လာလီဂါ ပြိုင်ပွဲဟာ အခြား ဥရောပ ထိပ်တန်း ပြိုင်ပွဲကြီးတွေ နဲ့ မတူပဲ ထူးခြားတဲ့ စနစ် တခုကို ကျင့်သုံးပါတယ်။ အဲဒါကတော့ ဘောလုံးရာသီ မစတင်မှီ အချိန်မှာပဲ ကလပ် အသင်းတသင်း အနေနဲ့ လာမယ့်ရာသီ အတွက် လစာပေးချေမှု ပမာဏ ဟာ ဘယ်ပမာဏ အတွင်းမှာ ရှိရမယ် ဆိုတဲ့ သတ်မှတ်ချက်မျိုးကို တရားဝင် သတ်မှတ်ပေးတာ ဖြစ်ပါတယ်။

ဒါဟာ ကလပ်အသင်းတွေ အကြား ငွေကြေး အလွန်အကျွံ သုံးစွဲတာမျိုးတွေ မဖြစ်အောင် ကြိုတင် တားဆီးဖို့ လုပ်ဆောင်တာ ဖြစ်သလို ၊ ကစားသမားတွေ ကို လစာမပေးချေနိုင်ပဲ ဖြစ်မယ့် ကိစ္စမျိုးတွေ ၊ ဒေဝါလီခံရမယ့် အနေအထားတွေ ကနေ ရှောင်ရှားနိုင်ဖို့ အတွက် လိဂ် ပြိုင်ပွဲ တာဝန်ရှိသူတွေက ထိန်းချုပ်ပေးတာ ဖြစ်ပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဒါကြောင့် လာလီဂါမှာ ရှိတဲ့ ကလပ်အသင်းတိုင်းဟာ သတ်မှတ်ထားတဲ့ လစာ ကန့်သတ်ချက် အတွင်းမှာပဲ ရအောင် လည်ပတ်ရပါတယ်။ အဲဒီ လစာ ကန့်သတ်ချက် ပမာဏ ကို မှတ်ပုံတင် ကစားသမားစာရင်း ရဲ့ စုစုပေါင်း ကုန်ကျစာရိတ်လို့လဲ တခါတရံမှာ ခေါ်ဝေါ်သုံးစွဲကြလေ့ ရှိပါတယ်။

ဒီစည်းမျဉ်းကို လက်ရှိ လာလီဂါ ဥက္ကဌ ဂျာဗီယာ တီဗက် က စတင် အကောင်ထည် ဖော်ခဲ့တာ ဖြစ်ပြီး ၊ ကလပ်အသင်းတွေ အကြား ပွင့်လင်းမြင်သာမှု ရှိအောင် နဲ့ ဘဏ္ဍာရေး ဆိုင်ရာ ပြိုလဲမှုတွေ မဖြစ်ဖို့ ကြိုတင် ကာကွယ် တားဆီးပေးထားတာလဲ ဖြစ်ပါတယ်။

နှစ်စဉ် ဇူလိုင်လ 1 ရက်နေ့ ရောက်တာ နဲ့ လာလီဂါ ပြိုင်ပွဲ တာဝန်ရှိသူတွေဟာ ကလပ် အသင်းတွေ ရဲ့ လစာ ကန့်သတ်ချက် ပမာဏ ဘယ်လောက် ရှိရမယ် ဆိုတာ တွက်ချက်လေ့ရှိပါတယ်။ အဲဒီ ပမာဏ ကို ကျော်လွန်ကာ လည်ပတ်ရမယ့် ကလပ်မျိုးတွေ တွေ့ရှိခဲ့ရင် ၊ အပြောင်းအရွှေ့ ကာလမှာ မည်သည့် ကစားသမားမျိုးပဲ ခေါ်ယူထားပါစေ မှတ်ပုံတင်ခွင့် မပေးပါဘူး။ ဒါကြောင့် လစာပေးချေမှု ကန့်သတ်ချက်ကို ကျော်လွန်နေတဲ့ အသင်းတွေ အနေနဲ့ ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူမယ် ဆိုပါက ၊ အသင်းမှာရှိထားတဲ့ ကစားသမားတွေထဲက ရောင်းထုတ်ပြီး ကုန်ကျစာရိတ် လျှော့ချနိုင်မှသာ မှတ်ပုံတင်ဖို့ အခွင့်အရေး ရှိတာ ဖြစ်ပါတယ်။

လစာငွေ ပေးချေမှု ကန့်သက်ချက်ကို တွက်ချက်ရမှာ အသင်းရဲ့ ဝင်ငွေ စုစုပေါင်း ပမာဏထဲကနေ – လည်ပတ်မှု ကုန်ကျစာရိတ် အားလုံးကို နှုတ်ပြီး တွက်ကြတာ ဖြစ်ပါတယ်။

ဝင်ငွေ စုစုပေါင်း ပမာဏ ထဲမှာ ရုပ်သံ ထုတ်လွှင့်ခ + စပွန်ဆာကြေး + ပြိုင်ပွဲကနေ ရရှိတဲ့ဆုောကး + လက်မှတ်ရောင်းချငွေ + ကစားသမား ရောင်းချငွေ + အမှတ်တရ ပစ္စည်း ရောင်းချမှု စတဲ့ ကဏ္ဍမျိုးစုံကနေ ဝင်ရောက်လာတဲ့ ဝင်ငွေတွေ ပါဝင်ပါတယ်။

