ချဲဆီး အသင်းရဲ့ လူငယ် တိုက်စစ်မှုး အဗရာဟမ် ကို ခေါ်ယူဖို့ ချဉ်းကပ်နေတဲ့ ကလပ်တွေဟာ အချိန်နဲ့အမျှ တိုးပွားလာလျှက် ရှိနေပါတယ်။

သူ့ကို ခေါ်ယူဖို့ နောက်ဆုံး ချိတ်ဆက် လာတဲ့ ကလပ်ကတော့ စီးရီးအေ ကလပ် ရိုးမား အသင်းဖြစ်ပြီး ၊ အသင်းကနေ ထွက်ခွာဖွယ် ရှိနေတဲ့ အီဒင် ဇက်ကို ရဲ့ နေရာကို အစားထိုးဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

အင်တာ မီလန် ဟာ သူတို့ရဲ့ တိုက်စစ်မှုး လူကာကူ ကို ချဲဆီး ထံ ရောင်းချဖို့ သဘောတူလိုက်ပြီး နောက်ပိုင်း ၊ အဲဒီနေရာ ကို အစားထိုးဖို့ တိုက်စစ်မှုး လာဖွေလာချိန်မှာ ရိုးမား က ဇက်ကို နဲ့ ချိတ်ဆက်မိခဲ့ ပါတယ်။ အီတလီ က သတင်းတွေ အရ အသက် 35 နှစ် အရွယ် ကစားသမားကြီး နဲ့ 2 နှစ် စာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီ လို့ သိရပြီး ၊ လက်ရှိမှာ အပြောင်းအရွှေ့ ကိစ္စတွေ အတွက် ရိုးမား နဲ့ အပြီးသတ် နိုင်ဖို့ ကြိုးစားနေပါတယ်။

ကလပ် နဲ့ နီးစပ်တဲ့ အသိုင်းဝိုင်းတွေမှာတော့ ရိုးမား နဲ့ အင်တာ တို့အကြား အပြောင်းအရွှေ့ ညှိနှိုင်းဆွေးနွေးမှုတွေမှာ အခက်ခဲ တစုံတရာ မရှိပဲ အဆုံးသတ် နိုင်ဖွယ် ရှိနေတယ်လို့ မှတ်ချက်ပေးလျှက် ရှိနေပါတယ်။

အင်တာ မီလန်ဟာ လူကာကူ ရဲ့ နေရာ ကို အစားထိုးဖို့ အတွက် ဇက်ကို တဦးတည်းကိုပဲ ရည်မှန်းထားတာ မဟုတ်ပါဘူး။ နောက်ထပ် အတ္တလန္တာ တိုက်စစ်မှုး ဇာပါတာ ကို ခေါ်ယူဖို့ ဆက်လက် ချိတ်ဆက်နေဆဲ ဖြစ်ပြီး ၊ အပြောင်းအရွှေ့ ကိစ္စတွေ ကို တေ့တေ့ဆိုင်ဆိုင် ကစားပြောကြဖွယ် ရှိနေပါသေးတယ်။

ရိုးမား နဲ့ အတ္တန္တာ တို့ဟာ သူတို့ရဲ့ အဓိက တိုက်စစ်မှုးတွေ ကို ဆုံးရှုံးရဖို့ နီးစပ်နေတာကြောင့်၊ အဲဒီနေရာတွေ မှာ အစားထိုးဖို့ အတွက် ကစားသမားသစ် ရှာဖွေရင်းကနေ အဗရာဟမ် ဆီ မြှားဦး လှည့်လာကြတာ ဖြစ်ပါတယ်။

အဗရာဟမ် ဟာ ပြီးခဲ့တဲ့ 2 ရာသီ ဆက်တိုက် ချဲဆီး အတွက် သွင်းဂိုး အများဆုံး ကစားသမား ဖြစ်ခဲ့သည့်တိုင်အောင် နည်းပြ တူချယ်ရဲ့ လက်ထက်မှာတော့ ပွဲထွက် ကစားခွင့် နေရာကို ဆုံးရှုံးလိုက်ရပါတယ်။ ဒါ့အပြင် လူကာကူ ပါ ထပ်မံ ရောက်ရှိလာဦးမှာ ဖြစ်လို့ သူ့အတွက် ပုံမှန် ပွဲထွက် ကစားခွင့် ပေးနိုင်မယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ဖို့ ပြင်ဆင်လာခဲ့ ပါတယ်။

ချဲဆီး ကလဲ အဗရာဟမ် ရဲ့ စာချုပ်သက်တမ်း က 2 နှစ် အထိ ကျန်ရှိနေသေးသည့်တိုင်အောင် ၊ ဒီရာသီမှာ ဆက်ပြီး ထိန်းထားမယ် ဆိုပါက ပွဲထွက် ကစားခွင့် ပိုမို နည်းပါးသွားခြင်း နဲ့ အတူ ဈေးလျှော့သွားမှာ စိုးရိမ်တာကြောင့် ၊ လက်ရှိ အပြောင်းအရွှေ့မှာပဲ ရောင်းထုတ်ဖို့ ပြင်ဆင်ထားပါတယ်။

ဒါကြောင့် ကမ်းလှမ်းလာမှုတွေထဲက ကစားသမား အတွက်ရော ၊ ကလပ်အတွက်ပါ အသင့်တော်ဆုံး ဖြစ်မယ့် အသင်းမျိုးကို ရွေးချယ်ကာ လက်ခံ စကားပြောဖွယ် ရှိနေပါတယ်။

ရိုးမား က အဗရာဟမ် ကို အဓိက ဦးစားပေး ပစ်မှတ် သတ်မှတ်ထားသော်လဲ ၊ အဆင်မပြေမှုတွေသာ ကြုံခဲ့မယ် ဆိုရင် ဒုတိယ ဖြစ်မှတ် ဖြစ်တဲ့ ဆိုစီဒက် အသင်းရဲ့ တိုက်စစ်မှုး အိုင်ဆက် ထံကို မြှားဦးလှည့်ဖွယ် ရှိနေပါတယ်။ သို့သော် အိုင်ဆက်ခ် ဟာ မကြာခင်ကမှ 2026 ခုနှစ် အထိ သက်တမ်းရှိတဲ့ စာချုပ် ချုပ်ဆိုထားတာကြောင့် ၊ ခေါ်ယူဖို့ အတွက် စည်းရုံးရတာ အခက်ခဲတွေ ရှိလာနိုင်ပါတယ်။

အဗရာဟမ် ကို ခေါ်ယူဖို့ လန်ဒန် မြို့ခံ ပြိုင်ဘက် ကလပ် ဖြစ်တဲ့ အာဆင်နယ် ကလဲ စိတ်ဝင်စားနေပြီး ၊ ချဲဆီး က တောင်းဆိုတဲ့ ဈေးကြောင့် စဉ်းစားချင့်ချိန်နေတယ်လို့ ယူဆရပါတယ်။ အဗရာဟမ် ဟာ ချဲဆီး လူငယ် အကယ်ဒမီ ကနေ ပေါ်ထွက်လာတဲ့သူ ဖြစ်သည့်တိုင်အောင် ၊ အာဆင်နယ် ပရိသတ် တဦးဖြစ်တယ်လို့လဲ သိရပါတယ်။