတယ် ။

မနေ့က တနင်္ဂနွေနေ့ ညနေမှာ တော့တင်ဟမ် အသင်း ဟာ အင်တာမီလန် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ် ကို ခေါ်ယူဖို့ ပေါင် သန်း ၆၀ နဲ့ သဘောတူညီမှု ရရှိ သွားခဲ့ပြီလို့ The Times က ဖော်ပြ လာခဲ့ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဒါပေမယ့် ​နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနို ကတော့ မာတီနက်ဇ် ကို ခေါ်ယူဖို့ တော့တင်ဟမ် အသင်းဟာ တွေ့ဆုံ ဆွေးနွေး ခဲ့ပေမယ့် အင်တာမီလန် အသင်းဘက်က ရောင်းချဖို့ ဆန္ဒ မရှိကြောင်း တုန့်ပြန် ခဲ့တယ်လို့ ရေးသား ဖော်ပြ ထားပါတယ် ။

အင်တာမီလန် အသင်းဟာ သူတို့ရဲ့ အဓိက တိုက်စစ်မှူး လူကာကူ ကို ချဲလ်ဆီး အသင်းထံ ပေါင် ၉၇.၅ သန်း နဲ့ ရောင်းချ ပြီးနောက် လော်တာရို မာတီနက်ဇ် ကိုတော့ အသင်းမှာ ဆက်လက် ထိန်းသိမ်း ထားဖို့ ရည်မှန်း ထားတာလည်း ဖြစ်ပါတယ် ။

အင်တာ မီလန် အသင်းဟာ အခု အချိန်မှာ လူကာကူ နေရာ အစားထိုးဖို့ ရိုးမား တိုက်စစ်မှူး ဒီဇစ်ကို ကို နှစ်နှစ် စာချုပ်နဲ့ ခေါ်ယူတော့မှာ ဖြစ်ပါတယ် ။ အင်တာမီလန် အသင်းဟာ လူကာကူ နေရာကို တိုက်စစ်မှူးနှစ်ဦး နဲ့ အားဖြည့် သွားမယ်လို့ သိရပြီး အတ္တလန်တာ တိုက်စစ်မှူး ဇာပါတာ ကိုလည်း ချိတ်ဆက် နေပါတယ် ။

လော်တာရို မာတီနက်ဇ် ရဲ့အေဂျင့် က TyC Sports နဲ့ အင်တာဗျူးမှာ အာဆင်နယ် ၊ တော့တင်ဟမ် တို့နဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်နေတဲ့အပေါ် ” လော်တာရို က အင်တာမှာရော အီတလီမှာပါ ပျော်ရွှင် နေပါတယ် ၊ သူ့ရဲ့ ဆုံးဖြတ်ချက်ကလည်း ဒီမှာပဲ ဆက်နေ သွားချင်တာပါ ။ ”

” သူက အသင်းကနေ ထွက်ခွာဖို့ရာ အင်တာမီလန် အသင်း နဲ့ ဘယ်တော့မှ အတိုက်အခံ လုပ်မှာ မဟုတ်ပါဘူး ၊ ဘယ်တော့မှပါပဲ ။ လော်တာရို က အင်တာမီလန် ကစားသမားပါ ၊ သူ အီတလီ မှာပဲ ပျော်နေပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး မာတီနက်ဇ် ဟာ ပြီးခဲ့တဲ့ရာသီက အင်တာမီလန် အသင်းအတွက် လိဂ်ပွဲပေါင်း ၃၈ ပွဲမှာ ၁၇ ဂိုး သွင်းယူ ပေးခဲ့ပြီး စီရီးအေ ချန်ပီယံ ဖြစ်အောင် ကူညီ ပေးနိုင်ခဲ့ပါတယ် ။