မန်ချက်စတာ ယူနိုက်တက် တို့ရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦးဖြစ်သူ ရီယို ဖာဒီနန်က အိုးလ် ထရပ်ဖို့ဒ် မြေမှာ လူကာကူ မအောင်မြင်ခဲ့ခြင်းက ပရီးမီးယားလိဂ် ပြန်လာတဲ့အခါ သူ့ကို ပိုကောင်းတဲ့၊ ဆုံးဖြတ်ချက် ခိုင်မာတဲ့ ကစားသမား တစ်ဦး ဖြစ်စေနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောသွားခဲ့လိုက်ပါတယ် ။

လူကာကူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပရိသတ်တွေ မျှော်လင့်ထားသလောက် ခြေစွမ်း မပြနိုင်ခဲ့တဲ့ အတွက် 2019 တုန်းက အိုးလ် ထရပ်ဖို့ဒ် အခြေစိုက် ကလပ်မှ အီတလီ ထိပ်သီး အင်တာ မီလန် အသင်းဆီကို ပေါင် 75 သန်းနဲ့ ပြောင်းရွှေ့ခဲ့သူပဲ ဖြစ်ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

အဲ့ဒီနောက် သူဟာ အီတလီမြေမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တဲ့အတွက် ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူး တစ်ဦးကို အလိုရှိ နေတဲ့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ်လ် က သူ့ကို ခေါ်ယူနိုင်ဖို့ အတွက် ပေါင် သန်း 100 အထိ သုံးစွဲလိုနေတာပဲ ဖြစ်ပါတယ် ။

အခုတော့ အင်တာ မီလန် အသင်းအတွက် ပြိုင်ပွဲစုံ 44 ပွဲ ကစားပေးခဲ့ပြီး 30 ဂိုး အထိ သွင်းယူ ထားနိုင်ခဲ့တဲ့ လူကာကူဟာ ချဲလ်ဆီး အသင်းဆီ ယခင်ကထက် ပိုများတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ရောက်ရှိဖို့ အရမ်းပဲ နီးစပ်နေပြီ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြနေခဲ့ကြပါပြီ ။

အခုတော့ ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန် က လူကာကူဟာ သူ့အပေါ် သံသယ ဖြစ်ခဲ့သူတွေ မှားယွင်းကြောင်း သက်သေပြနိုင်ဖို့ အတွက် လောင်စာ ၊ ပေါက်ကွဲအား အပြည့် ၊ ခွန်အားအပြည့်နဲ့ ကစားသွားလိမ့်မယ်လို့ ယုံကြည်ကြောင်း ၊ ယူနိုက်တက်နဲ့ ရင်ဆိုင်ဖို့ စိတ်အား ထက်သန်နေမှာ ဖြစ်ကြောင်း သုံးသပ် သတိပေးခဲ့လိုက် ပါတယ် ။

” ကျွန်တော် မကြာသေးခင်က သူနဲ့ စကားပြောဖြစ်ခဲ့ပါသေးတယ် ။ သူဟာ ဆာလောင်နေတဲ့ ကစားသမား တစ်ဦး ပါပဲ ။ သူဟာ ချဲလ်ဆီး ကို ပြောင်းတော့မယ်လို့တော့ ကျွန်တော့်ကို အတည်ပြုချက် မပေးခဲ့ပါဘူး ။ ဒါပေမဲ့ သူဟာ ဒီရာသီအတွက် အရမ်းကို ဆာလောင်နေတယ်တော့ ပြောခဲ့ ပါတယ် ”

” ဒီကောင်လေးဟာ လောင်စာ အပြည့် ၊ ခမ်းနားမှုတွေနဲ့ ရောက်လာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ သူဟာ သူ့အပေါ် သံသယ ထားရှိသူတွေ ပိုင်ဆိုင်ခဲ့ ပါတယ် ။ အဲ့တာတွေဟာ မှားယွင်းကြောင်း သက်သေပြနိုင်ဖို့ အတွက် သူဟာ အစွမ်းကုန် ကြိုးစားပါလိမ့်မယ် ”

” သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကစားပေးခဲ့စဥ်တုန်းက သူ့ရဲ့ခြေစွမ်းအပေါ် သံသယ ရှိခဲ့ကြတဲ့ ကွင်းလုံးပြည့် ပရိသတ်တွေရှေ့မှောက် ကစားပေးခဲ့ရ ပါတယ် ။ သူ့အပေါ် သံသယ ရှိတဲ့ ပရိသတ်တွေ အရမ်းကို များခဲ့ပါတယ် ။ သူ ထွက်သွားတော့လည်း ပရိသတ်တွေ အတော်များများ မကျေမနပ် ဖြစ်ခဲ့ကြ ပါတယ် ”

” အခုတော့ သူဟာ နေရာ တစ်ခုမှာ ထိုင်နေရင်းနဲ့ သူ့ရဲ့ ဒိုင်ယာရီ စာအုပ်ကို ဖွင့်ကာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ဘယ်တော့ ရင်ဆိုင်ရမလဲ ၊ ဘယ်တော့မှ ခြေစွမ်းကို သက်သေပြခွင့် ရလိမ့်မလဲ ဆိုတာ စောင့်မျှော်နေလောက် ပါပြီ ”

” ရိုမီလူ လူကာကူက ခင်ဗျားတို့တွေအတွက် တစ်ရာသီ ဂိုး 20 လောက် သွင်းပေးဖို့ အာမခံခံချက် ပေးနိုင်သူ တစ်ဦးပါ ။ အနည်းဆုံး အဲ့လောက်တော့ သူဟာ အာမခံချက် ပေးနိုင်ပါတယ် ။ သူ ဘယ်မှာပဲ ကစားခဲ့ပါစေ ၊ ဂိုးတွေကို သွင်းယူပေးခဲ့တာချည်း ပါပဲ ”

” သူဟာ အံ့ဖွယ် ကောင်းတဲ့ ဂိုးသွင်းစွမ်း ရှိသူ တစ်ဦးပါ ။ ဒါကို ရိုးရှင်းစွာ သိမြင်ခဲ့ပြီးပါပြီ ။ သူဟာ မနှစ်တုန်းက တီမို ဝါနာ ရခဲ့သလောက် အခွင့်အရေးတွေသာ ရခဲ့မယ်ဆိုရင် 30 – 35 ဂိုးလောက် အသာလေး သွင်းယူနိုင်ပါလိမ့်မယ် ။ ဒါက ရိုးရှင်းလှပါတယ် ”

” ဒါပေမဲ့ ဝါနာကလည်း ဘောလုံး မရှိတဲ့အချိန် လှုပ်ရှား ပြေးလွှားမှု ၊ နေရာလွတ်တွေကို ဖန်တီးပေးနိုင်စွမ်းရှိခြင်းကြောင့် ချဲလ်ဆီး အသင်းအတွက် ဒီရာသီမှာ အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်နေနိုင်ပါလိမ့်ဦးမယ် ။ ချဲလ်ဆီး တိုက်စစ်က အင်အား တောင့်လှ ပါတယ် ။ ပါရမီ ထူးကဲသူတွေ ရှိတဲ့ တိုက်စစ်ပါပဲ ”

” သူတို့ အသင်းမှာ ပုံစံခြားနားတဲ့ တိုက်စစ် ကစားသမားတွေ ရှိနေကြပါတယ် ။ လူကာကူ အဲ့ကို ရောက်သွားခဲ့ရင် ချဲလ်ဆီးဟာ အမှတ်ပေးဖလားကို သေချာပေါက် စိန်ခေါ်တဲ့ အသင်း ဖြစ်သွားပါလိမ့်မယ် ။ သူတို့ ဖလား ရနိုင်စွမ်း ရှိသွားပါလိမ့်မယ် ” လို့ ဖာဒီနန် က သုံးသပ် ပြောကြားခဲ့လိုက် ပါတယ် ။