မနေ့က ကစားခဲ့တဲ့ The Mind Series ရန်ပုံငွေ ပြိုင်ပွဲရဲ့ တတိယ ပွဲစဉ်မှာ အာဆင်နယ် အသင်းဟာ တော့တင်ဟမ် အသင်း နဲ့ ယှဉ်ပြိုင် ကစားခဲ့ပြီး တစ်ဂိုး ဂိုးမရှိ နဲ့ ရှုံးနိမ့် သွားခဲ့ပါတယ် ။ တော့တင်ဟမ် အသင်း အတွက် တစ်လုံး တည်းသော သွင်းဂိုးကိုတော့ ဆွန်ဟောင်မင် က သွင်းယူ ပေးခဲ့ပါတယ် ။

တော့တင်ဟမ် နဲ့ ပွဲမှာ အာဆင်နယ် အသင်း ကစားသမားတွေ ဖြစ်ကြတဲ့ ဝီးလော့ ၊ ဟိုးလ်ဒင်း နဲ့ ဝီလီယံ တို့ဟာ အရန် လူစာရင်းထဲတောင် ပါဝင် လာခဲ့ခြင်း မရှိပါဘူး ။ ဝီးလော့ ဟာ နယူးကာဆယ် အသင်း နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ် နေသူ ဖြစ်ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

တော့တင်ဟမ် နဲ့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ အာဆင်နယ် နည်းပြ အာတီတာ က ဝီးလော့ ၊ ဟိုးလ်ဒင်း တို့ မပါဝင်တဲ့ အကြောင်းအရင်းကို ” ဟုတ်ပါတယ် ၊ မတူညီတဲ့ အကြောင်းအရင်း နှစ်ခု ပါ ၊ ရောဘ့် ကတော့ ကစားဖို့ အဆင် မပြေတာကြောင့်ပါ ။ ”

” ရောဘ့် က ပွဲမှာ ပါဝင် ကစားဖို့ ကြံ့ခိုင်မှု မပြည့်ဝ နေတာ ကြောင့် ဖြစ်ပါတယ် ၊ ဂျိုး (ဝီးလော့) မပါနိုင်တဲ့ အကြောင်းအရင်း ကိုတော့ ပြောလို့ရတဲ့ အချိန်ကျရင် ခင်ဗျားတို့ကို ရှင်းလင်း ပြောကြား သွားမှာပါ ။ ”

ဝီးလော့ တစ်ယောက် နယူးကာဆယ် အသင်းကို ပြောင်းတော့မှာလား ဆိုတဲ့ မေးခွန်းကိုလည်း အာတီတာက ” ကျွန်တော် ပြောနိုင်တာ ဒါ အကုန်ပါပဲ ၊ ကျွန်တော် အခုထက် ပိုပြောနိုင်တဲ့ အချိန်ကျရင် ခင်ဗျားတို့ကို အသိပေး ပြောကြား သွားမှာပါ ။ ” လို့ ဆိုပါတယ် ။

အာဆင်နယ် အသင်းဟာ အပြောင်းအရွှေ့ မပိတ်ခင် နံပါတ် ၂ ဂိုးသမား နေရာ အတွက် ကစားသမားသစ် ထပ်ခေါ်သွားဖို့ ရှိနေပြီး Home-grown rules နဲ့ ကိုက်ညီတဲ့ ရှက်ဖီးယူနိုက်တက် ဂိုးသမား ရမ်ဒေးလ်စ် နဲ့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

ဒါကြောင့် သတင်းထောက်တွေဟာ အရန် ဂိုးသမား ခေါ်ယူနိုင်ဖို့ နီးစပ် နေပြီလား လို့ အာတီတာ ကို မေးမြန်း ခဲ့ကြပြီး အာတီတာ က ” ဘာတွေ ဖြစ်ပျက်လာမလဲ ဆိုတာ ကျနော်လည်း မသိပါဘူး ၊ ကျွန်တော် ဒီစကားပဲ ထပ်ပြောရပါဦးမယ် ၊ အသင်းမှာ ရှိတဲ့ ကစားသမားတွေနဲ့ပဲ လေ့ကျင့်မှုတွေ လုပ်ဆောင် သွားဦးမှာပါ ။ ”

” အသင်း မှာ တိုးတက်ဖို့ လိုအပ်နေတဲ့ အရာတွေ ဖြည့်ဆည်းနိုင်ဖို့ရာ ကျွန်တော်တို့ မှန်မှန်ကန်ကန် လုပ်ဆောင် နိုင်ရပါမယ် ၊ အပြောင်းအရွှေ့ ဈေးကွက် က မပိတ်သေးပါဘူး ။ ” လို့ ပြန်လည် ဖြေကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း ဟာ ပရီးမီးယားလိဂ် ရာသီသစ် မစမှီ ရာသီကြို ခြေစမ်းပွဲ ခြောက်ပွဲ ကစားခဲ့ပြီး ပရိသတ် မပါဘဲ တံခါးပိတ် ကစားခဲ့တဲ့၂ ပွဲ သာ အနိုင် ရခဲ့ကာ ကျန်ပွဲတွေမှာ ၁ ပွဲ သရေ ၊ သုံးပွဲ အထိ ရှုံးပွဲ ကြုံတွေ့ ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ခြေစမ်းပွဲတွေမှာ မီဝေါလ် နဲ့ ဝက်ဖိုဒ့် အသင်း တွေကို ၄-၁ နဲ့ အနိုင် ရခဲ့ပြီး ၊ ရိန်းဂျား အသင်း နဲ့ ၂-၂ ၊ ဟိုင်ဘာနီယန် နဲ့ ချဲလ်ဆီး အသင်းကို ၂-၁ ၊ တော့တင်ဟမ် အသင်းကို ၁-၀ နဲ့ ရှုံးနိမ့် ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် အဖြစ် လာမယ့် စနေနေ့ မြန်မာစံတော်ချိန် နံနက် ၁:၃၀ မှာ တန်းတက် ဘရန့်ဖိုဒ့် နဲ့ ကစား ရပါမယ် ။