အာဆင်နယ် အသင်းဟာ ဝီးလော့ ရဲ့ တန်ကြေး မြင့်မား နေတုန်းမှာ နယူးကာဆယ် အသင်းထံ ရောင်းချဖို့ သဘောတူညီ လိုက်တာ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ် ။

အသက် ၂၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဝီးလော့ ဟာ ဂန်းနားတို့ အတွက် လေးရာသီ အတွင်း ပွဲပေါင်း ၇၈ ပွဲ ကစား ပေးခဲ့သူ ဖြစ်ပါတယ် ။ ဒါပေမယ့် ဝီးလော့ ဟာ အာဆင်နယ် နည်းပြ အာတီတာ လက်အောက်မှာ ပုံမှန် ပွဲထွက် ကစားခွင့် ရဖို့ ရုန်းကန် နေရသူ ဖြစ်ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဝီးလော့ ဟာ ပြီးခဲ့တဲ့ ရာသီ ဒုတိယ ရာသီဝက်မှာ နယူးကာဆယ် အသင်းထံ အငှား သွားရောက် ကစားခဲ့ပြီး ခြေစွမ်းပြ ကစား နိုင်ခဲ့ပါတယ် ။ ဝီးလော့ ဟာ နယူးကာဆယ် အသင်း အတွက် ၇ ပွဲဆက်တိုက် ဂိုးသွင်း နိုင်ခဲ့ပြီး အလန်ရှီးယား ရဲ့ စံချိန်ကို လိုက်မှီ နိုင်ခဲ့သလို ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိ ခဲ့ပါတယ် ။

နယူးကာဆယ် အသင်း နည်းပြ စတိဗ်ဘရုစ် ကလည်း ဝီးလော့ ရဲ့ ခြေစွမ်းကို သဘောကျ နှစ်ခြိုက်ကြောင်း ချီးကျူး ထားပြီး အသင်းထံ အပြီးသတ် ခေါ်ယူနိုင်ဖို့ လုပ်ဆောင် သွားမယ်လို့ ပွင့်ပွင့်လင်းလင်း ပြောကြား ထားခဲ့ပါတယ် ။

The Athletic ရဲ့ ဖော်ပြချက် အရတော့ နယူးကာဆယ် နဲ့ အာဆင်နယ် အသင်းတို့ဟာ ဝီးလော့ အတွက် ပေါင် သန်း ၂၀ ထက် ပိုတဲ့ ပမာဏ နဲ့ သဘောတူညီမှု ရရှိ ခဲ့ပြီ ဖြစ်ပြီး ကာယကံရှင် နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိဖို့တော့ ကျန်ရှိ နေသေးတယ်လို့ သိရပါတယ် ။

အခြား သတင်းတွေမှာ အာဆင်နယ် အသင်း ဝီးလော့ ကို အသင်းက ထွက်ခွာခွင့် ပြုလိုက်တဲ့ အကြောင်းအရင်းဟာ အသင်းရဲ့ ပွဲထွက် ကစားသမား စာရင်းမှာ နေရာပေးဖို့ နေရာလွတ် မရှိတာကြောင့် ဖြစ်နိုင်ကြောင်း ဖော်ပြ နေကြပါတယ် ။

The Athletic ကတော့ အာဆင်နယ် အသင်းဟာ ကစားသမား တစ်ဦးကို အခွင့်အရေး မပေးနိုင်ဘဲ ကာလရှည်စွာ အသင်းမှာ ထိန်းသိမ်းထားမယ့် အရေးကို လုပ်ဆောင် ရမှာ ဝန်လေးနေတာကြောင့် ဝီးလော့ ကို ထွက်ခွာခွင့် ပေးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ် ။

ဒါကြောင့် အာဆင်နယ် အသင်းဟာ ဝီးလော့ ရဲ့ တန်ကြေး မြင့်မား နေချိန်မှာ ရောင်းချလိုက်တာဟာ အသင်း အတွက် ကောင်းမွန် သင့်တော်တယ်လို့ ယူဆပြီး ရောင်းချဖို့ ဆုံးဖြတ်ချက် ချလိုက်တာလည်း ဖြစ်ပါတယ် ။

ဒါ့အပြင် အာဆင်နယ် အသင်းဟာ ဝီးလော့ ကို ရောင်းချလို့ ရတဲ့ ငွေကို ကစားသမားသစ်တွေ ခေါ်ယူရာမှာ အသုံးချ သွားဖို့ စီစဉ် နေပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီနွေရာသီမှာ ရှာကာ ၊ ဘယ်လာရင် ၊ လာကာဇက် တို့လို စီနီယာ ကစားသမားတွေကို ရောင်းချဖို့ လုပ်ဆောင် ခဲ့ပေမယ့် သူတို့ တောင်းဆိုထားတဲ့ ဈေးနှုန်းကို ဘယ်အသင်းကမှ ပေးချေ လိုခြင်း မရှိတာကြောင့် အခက်တွေ့ ခဲ့ရပါတယ် ။ ဒါကြောင့် တန်ကြေး မှန်မှန်နဲ့ ကမ်းလှမ်းခြင်း ခံရတဲ့ ဝီးလော့ ကို ရောင်းချဖို့ သဘောတူညီ လိုက်တာ ဖြစ်ပါတယ် ။

SM