ဒန်နီမာဖီက လက်ရှိ နွေရာသီ အပြောင်းအရွေ့ ဈေးကွက် မပိတ်သိမ်းမီ လီဗာပူးဟာ ထိပ်တန်း ကစားသမား ခေါ်ယူမှု တစ်ခု ပြုလုပ်လိမ့်မယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။ လီဗာပူးဟာ ယခု နွေရာသီ အစောပိုင်းမှာ RB လိုက်ပ်ဇစ် ကနေ နောက်ခံလူ အေဗရာဟီမာကိုနာတေးကို ခေါ်ယူခဲ့ပြီးနောက် အပြောင်းအရွေ့ ဈေးကွက်မှာ သွေးအေးလျက် ရှိနေပါတယ်။

လီဗာပူးတို့ ဈေးကွက်ထဲမှာ တက်ကြွမှု မရှိနေတဲ့ အချိန် ၎င်းရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေ ကတော့ ငွေကြေးများစွာ သုံးစွဲကာ ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်နေပြီး မန်စီးတီးဟာ ဂျက်ဂရီလစ်ချ် အတွက် ဗြိတိန် စံချိန်တင် ပြောင်းရွေ့ကြေး ပေါင်သန်း ၁၀၀ သုံးစွဲထားခဲ့သလို ၊ မန်ယူနိုက်တက် ကလည်း ဆန်ချို နဲ့ ဗာရန်း တို့အတွက် ပေါင်သန်း ၁၀၀ ကျော် အသုံးပြု ထားခဲ့ပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ချဲလ်ဆီး ကလည်း အင်တာမီလန် တိုက်စစ်မှုး လူကာကူကို ကလပ်စံချိန်တင် ပြောင်းရွေ့ကြေး ယူရို ၁၁၅ သန်း (ပေါင် ၉၇.၅ သန်း) နဲ့ ခေါ်ယူဖို့ နီးစပ်နေသလို တော့တင်ဟမ် ၊ အာဆင်နယ် တို့ကလည်း ငွေကြေးတွေ သုံးစွဲလျက် ရှိနေပါတယ်။ နွေရာသီ အပြောင်းအရွေ့ ဈေးကွက်ဟာ လာမည့် သြဂုတ်လ ၃၁ ရက်နေ့မှာ ပိတ်သိမ်းမှာ ဖြစ်ပေမယ့် မာဖီက သူ့ရဲ့ အသင်းဟောင်းဟာ လာမည့် ရက်သတ္တပတ် အနည်းငယ်မှာ ထိပ်တန်း ကစားသမား ခေါ်ယူမှု တစ်ခု ပြုလုပ်ဖို့ ရှိနေသေးတယ်လို့ ယူဆနေပါတယ်။

မာဖီက “လီဗာပူး အနေနဲ့ အပြောင်းအရွေ့ ဈေးကွက် မပိတ်မီ ထိပ်တန်း ကစားသမား ခေါ်ယူမှု တစ်ခု ပြုလုပ်သွားဖို့ ရှိနေပါသေးတယ်။ ကျွန်တော် ကတော့ ဒီလိုပဲ ထင်မိပါတယ်။ သူတို့ ခေါ်ယူ အားဖြည့်သွားမယ့် နေရာက တိုက်စစ်ပိုင်းပဲ ဖြစ်မှာပါ။ အထောင် တိုက်စစ် ဒါမှမဟုတ် တောင်ပံ တိုက်စစ်နေရာ ဖြစ်လောက်ပါတယ်။

အကယ်၍ ကျွန်တော်သာ ယာဂန်ကလော့ နေရာမှာ ဆိုရင် ပစ်မှတ်ထားတဲ့ ကစားသမား တစ်ဦးဟာ ဒီအသင်းရဲ့ ပွဲထွက် ကစားသမား စာရင်းမှာ နေရာ မရနိုင်ဘူး ၊ ဒီ ၁၁ ယောက်ကို မခြိမ်းခြောက်နိုင်ဘူး ဆိုရင် ကျွန်တော် ဘယ်သူ့ကိုမှ ခေါ်ယူသွားမှာ မဟုတ်ပါဘူး။

အကယ်၍ ကိုယ်ပစ်မှတ်ထားတဲ့ ကစားသမားဟာ ဖာမီနိုရဲ့ နေရာ ဒါမှမဟုတ် မာနေးရဲ့ နေရာမှာ ကစားနိုင်စွမ်း ရှိတယ် ဆိုရင်တော့ ကျွန်တော် သူ့ကို ခေါ်ယူသွားမှာပါ။ ဒါပေမယ့် ဒီလို လုပ်နိုင်တဲ့ ကစားသမားက အပြောင်းအရွေ့ ဈေးကွက်ထဲမှာ သိပ်ပြီး များများစားစား ရှိမနေပါဘူး။” လို့ ပြောလိုက်ပါတယ်။

လီဗာပူး မန်နေဂျာ ယာဂန်ကလော့ ကတော့ ကလပ် အနေနဲ့ ဈေးကွက် မပိတ်မီ ကစားသမား ခေါ်ယူမှု ပြုလုပ်သွားကောင်း ပြုလုပ်နိုင်ပေမယ့် သူဟာ လက်ရှိ ပိုင်ဆိုင်ထားတဲ့ လူစာရင်း အပေါ် အလွန် အားရ ကျေနပ်မိတယ်လို့ ဝန်ခံထားခဲ့ပါတယ်။