ပြီးခဲ့တဲ့ ဘောလုံးရာသီက စံချိန်မှတ်တမ်း မျးစွာ နဲ့ စကော့တလန် အမှတ်ပေးဖလား ကို ဗိုလ်စွဲနိုင်ခဲ့တဲ့ ဂျရတ် ရဲ့ ရိန်းဂျား အသင်းဟာ အခုရက်ပိုင်း အတွင်းမှာတော့ ရလာဒ်တွေ ဆက်တိုက် ဆိုးဝါးလျှက် ရှိနေပါတယ်။

ဒီတပတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ ဒန်ဒီး ယူနိုက်တက် အသင်းကို ရှုံးနိမ့်ပြီး ၊ ပြည်တွင်း လိဂ် ပွဲ 40 ဆက် ရှုံးပွဲမရှိ စံချိန်က ရပ်တန့်သွားခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် မှာလဲ ဆွီဒင်ကလပ် မာမို အသင်းကို နှစ်ကျော့စလုံး ရှုံးနိမ့်ကာ ပြိုင်ပွဲ ကနေ နှုတ်ဆက်လိုက် ရပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ရိန်းဂျား ဟာ ဆွီဒင် မှာ ကစားခဲ့တဲ့ ပထမ အကျော့ပွဲစဉ်မှာ 2-1 ရလာဒ် နဲ့ ရှုံးနိမ့်ထားခဲ့တာကြောင့် ၊ မနေ့ညက အိမ်ကွင်း ပွဲစဉ်မှာတော့ သေသေချာချာ ပြင်ဆင်လာခဲ့ ပါတယ်။ အသင်း အတွက် ဦးဆောင်ဂိုး ကို 19 မီးနစ် မှာပဲ မိုရီလေ့ာ က ရိုင်ယန် ခန့် ရဲ့ ဖရီးကစ် ကနေ တဆင့် သွင်းယူပေးခဲ့တာကြောင့် ၊ ဖိအားတွေ စောစောစီးစီး လျှော့နည်းသွားခဲ့တယ်လို့ ဆိုရမှာပါ။

ပွဲဟာ 1-0 ရလာဒ် နဲ့ ကို ပြီးဆုံးခဲ့မယ် ဆိုပါက အဝေးကွင်း ဂိုးစည်းမျဉ်းကြောင့် ရိန်းဂျား တို့ပဲ နောက်တဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဂျရတ်ဟာ ဦးဆောင်ဂိုး ရပြီး ကတည်းက ပွဲကို ထိန်းထိန်းသိမ်းသိမ်း ကစားလာခဲ့ ပါတယ်။

ပထမပိုင်း ရဲ့နာကျင် အချိန်ပို အရောက်မှာ မာမို အသင်းက ဘွန်ကီ ဟာ 2 ဝါ 1 နီ နဲ့ ထပ်မံ ထုတ်ပယ်ခံလိုက်ရပြန်ပါတယ်။ ဒါကြောင့် ရိန်းဂျား ဟာ တယောက်သာစီး ဖြစ်သွားတာကြောင့် Play-Off အဆင့်ကို တက်လှမ်းဖို့ အခြေနေကောင်းတွေ အများကြီး ပိုင်ဆိုင်ခဲ့တာပါ။

သို့သော် ဒုတိယပိုင်းမှာတော့ အထနှေးလွန်းနေတဲ့ ကစားသမာတွေကြောင့် ပွဲဟာ ချက်ခြင်း ပြောင်းပြန် ဖြစ်သွားခဲ့ ပါတယ်။ မာမို တိုက်စစ်မှုး ကိုလတ် ဟာ 5 မီးနစ် အတွင်းမှာပဲ 2 ဂိုး ဆက်တိုက် သွင်းယူပြီး ၊ ပွဲရဲ့ ကံကြမ္မာ ကို ပြောင်းပြန် လှန်ပစ်လိုက် ပါတယ်။

2 ဂိုး စလုံးဟာ ရိန်းဂျား ခံစစ်မှုးတွေ ရဲ့ အားနည်းချက်တွေ ကနေ ရရှိသွားခဲ့တာ ဖြစ်ပြီး ၊ ကိုလတ် ရဲ့ အဆုံးသတ် ကန်ချက်တွေကလဲ သပ်ရပ်လွန်းခဲ့ ပါတယ်။

အဲဒီနောက်မှာတော့ ရိန်းဂျား ဟာ နောက်ထပ် သွင်းဂိုးတွေ ရရှိဖို့ အစွမ်းကုန် တိုက်စစ်ဆင် ကစားခဲ့သည့်တိုင်အောင် ခံစစ် ပိတ်ဆို့ထားတဲ့ မာမို ကို ကျော်ဖြတ်နိုင်ခြင်း မရှိပဲ ၊ နှစ်ကျော့ပေါင်း 4-2 ရလာဒ် နဲ့ အရှုံးပေးသွားခဲ့ ရပါတယ်။

ပြီးခဲ့တဲ့ ရာသီ တလျှောက်လုံး ခြေစွာခဲ့တဲ့ ရိန်းဂျားဟာ ဒီတပတ် အတွင်းမှာပဲ 3 ပွဲ ဆက်တိုက် ရှုံးနိမ့်တဲ့ မှတ်တမ်းဆိုးကြီးကို ပိုင်ဆိုင်သွားခဲ့ ပါတယ်။

မာမို ဟာ Play-Off အဆင့်မှာတော့ အိုလံပီယာကော့စ် ကို ကျော်ဖြတ်လာခဲ့တဲ့ လူဒိုဂိုရတ် အသင်းနဲ့ ရင်ဆိုင် ကစားသွားရမှာ ဖြစ်ပါတယ်။

အိုလံပီယာကော့စ် နဲ့ လိုဒိုဂိုရတ် တို့ဟာ ပထမ အကျော့ ဂရိမှာ ကစားခဲ့စဉ်က 1-1 သရေ ရလာဒ် ထွက်ပေါ်ခဲ့ပြီး ၊ လူဒိုဂိုရတ် ကွင်းမှာပြန်လည် ကစားချိန်မှာ 2-2 ရလာဒ် ထွက်ပေါ် ခဲ့ပြန်ပါတယ်။ ဒါကြောင့် နှစ်ကျော့ပေါင်း ရလာဒ်က တူညီနေတာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းခဲ့ရာ ၊ လူဒိုဂိုရတ် က 4-1 ရလာဒ် နဲ့ အနိုင်ရပြီး Play-Off အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် တတိယ အဆင့်မှာပဲ နှုတ်ဆက်လိုက်ရတဲ့ အသင်းတွေဟာ ယူရို ပါလိဂ် Play-Off အဆင့် ပွဲစဉ်ကို ကစားခွင့် ရရှိမှာ ဖြစ်ပြီး ၊ အနိုင်ရရှိခဲ့ပါက ယူရို ပါလိဂ် အုပ်စု အဆင့်ကို တက်လှမ်းခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။