ဂန်းနား ကွင်းလယ်လူဟောင်း ဂျက်ဝီလ်ရှား က သူ့အသင်းဟောင်း အာဆင်နယ် အသင်း အနေနဲ့ ဝက်စ်ဟမ်း အသင်း ရဲ့ ကွင်းလယ်လူ ဒီကလန်ရိုက်စ် ကိုသာ ခေါ်နိုင်ရင် ချန်ပီယံဆုကို စိန်ခေါ် နိုင်တဲ့ စာရင်းမှာ ပါဝင် နိုင်လိမ့်မယ်လို့ ပြောကြား လိုက်ပါတယ် ။

ရိုက်စ် ဟာ ဒီရာသီ ဝက်စ်ဟမ်း အသင်းမှာပဲ ဆက်ကစားသွားဖို့ ရှိပေမယ့် ဂျက်ဝီလ်ရှား ကတော့ အင်္ဂလန် သားကို ရအောင် ခေါ်နိုင်တဲ့ အသင်းဟာ ချန်ပီယံဆု အတွက် ရေပန်းစား လိမ့်မယ်လို့ talkSPORT မှာ ပြောကြား သွားခဲ့ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

အသက် ၂၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဒီကလန်ရိုက်စ် ဟာ ပြီးခဲ့တဲ့ ရာသီက ဝက်စ်ဟမ်း အသင်းကို အသင်း ခေါင်းဆောင် အဖြစ် ဦးဆောင်ပြီး အဆင့် ၆ နေရာမှာ ရပ်တည်စေကာ ယူရိုပါလိဂ် ဝင်ခွင့် ရရှိအောင် စွမ်းဆောင် ပေးခဲ့သူ ဖြစ်ပါတယ် ။

ဒါ့အပြင် ရိုက်စ် ဟာ ယူရို ၂၀၂၀ မှာလည်း အင်္ဂလန် လက်ရွေးစင် အသင်း ရဲ့ အဓိက ကစားသမား အဖြစ် ကစား ပေးခဲ့ပြီး ဖိုင်နယ် အထိ တက်လှမ်း နိုင်အောင် ကူညီ ပေးနိုင်ခဲ့ပါတယ် ။

အာဆင်နယ် အသင်းမှာရော ဝက်စ်ဟမ်း အသင်းမှာပါ ကစားခဲ့ဖူးတဲ့ ဂျက်ဝီလ်ရှား က talkSPORT preview show မှာ ” ရိုက်စ် ကို ရအောင် ခေါ်နိုင်တဲ့ အသင်းက အမှတ်ပေး ချန်ပီယံဆု အတွက် ရေပန်းစားတဲ့ အသင်း ဖြစ်လာပါလိမ့်မယ် ။ ”

” ဒီနေရာမှာ ကျွန်တော် အာဆင်နယ် အသင်းကိုလည်း ထည့်သွင်း ချင်ပါတယ် ၊ သူတို့ ကွင်းလယ်မှာ ပါတေး နဲ့ ရိုက်စ် ကို တွဲဖက်ပေးလိုက်ရင် ရှေ့က တိုက်စစ် ကစားသမား ၅ ယောက်က စိတ်ကြိုက် ကြမ်းလို့ရပါပြီ ။ ရိုက်စ် အတွက် ပေါင် သန်း ၈၀ လောက်တော့ သုံးရပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ရိုက်စ် ဟာ ၂၀၂၁-၂၂ ဘောလုံးရာသီ မှာတော့ ဝက်စ်ဟမ်း အသင်းမှာ ပဲ ဆက်ကစား သွားဖို့ ရှိနေပါတယ် ။ ရိုက်စ် ကို ခေါ်ယူဖို့ ချဲလ်ဆီး အသင်းဟာ တောက်လျှောက် ကြိုးပမ်း နေခဲ့ပြီး အာဆင်နယ် ဘက်က ကြိုးပမ်းတာမျိုးတော့ မရှိသေးပါဘူး ။

ရိုက်စ် ဟာ ချဲလ်ဆီး ကစားသမား မေဆင်မောင့် နဲ့ သူငယ်ချင်းအရင်းကြီးတွေ ဖြစ်ပြီး ရိုက်စ် ဝက်စ်ဟမ်း အသင်းကို မထွက်ခွာခင် ချဲလ်ဆီး လူငယ် အသင်းမှာ တွဲကစား ခဲ့ကြသူတွေပါ ။

ချဲလ်ဆီး ဟာ ဒီနွေရာသီမှာ ကွင်းလယ် ကစားသမားထက် တိုက်စစ်ကို အားဖြည့်ချင်တာကြောင့် လူကာကူ ကို ခေါ်ယူ ထားပြီး နောက်နွေရာသီမှပဲ ရိုက်စ် ကို ခေါ်ယူဖို့ ထပ်မံ ကြိုးပမ်း သွားဖွယ် ရှိနေပါတယ် ။ ဂျက်ဝီလ်ရှား က ခေါ်စေချင်ပေမယ့် အာဆင်နယ် အသင်း ရိုက်စ် ကို ခေါ်ယူနိုင်ချေကတော့ အင်မတန် နည်းပါးလှပါတယ် ။