မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရာသီတွေတုန်းက ဝက်စ်ဟမ်း အသင်းရဲ့ ကွင်းလယ်လူ ဒီကလန်် ရိုက်စ်ကို ခေါ်ယူဖို့ သတင်းတွေ ထွက်ခဲ့ဖူးပါသေးတယ် ။ ဒါပေမဲ့ မာတစ် စာချုပ်သက်တမ်းတိုးမှု ၊ တော်မီနေး နဲ့ ဖရက်ဒ် တို့ ရှိနေမှုတွေကြောင့် သတင်းတွေ ငြိမ်သွားခဲ့ရ ပါတယ် ။

ဒါပေမဲ့ ကစားသမား ဖြစ်သူ ယူရို 2020 ပြိုင်ပွဲ အတွင်း အင်္ဂလန် လက်ရွေးစင် အသင်းအတွက် ပွဲတွေဆက်တိုက် ကစားပေးပြီး ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တဲ့နောက်် မန်ချက်စတာ ယူနိုက်တက်ရော ၊ ချဲလ်ဆီး အသင်းပါ သူ့ကို စိတ်ဝင်စားနေကြတယ်လို့ သတင်းတွေ ပြန်လည် ကျယ်လောင်လာခဲ့ ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းက ဆန်ချို ၊ ဗာရန်း တို့ အတွက် ပေါင် 116 သန်း ဝန်းကျင် သုံးစွဲထားမှု ၊ အသင်းမှ ကစားသမား ရောင်းထုတ်မှု မရှိသေးခြင်းတွေကြောင့် ပေါင် သန်း 100 လောက်အထိ တန်ကြေး ရှိနေတဲ့ ကွင်းလယ်လူကို ခေါ်ယူဖို့ မသေချာတော့ပါဘူး ။

ဒါ့အပြင် ပြီးခဲ့တဲ့ ရာသီက ငွေသုံးကြမ်းခဲ့တဲ့ ချဲလ်ဆီး အသင်းကလည်း ဒီနွေမှာ တိုက်စစ် နေရာကို အင်အားဖြည့်တင်းရေးအတွက် အင်တာ မီလန်မှ လူကာကူကို ပေါင် သန်း 100 ဝန်းကျင် ပေးချေသွားဖို့ သတင်းကြီး နေခဲ့တဲ့ အတွက် နောက်ထပ် ပေါင် သန်း 100 သုံးစွဲဦးမလားဆိုတာ မရေရာတော့ ပါဘူး ။

ဘယ်လိုပဲ ဖြစ်နေပါစေ ၊ နှစ်သင်းလုံးက ဝင်ငွေကောင်းတဲ့ အသင်းတွေ ဖြစ်ကြတဲ့အတွက် ဒီလိုအပြောင်းအရွှေ့ သတင်းက ဆက်လက် ထွက်ပေါ် နေခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ ဝက်စ်ဟမ်း နည်းပြ ဒေးဗစ် မိုယက်စ်က ရိုက်စ် ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ အဓိပ္ပါယ် နှစ်ခွရှိတဲ့ စကား ပြောခဲ့လိုက် ပါပြီ ။

ဒေးဗစ် မိုယက်စ်က ဘယ်အသင်းမဆို ကိုယ့်အသင်းရဲ့ အားထားရတဲ့ ကစားသမား ဖြစ်သူကို မရောင်းထုတ်လိုကြကြောင်း ၊ အကယ်လို့ မဖြစ်မနေ ရောင်းရမယ်ဆိုရင်လည်း ပေါင် သန်း 100 တန်ကြေး ရှိတဲ့ ကစားသမားမျိုး အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို လိုချင်ကြကြောင််း ပြောခဲ့လိုက်ပါတယ် ။

” ကျွန်တော်တို့တွေဟာ ပေါင်သန်း 100 အထိ တန်ကြေး သတ်မှတ်လို့ရတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားကြပါတယ် ။ ဒါပေမဲ့ သူတို့တွေကို မရောင်းထုတ်လိုကြပါဘူး ။ ဘောလုံး အားကစားမှာ ဒီနည်းလမ်းအတိုင်း အလုပ်လုပ်ရတာချည်း ပါပဲ ”

” ခင်ဗျားဟာ အသင်းရဲ့ ကစားသမားကောင်း တစ်ဦးကို မရောင်းထုတ်လိုပါဘူး ။ ခင်ဗျားတို့ လုပ်ဖြစ်မှာလည်း မဟုတ််ပါဘူး ။ အကယ်လို့ မဖြစ်မနေ လုပ်လိုက်ရပြီဆိုရင်လည်း ပြောင်းရွှေ့ကြေးဟာ အရမ်းကို မြင့်မား နေပါလိမ့်မယ် ။ ဒါက သေချာလွန်း ပါတယ် ”

” အဲ့ဒီရှုထောင့်က ကြည့်လိုက်မယ်ဆိုရင် အသင်းရဲ့ အခုလို လုပ်ဆောင်ချက်က မှန်ကန်တယ်လို့ ကျွန်တော် ထင်မိ ပါတယ် ။ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ် ထုတ်ပေးပြီး အရည်အသွေးကောင်းတဲ့ ကစားသမားမျိုးကို ခေါ်ယူနိုင်စွမ်းရှိတဲ့ အသင်းလည်း များများစားစား မရှိလှပါဘူး ”

” ကျွန်တော်တို့ ဆက်လက် တိုးတက်ဖို့ ကြိုးစားနေကြပါတယ် ။ ကျွန်တော်သာ လုပ်နိုင်မယ်ဆိုရင် ဒီလို လူတွေကို အသင်းရဲ့ ကစားသမားစာရင်းထဲ ပေါင်းထည့်လိုက်မှာပါ ။ ကျွန်တော်တို့ တိုးတက်နိုင်ဦးမယ့် အခန်းကဏ္ဍတွေရှိနေတယ်လို့ ထင်ပါတယ် ။ ကျွန်တော်တို့ အဲ့တာကို လုပ်နိုင်ဖို့ မျှော်လင့် နေပါတယ် ” လို့ ဒေးဗစ် မိုယက်စ်က ပြောကြား သွားခဲ့လိုက် ပါတယ် ။