အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ဥရောပ ဝင်ခွင့် နဲ့ လွဲချော် ခဲ့ပြီးနောက် ဒီနွေရာသီ အပြောင်းအရွှေ့ ကာလမှာ အသင်းကို အင်အား တောင့်တင်းစေမယ့် ကစားသမားတွေကို ခေါ်ယူ နိုင်ဖို့ လုပ်ဆောင် နေပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့ကာလမှာ ဘင်ဖီကာ အသင်းမှ နူနို တာဗာရက်စ် ၊ အန်ဒါလက် အသင်းမှ လိုကွန်ဂါ ၊ ဘရိုက်တန် အသင်းမှ ဘန်ဝှိုက် တို့ကို ခေါ်ယူ အားဖြည့်ထားပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဒါပေမယ့် ပရိသတ်တွေကတော့ အာဆင်နယ် အသင်း ရဲ့ ကစားသမား ခေါ်ယူမှု တွေကို အားရ ကျေနပ်မှု မရှိဘဲ အသင်းအတွက် အမှန်တကယ် တိုးတက်မှု ရှိစေမယ့် ထိပ်တန်း ကစားသမားမျိုးကို ခေါ်ယူဖို့ တိုက်တွန်း တောင်းဆို နေကြပါတယ် ။

အာဆင်နယ် ပရိသတ်တွေဟာ သူတို့ ခေါ်ယူစေချင်တဲ့ ကစားသမားကို ခေါ်ယူပေးဖို့ တစ်နေ့ မတ်ဆေ့ချ် အစောင် ၁၀၀ ဝန်းကျင်လောက် လာပို့လေ့ ရှိကြောင်း နည်းစနစ် ဒါရိုက်တာ အီဒူး ရဲ့သားဖြစ်သူ ဂတ်စပါ က Gooner Talk နဲ့ အင်တာဗျူးမှာ ပြောကြား သွားခဲ့ပါတယ် ။

အီဒူး ရဲ့ သား လွီဂျီ ဂတ်စပါ ဟာ အာဆင်နယ် ယူ-၁၈ အသင်းမှာ ကစားနေသူ ဖြစ်ပါတယ် ။ ဂတ်စပါ က Gooner Talk မှာ ” တစ်နေ့ကို မရှိဘူး ဆိုရင်တောင် အနည်းဆုံး message အစောင် ၁၀၀ လောက် ကျနော့် အင်စတာဂရမ်အကောင့်ကို လာလာ ပို့ကြပါတယ် ၊ သူတို့ ခေါ်စေချင်တဲ့ ကစားသမား ခေါ်ပေးဖို့ အကြောင်း ကျနော်ကနေ တစ်ဆင့် အဖေ(အီဒူး) ကို ပြောပေးဖို့ လာပြောကြတာပါ ။ ”

” ကျွန်တော် လက်တစ်လောမှာ ကာမဗင်ဂါ ရဲ့ အကြောင်း ရေးထားတဲ့ tweet တစ်ခုကို like လုပ်မိခဲ့ပါတယ် ၊ အဲ့တာကို ပရိသတ်တွေက တွေ့ပြီး စိတ်လှုပ်ရှား ရင်ခုန် သွားကြပါတယ် ၊ ဒါပေမယ့် ကျွန်တော် tweet တစ်ခုကို like ပေးလိုက်တာနဲ့ အဲ့ဒီ ကစားသမားက အာဆင်နယ် ကို ရောက်တော့မယ်လို့ မထင်ကြပါနဲ့ဗျာ ။ ”

အာဆင်နယ် အသင်း အနေနဲ့ မက်ဒီဆင် ကို ခေါ်တော့မှာလား ဆိုတဲ့ မေးခွန်းကိုလည်း လွီဂျီ ဂတ်စပါ က ” ကျွန်တော် မသိပါဘူး ။ ဒီအကြောင်း နဲ့ ပတ်သက်ပြီး အဖေ့ကိုလည်း မမေးဖူးပါဘူး ။ အားလပ်ရက်မှာတောင် အ​ဖေ က မိသားစုနဲ့ အချိန်ကုန်ဆုံးတာထက် အာဆင်နယ် အတွက် ဖုန်းတစ်လုံးနဲ့ အချိန်ကုန်ဆုံးနေတာက ပိုများပါတယ် ။ ” လို့ ဖြေကြား သွားခဲ့ပါတယ် ။

အာဆင်နယ် ပရိသတ်တွေကတော့ လွီဂျီ ဂတ်စပါ ရဲ့ အင်တာဗျူး ကို တွေ့အပြီးမှာ အီဒူး တစ်ယောက် အာဆင်နယ် အတွက် ဖုန်းတစ်လုံး နဲ့ အလုပ်ရှုပ် နေတာ မဖြစ်နိုင်ဘဲ တခြားကိစ္စတွေကြောင့်သာ ဖြစ်နိုင်ကြောင်း အရွှန်းဖောက် နောက်ပြောင် နေကြပါတယ် ။

အာဆင်နယ် အသင်းရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး နောက်ဆုံး ထွက်ပေါ် လာတဲ့ သတင်းကတော့ မက်ဒီဆင် ကို ခေါ်ယူရေးမှာ အာဆင်နယ် အသင်းရဲ့ အဓိက ကြုံတွေ့နေရတဲ့ အခက်အခဲဟာ လက်စတာ ဘက်က ပေါင် သန်း ၆၀ ကျော် ငွေသားသီးသန့် အလိုရှိနေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ် ။

ဒါကြောင့် နည်းစနစ် ဒါရိုက်တာ အီဒူး ဟာ ဈေးကွက်ထဲမှာ ဈေးပိုသက်သာတဲ့ ကစားသမားကိုရှာဖွေ နေတယ်လို့ သိရပါတယ် ။ လက်စတာ အသင်းဟာ မက်ဒီဆင် ကို ရောင်းချ ဖြစ်ပါက လင်ဂတ် ကို အစားထိုး ခေါ်ယူဖို့ စီစဉ် နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ် နေပါတယ် ။