ဒီနေ့ နံနက်မှာတော့ စပိန် လာလီဂါ ထိပ်သီး ဘာစီလိုနာ အသင်းဟာ Gamper Trophy ရဲ့ ပွဲစဥ် တစ်ခု အဖြစ် အီတလီ စီးရီးအေ ထိပ်သီး ဂျူဗင်တပ် အသင်းကို နူးကမ့်ကွင်းမှာ ဧည့်ခံ ကစားခဲ့ပြီး 3 – 0 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် နိုင်ပွဲ ရယူသွားနိုင်ခဲ့ ပါတယ် ။

ဒီပွဲမှာတော့ မက်ဆီ မပါဝင်တော့တဲ့ ဘာစီလိုနာအသင်းဖက်မှ မန်ဖစ် ဒီပေး ၊ မာတင် ဘရိတ်ဝိတ် နဲ့ ရီကတ် ပုဂ် တို့က 3′ , 57′ , 90′ မိနစ် တွေမှာ တစ်ဂိုးစီ သွင်းယူပေးခဲ့ကြပြီး အသင်း အတွက် ဂိုးပြတ် နိုင်ပွဲ ရရှိစေခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ဒါဟာ မက်ဆီ ထွက်ခွာတဲ့နောက် ဘာကာရဲ့ ပထမဆုံး ပွဲစဥ် ဖြစ်ခဲ့ရ ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

အဆိုပါ ပွဲစဥ်အပြီးမှာတော့ ဘာစီလိုနာအသင်း နည်းပြ ရော်နယ်ကိုးမန်းက မက်ဆီလို ကစားသမားမျိုးကို ဆုံးရှုံးရတာက တကယ့်ကို ခက်ခဲလှကြောင်း ၊ ဒါပေမဲ့ အသင်း ခေါင်းဆောင် မရှိတော့ဘူးဆိုပြီး ထိုင်နေလို့ မရကြောင်း ၊ သူတို့ဟာ မက်ဆီ မပါပဲ ရှေ့ဆက်ရမှာ ဖြစ်ကြောင်း ပြောခဲ့လိုက် ပါတယ် ။

” မက်ဆီလို အကောင်းဆုံး ကစားသမားတစ်ဦး ထွက်ခွာသွားမယ်ဆိုရင် ဒါဟာ အားလုံးအတွက် ခက်ခဲနေပါလိမ့်မယ် ။ ဒီလို ခံစားချက်က ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပါတယ် ။ ကျွန်တော်တို့ ဒီတိုင်းပဲ ရှေ့ဆက်ကြရပါ့မယ် ၊ ဘာဖြစ်လို့လဲဆိုတော့ အခြေအနေ တွေကို ကျွန်တော်တို့ ပြောင်းလဲလို့ မရနိုင်လို့ပါ ”

” ကျွန်တော်တို့ ကောင်းကောင်း ကစားရမယ် ၊ နိုင်ရမယ် ၊ အခုထက် အများကြီး ပိုပြီးတော့ ကြိုးစား ကြရပါ့မယ် ။ သူ့ရဲ့နေရာမှာ အရေးကြီးတဲ့ ကဏ္ဍတစ်ရပ်မှ ပါဝင်ကစားပေးနိုင်တဲ့ ကစားသမားတွေ ရှိနေပါသေးတယ် ။ အသင်းမှာ လီယို မရှိတော့ပါဘူး ၊ ဒါပေမဲ့ ကျွန်တော်တို့ ရှေ့ဆက်ရပါ့မယ် ၊ လာမယ့် ပွဲစဥ်တွေကို ရှေးရှုရပါ့မယ် ” လို့ ရော်နယ် ကိုးမန်း က မှတ်ချက် ပေးခဲ့လိုက် ပါတယ် ။

ဘာစီလိုနာ အသင်းရဲ့ ဝါရင့် နောက်ခံလူ ဂျရတ် ပီကေး ကတော့ မက်ဆီ ထွက်ခွာသွားတဲ့ အတွက် အသင်မှာ အရင်လို ပင်ကိုယ် ပါရမီ ကောင်းမွန်မှုတွေ ရှိနေမှာ မဟုတ်တော့ကြောင်း ၊ မက်ဆီ ထွက်ခွာမှုက အသင်း ပေါ်မှာသာမက အသင်းသားတွေ အပေါ်မှာပါ သက်ရောက်မှု ရှိနေစေလိမ့်မယ်လို့ ပြောခဲ့လိုက် ပါတယ် ။

” ထာဝရ အကောင်းဆုံး ဘောလုံးသမား ထွက်ခွာသွားမှတော့ ပါရမီ ၊ မှော်ဆန်မှု အပိုင်းတွေမှာ ခင်ဗျားဟာ တူညီတဲ့ အဆင့်အတန်း တခု ပိုင်ဆိုင်နေမှာ မဟုတ်တော့ပါဘူး ။ ကျွန်တော်တို့ဟာ ဂိုးတွေအများကြီးသွင်း ၊ ဖန်တီးမှုတွေ အများကြီး လုပ်ပေးနိုင်တဲ့ အရေးကြီးလွန်းတဲ့ တိုက်စစ် ကစားသမားကို ဆုံးရှုံးခဲ့ကြတာပါ ”

” ဒါပေမဲ့ ကျွန်တော်တို့ဟာ ယှဥ်ပြိုင်မှုတွေကို လုပ်နိုင်တဲ့ အသင်း တစ်သင်း အဖြစ် ရှိနေကြဖို့ လိုအပ်ပါသေးတယ် ။ ဒါက အကောင်းဆုံးနေ့ တစ်ခုတော့ မဟုတ်ခဲ့ရ ပါဘူး ။ တစ်နေ့ ဒီလိုရက်စွဲမျိုး ရောက်လာလိမ့်မယ်လို့ ကျွန်တော် သိထားပြီးသားပါ ။ ဒါပေမဲ့ အဲ့တာက အသင်းအပေါ်မှာ သက်ရောက်မှု ကြီးမားနေခဲ့ပါတယ် ”

” အထူးသဖြင့် နှစ်တွေ အကြာကြီး သူနဲ့ အဝတ်လဲခန်း တစ်ခုထဲ နေခဲ့ရတဲ့ ကျွန်တော်တို့ အပေါ် သက်ရောက်မှု ကြီးမားလွန်းခဲ့ ပါတယ် ။ လူတွေက ပွဲကြည့်စင် ပေါ်ကနေ ပွဲတွေ ပြန်ကြည့်ဖို့ စိတ်အား ထက်သန် နေကြပါပြီ ။ ကျွန်တော်တို့ တကယ်ပဲ ကောင်းကောင်း ကစားပြချင်ကြ ပါတယ် ” လို့ ပီကေး က ပြောခဲ့လိုက် ပါတယ် ။