လီဗာပူး အသင်းရဲ့ နည်းပြကြီး ယာဂန် ကလော့ပ် က လက်ရှိ အပြောင်းအရွှေ့ ဈေးကွက်မှာ ကစားသမားသစ် ထပ်မံ အင်အား ဖြည့်တင်းမယ့် အရိပ်ယောင် စကားတွေ ပြောဆိုလိုက်ပြီး နောက်ပိုင်း ၊ ရီနာတို ဆန်းချက် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ကြောင်း ပြင်သစ်က သတင်းတွေမှာ ဖော်ပြလာပါတယ်။

လီဗာပူး ဟာ မနေ့ညက ကစားခဲ့တဲ့ ဘီဘာအို အသင်းနဲ့ ပွဲစဉ်မှာ 1-1 သရေ ကျခဲ့သည့်တိုင်အောင် ၊ ခြေစွမ်းက အလွန်တည်ငြိမ်ခဲ့ပြီး ၊ အန်ဖီးလ် ပရိသတ်တွေ စိတ်ကြိုက် ဖြစ်ခဲ့ရပါတယ်။ ပွဲအပြီး အင်တာဗျူးမှာတော့ ဂျာမန်သားကြီး ဟာ အပြောင်းအရွှေ့ လှုပ်ရှားမှု နဲ့ ပတ်သက်ပြီး ၊ ကစားသမားသစ် ခေါ်ယူနိုင်ဖွယ် ရှိတဲ့ အကြောင်းကို အခုလို အရိပ်မြွက် ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

“ လက်ရှိ ကစားသမား စုဖွဲ့မှု နဲ့လဲ ကျနော်က ကျေနပ်ပြီးသားပါ ဒါပေမယ့် ဒီအဓိပ္ပါယ်က ကျနော်တို့ဟာ အပြောင်းအရွှေ့ ဈေးကွက်ကို ကျောခိုင်းထားပြီလို မဆိုလိုပါဘူး။

ဒါပေမယ့် လက်ကျန် အချိန်အတွင်း အပြောင်းအလဲ ဘာမှ မရှိခဲ့ဘူး ဆိုရင်တောင် ကျနော်က အခု ကစားသမား စာရင်းနဲ့ဆို အားရပြီးသားပါ။

ကျနော်တို့ ဆီမှာ ငွေပေးပြီး ဖန်တီးလို့ မရတဲ့ အကြောင်းအရင်းများစွာ ပိုင်ဆိုင်ထားပါတယ်။ Counter-Pressing ကစားပုံကို ငွေနဲ့ ဖန်တီးယူလို့ မရဘူး ၊ ကျနော်တို့ ပရိသတ်မျိုးတွေ ငွေပုံပေးပြီး ဝယ်လို့ မရဘူး ၊ အန်းဖီးက ပတ်ဝန်းကျင်မျိုး ၊ သီချင်းသံတွေ ကို ငွေပေးပြီး သီဆိုခိုင်းလို့ မရပါဘူး။

ပြောချင်တာက ငွေပေးပြီး ဝယ်လို့မရတဲ့ အကြောင်းရင်းတွေ များစွာကို ကျနော်တို့ ပိုင်ဆိုင်ထားပါတယ်။ ဒါတွေဟာ ကိုယ့်အားသာချက်တွေမို့ အသုံးချနိုင်အောင် ကြိုးစားရမှာ ဖြစ်သလို ၊ ကွင်းထဲက စွမ်းဆောင်ရည်တွေ အပေါ်လဲ အများကြီး သက်ရောက်မှု ရှိပါတယ်။

လက်ရှိ ကစားသမား စာရင်းဖွဲ့စည်းမှုက တော်တော်လေး များပါတယ် ၊ အပြောင်းအရွှေ့ မပိတ်သိမ်းခင် အပြောင်းအလဲတွေလဲ ဖြစ်ကောင်း ဖြစ်လာနိုင်ပါသေးတယ် ဒါပေမယ့် လောလောဆယ်မှာတော့ ဘာမှ တိတိကျကျ ပြောလို့ မရသေးပါဘူး” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

လီဗာပူး ပရိသတ်တွေ အကြားမှာလဲ အသင်းနဲ့ လမ်းခွဲသွားတဲ့ ဝိုင်နယ်ဒမ် ရဲ့ နေရာကို အစားထိုးဖို့ ၊ နောက်ထပ် ကစားသမားသစ် မခေါ်ယူတော့ဘူးလား ဆိုပြီး မေးခွန်းပေါင်း များစွာ ထုတ်နေကြပါတယ်။

အေတီကို အသင်းက ဆာအူး နီဂွက် ၊ ဝက်စ်ဟမ်း က ဂျာရော့ ဘိုဝင် ၊ ဂလာဘတ် က ဖလော်ရီယန် နူဟာ့စ် တို့ဟာ လီဗာပူး ရဲ့ စောင့်ကြည့် ကစားသမားစာရင်းမှာ ပါဝင်နေသူတွေ ဖြစ်ပြီး ၊ လိုင်လီ က ရီနာတို ဆန်းချက် ကလဲ သတင်းဟော့တဲ့ ကစားသမား တယောက် ဖြစ်ပါတယ်။

အဆိုပါ ပေါ်တူဂီ ကစားသမား ကို ခေါ်ယူဖို့ အတွက် ဘာစီလိုနာ နဲ့ အာဆင်နယ် အသင်းတွေ ကလဲ စိတ်ဝင်စားနေကြပါတယ်။

ဒီညနေ ထွက်ပေါ်လာတဲ့ သတင်းတွေ မှာတော့ လီဗာပူး ဟာ ရီနာတို ဆန်းချက် ကို ခေါ်ယူဖို့ စောင့်ကြည့်နေဆဲ ဖြစ်တယ်လို့ အခိုင်အမာ ဆိုထားပြီး ၊ လိုင်လီ ဘက်ကလဲ ယူရို သန်း 40 ခန့် ရရှိမယ် ဆိုပါက လက်လွှတ်ဖို့ အတွက် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

လိုင်လီ ဥက္ကဌ အိုလီဗာ လီတန် ကလဲ သူ့ ကစားသမားကို ခေါ်ယူဖို့ အတွက် ဥရောပ ထိပ်သီးကလပ် အသင်းကြီးတွေ က စိတ်ဝင်စားနေတဲ့ အကြောင်း ပြီးခဲ့တဲ့ အပတ်က သတင်းထောက်တွေ နဲ့ တွေ့ဆုံစဉ်မှာ ထုတ်ဖော် ပြောဆိုထားခဲ့ ပါတယ်။

အသက် 23 နှစ် အရွယ် ပေါ်တူဂီ သားဟာ လိုင်လီအသင်း ပြင်သစ် လီဂူး ဖလား ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးခဲ့တဲ့ အဓိက ကစားသမားတွေထဲက တဦးဖြစ်ပြီး ၊ လက်ရှိ စာချုပ် သက်တမ်းက 2 နှစ် ကျန်ရှိနေပါသေးတယ်။