ဒါကြောင့် ကလပ်အသင်းတွေ ကြားမှာ တနှစ်နဲ့ တနှစ် လစာငွေ ကန့်သတ်ချက် ပမာဏ က လုံး၀ တူညီမှု မရှိပဲ အမြဲတမ်း ပြောင်းလဲလေ့ရှိပါတယ်။ လာလီဂါ တာဝန်ရှိသူတွေ ကတော့ အဲဒီ ကိစ္စကို အကြမ်းဖျင်း အားဖြင့် 4×1 စည်းမျဉ်းလို့ ခေါ်ဝေါ်ကြလေ့ရှိပါတယ်။ အဓိပ္ပါယ်က 4 ကျပ် ဝင်ငွေရှိရင် ၊ ကလပ် အနေနဲ့ လစာငွေ ကန့်သတ်ချက် ပမာဏမှာ 1 ကျပ် သာ သုံးစွဲခွင့် ရှိတယ်လို့ ဆိုလိုတာပါ။

လာလီဂါ ဥက္ကဌကြီး တီဗက် က အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး “ တကယ်လို့ ဘာစီလိုနာ ဟာ ယူရို သန်း 100 တန် ကစားသမား တယောက် ရောင်းချလိုက်ပြီ ဆိုရင် ၊ သူတို့ အနေနဲ့ ယူရို 25 သန်း တန် ကစားသမားသစ် ပဲ ပြန်လည် ခေါ်ယူခွင့်ရှိမှာပါ။ အဲလို မဟုတ်ရင်လဲ တနှစ်လုပ် ယူရို 10 သန်းပေးနေရတဲ့ ကစားသမား တယောက်နဲ့ အလွတ်ကြေး လမ်းခွဲလိုက်တယ် ဆိုကြပါစို့ ၊ သူတို့ အနေနဲ့ ယူရို 2.5 သန်း ပေးချေရမယ့် ကစားသမားမျိုးပဲ မှတ်ပုံတင်ခွင့် ရမှာပါ။

ထပ်ပြောရရင် ဘာစီလိုနာ ဟာ တရာသီ ယူရို 25 သန်း ပေးချေမယ့် ကစားသမားမျိုး ခေါ်ယူမယ် ဆိုရင် ၊ လစာပေးချေမှု ကနေ ယူရို သန်း 100 လျှော့ချဖို့ ကြိုးစားရမှာပါ။ အဲဒီလို လုပ်ဆောင်ရာမှာ ရှိရင်းစွဲ ကစားသမားတွေ ရောင်းချတာ ဖြစ်ဖြစ် ၊ စုစုပေါင်း လစာပေးချေမှု ကုန်ကျစာရိတ်ကို လျှော့ချတာမျိုးဖြစ်ဖြစ် လုပ်ဆောင်ဖို့ လိုပါလိမ့်မယ်” လို့ ဥပမာပေး ရှင်းပြသွားခဲ့ ပါတယ်။

ဘာစီလိုနာ ရဲ့ စုစုပေါင်း လစာ ပေးချေမှု ပမာဏဟာ 2019 ခုနှစ် မှာ ကတည်းက အရမ်း မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အချိန်က လစာကန့်သတ်ချက်ဟာ ယူရို 671.4 သန်း အထိ ရှိခဲ့ပေမယ့် ၊ လက်ရှိ အပြောင်းအရွှေ့မှာတော့ ယူရို 347 သန်း အထိ ကျဆင်းသွားခဲ့ရပါတယ်။ တချိန်တည်းမှာပဲ ကလပ် ကြွေးမြီး ပမာဏက မြင့်မားနေဆဲ ဖြစ်သလို ၊ ကစားသမားတွေ ကို ပေးချေတဲ့ လစာ စုစုပေါင်း ပမာဏကလဲ မြင့်မားနေဆဲပါ။

လက်ရှိ ဥက္ကဌ ယိုဟန် လာပေါ်တာ ကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီ အရှုံးပမာဏ က ယူရို သန်း 200 ကျော် အထိ ရှိခဲ့ပြီး ၊ ဝင်ငွေ စုစုပေါင်း ရဲ့ ယူရို သန်း 500 လောက် ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။

မက်ဆီ ရဲ့ မြင့်မားလွန်းတဲ့ လစာပမာဏ ကို လျှော့ချနိုင်ခဲ့ပြီ ဖြစ်သလို ၊ ဖစ်ပို ၊ ထရင်ကာအို ၊ ကိုနာ့ဒ် ၊ တော်ဘီဒို ၊ အလီနာ တို့ကို ရောင်းချရင်း ယူရို 35 သန်း ဝန်းကျင် ရှာဖွေနိုင်ခဲ့သည့်တိုင်အောင် ၊ ဘာစီလိုနာ ရဲ့ ဘဏ္ဍာရေး အကျပ်အတည်း က ပြေလည်သွားဖို့ လမ်းကြောင်း ပွင့်မလာခဲ့သေးပါဘူး။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ လ ဝန်းကျင်က ဥက္ကဌဟောင်း ဘာတိုမြူဟာ “ဘာစီလိုနာ က ဘောလုံးလောကမှာ ဝင်ငွေ ယူရို 1 ဘီလီယံကျော် ရရှိတဲ့ ပထမဆုံး ကလပ် ဖြစ်လာတော့မယ်” လို့ ကြွေးကြော်ခဲ့သည့်တိုင်အောင် ၊ နောက် တနှစ်ခွဲအကြာမှာတော့ ဒေဝါလီခံရဖို့ အထိတောင် ဆိုးဝါးသွားခဲ့တာတော့ ၊ ကလပ် တာဝန်ရှိသူတွေ ရဲ့ စီမံခန့်ခွဲမှု အလွဲတွေကြောင့်ပဲလို့ အပြစ်တင်ရတော့မှာ ဖြစ်ပါတယ်။