မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီမှာတော့ အမှတ်ပေး ဖလားဆုကို စိန်ခေါ် နိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း သရဲနီတိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်သူ ဒီမစ်တာ ဘာဘာတော့ဗ် က သုံးသပ်ပြောကြား သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနွေမှာ ဒေါ့မွန် အသင်းမှ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဂျေဒန် ဆန်ချိုကို ပေါင် 73 သန်းနဲ့ ခေါ်ယူထားခဲ့ပြီး ရီးယဲ မက်ဒရစ် နောက်ခံလူ ရာဖေး ဗာရန်းကိုလည်း ပေါင် 43 သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါပြီ ။

အခြားတဖက်မှာတော့ မန်စီးတီး အသင်းက အက်စတွန် ဗီလာမှ ဂျက် ဂရီလစ်ရှ်ကို ပေါင် သန်း 100 နဲ့ ခေါ်ယူထားခဲ့ပြီး ချဲလ်ဆီး အသင်းကလည်း အင်တာ မီလန်မှ လူကာကူကို ပေါင် သန်း 100 နဲ့ ခေါ်ယူနိုင်ဖို့ အရမ်းပဲ နီးစပ် နေပြီလို့ သိနေရ ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဒါ့ကြောင့် လာမဲ့ ဘောလုံး ရာသီမှာ ပရီးမီးယားလိဂ် ပြိုင််ပွဲဟာ ယခင်ထက် ပိုပြီး မြိုင်ဆိုင်သွားဖို့ ရှိနေပါတယ် ။ ဒါပေမဲ့ ဘာဘာတော့ဗ် ကတော့ အသင်းဟောင်းကလည်း အဆိုပါ အသင်းတွေနည်းတူ အမှတ်ပေးဖလားကို စိန်ခေါ် နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အမှတ်ပေး ဖလားကို စိန်ခေါ်ဖို့အတွက် အလေးသာတဲ့ အသင်းတစ်သင်း ဖြစ်လာခဲ့ပါပြီ ။ အထူးသဖြင့် ဒီနွေမှာ သူတို့တွေ ခေါ်ယူခဲ့တဲ့ ကစားသမားကြောင့် ဆုဖလားကို စိန်ခေါ်နိုင်စွမ်း ရှိလာပါလိမ့်မယ် ”

” ရီးယဲ မက်ဒရစ်မှ ရာဖေးလ် ဗာရန်းကို သူတို့ ခေါ်ယူခဲ့တဲ့ အတွက် ကျွန်တော် တကယ်ပဲ ပျော်ရွှင်မိပါတယ် ။ သူဟာ ကမ္ဘာ့ဖလား ၊ ချန်ပီယံလိဂ် ဖလားတွေကို ဆွတ်ခူးခဲ့သူ တစ်ဦးပါ ။ သူ့မှာ အနိုင်ယူလိုစိတ် အပြည့်ရှိပြီး သူကိုယ််တိုင်လည်း အကောင်းဆုံး ကစားသမားတွေနဲ့ တွဲဖက် ကစားခဲ့ဖူးပါတယ် ”

” သူဟာ အသင်းအတွက် ခမ်းနားတဲ့ ကစားသမား ခေါ်ယူမှု တစ်ခုပါပဲ ။ သူဟာ အသင်းမှာ ဘယ်လောက်အထိ အံဝင်အောင် ကစားပေးနိုင်မလဲ ၊ ဟယ်ရီ မက်ဂွားယားနဲ့ တွဲဖက် ကစားပေးရင်း ခံစစ်ကို ဘယ်လောက် လုံခြုံစေမလဲဆိုတာ သိဖို့ ကျွန်တော် ရှေးရှုနေပါပြီ ”

” ဂျေဒန် ဆန်ချိုဟာ အင်္ဂလန် လက်ရွေးစင် အသင်းမှာ ကတည်းက ယူနိုက်တက် ကစားသမားတွေ နဲ့ ရင်းနှီးပြီးသားပါ ။ အသင်းသစ်ကို ပြောင်းရွှေ့လာတဲ့အခါ ဒီလိုလူတွေ ရှိနေတာ အရမ်းကို ကောင်းလှပါတယ် ။ အဲ့တာက သူ့ကို အမြန်ဆုံး အံဝင် စေနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ် ”

” သူ့ရဲ့ အရည်အသွေးတွေကို ကျွန်တော်တို့တွေ သိထားပြီးသားပါ ။ ဒါပေမဲ့ သူ့ဆီမှာ ဆက်လက် တိုးတက်နိုင်ခွင့် အများကြီး ရှိနေပါသေးတယ် ။ ကမ္ဘာ့ အကြီးမားဆုံး အသင်းး တစ်သင်းဖြစ်တဲ့ ယူနိုက်တက်မှာ သူ့ရဲ့ အကောင်းဆုံး အရည်အသွေးတွေ ပြနိုင်ပါစေလို့ မျှော်လင့်ပါတယ် ”

” သူဟာ အသင်းမှ အခြားတိုက်စစ်ကစားသမားတွေကိုလည်း ပိုကောင်းလာအောင် တွန်းအားပေးနိုင်ပါလိမ့်မယ် ။ အကယ်လို့ အသင်းမှာ ဒီလို ကစားသမားကောင်း တစ်ဦး ရှိနေမယ်ဆိုရင် ခင်ဗျားတို့ကိုလည်း ပိုကောင်းအောင် ကစားဖို့ လှုံ့ဆော် ပေးနိုင်တယ်လေ ”

” လက်ရှိ ယူနိုက်တက်အသင်းဟာ အနေအထားကောင်း တစ်ရပ်ကို ပိုင်ဆိုင်ထားပါပြီ ။ သူတို့ဟာ ငွေကြေးတွေကိုလည်း အတော်လေး သုံးစွဲခဲ့ပြီးကြပါပြီ ။ ဒါ့ကြောင့် ထပ်သုံးလိမ့်ဦးမယ်လို့ မထင်တော့ပါဘူး ။ ဒါပေမဲ့ သူတို့ဟာ ညာခံစစ်ကို အင်အားတိုးမြှင့်ဖို့ ကြိုးစားကောင်း ကြိုးစားကြပါလိမ့်ဦးမယ် ”

” အာရွန် ဝမ် ဘစ်ဆာကာ ကတော့ သေချာပေါက် ဦးစားပေး ဖြစ်နေဦးမှာပါ ။ ဒါပေမဲ့ သူ့ကို စိန်ခေါ်သူ ၊ တွန်းအားတွေ ပေးနိုင်သူ back up ကစားသမားတစ်ဦးတော့ လိုနေပါသေးတယ် ။ အဲ့တာကလွဲရင် ယူနိုက်တက်ဟာ အတော်လေး ပြည့်စုံနေပြီလို့ ထင်ပါတယ် ” လို့ ဘာဘာတော့ဗ်က သုံးသပ် သွားခဲ့လိုက် ပါတယ် ။