ချယ်လ်ဆီး အသင်း ရဲ့ နည်းပြ ဖြစ်သူ ဆာရီ က နောင် လာမယ့် ပွဲစဉ် များ ဆက်တိုက် ကစားရမယ့် ကာလ အတွက် ကြိုတင် ပြင်ဆင်မှု များ လုပ်ထားကြောင့် မနေ့က ပြုလုပ် ခဲ့တဲ့ အင်တာဗျူး တခုမှာ ဆိုသွားခဲ့ ပါတယ် ။ ယခု အပတ် အတွင်းမှာ ချယ်လ်ဆီး အသင်း ဟာ ယူရိုပါလိဂ် အုပ်စု အဖွင့် ပွဲစဉ် ကို ကစားရဖို့ ရှိနေ သလို ရှုံးထွက် ဖလား ပွဲစဉ် တွေက လည်း ကြားရက် ထဲမှာ စောင့်ကြို လို့ နေပါတယ် ။

ပြီးခဲ့တဲ့ ဇူလိုင်လ မှာ ချယ်လ်ဆီး သို့ ရောက်ရှိ လာခဲ့တဲ့ ဆာရီ ဟာ အသင်း ကို ခံစစ် အသားပေး ကစားဟန် မှ တိုက်စစ် ထက်မြက် တဲ့ အသင်း အဖြစ် သို့ အချိန်တို အတွင်းမှာ လျင်လျင်မြန်မြန် ပြောင်းလဲ နိုင်ခဲ့ပြီး လက်ရှိ ပရီးမီးယားလိဂ် မှာလည်း အဖွင့် ၄ ပွဲဆက် အနိုင် ဆိုတဲ့ ရလဒ် ကောင်း တခုကို သက်သေပြ နိုင် ခဲ့ပါတယ် ။ သို့ပေမယ့် လည်း ဆာရီ ရဲ့ ကစားဟန် ဟာ အကောင်းဆုံး အနေအထား ကို ရောက်နေပြီ လား ဆိုတာ ဆုံးဖြတ် ဖို့ ခက်ခဲ နေပေမယ့် အတိုင်းအတာ တခု အထိ အောင်မြင် နေတယ် လို့ ဆိုရမှာ ဖြစ်ပါတယ် ။

ယနေ့ည ကစားမယ့် ကာဒစ်ဖ် စီးတီး နဲ့ ပွဲစဉ် မှာလည်း ဆာရီ ဟာ သူ့ရဲ့ တိုက်စစ် အသားပေး ကစားဟန် ကိုပဲ ဆက်လက် ပုံဖော် လာမှာ ဖြစ်ပြီး အမှတ်ပေး ဇယား ထိပ်ပိုင်းက လီဗာပူး ပွဲကြပ် နေတာ ကို အခွင့်ကောင်း ယူသွားနိုင် မလား ဆိုတာ လည်း စောင့်ကြည့်ချင် စရာ ဖြစ်ပါတယ် ။

ယနေ့ည မှာ ကစားဖို့ ရှိတဲ့ ပြိုင်ဖက် ကာဒစ်ဖ် အသင်း ရဲ့ နည်းပြ ဝါနော့ခ် ဟာ ပြီးခဲ့တဲ့ ပွဲစဉ် တွေမှာ သူ့ အသင်းသား တွေ ကစားအား တက်အောင် ဆိုပြီး အော်ဟစ် လှုံ့ဆော်မှု များ ပြုလုပ် နေပေမယ့် ချယ်လ်ဆီး နည်းပြ ဆာရီ ကတော့ သူ့ ကစားသမား တွေကို ဒီလိုမျိုး တိုက်တွန်း ပေးသွားမယ့်သူ မျိုး မဟုတ်ကြောင်း ၊ တကယ် နိုင်ဖို့ ၊ အမှတ် ရဖို့ လိုအပ်မှ တရစပ် ဖိအား ပေးမှာ ဖြစ်ကြောင်း ထို အင်တာဗျူး မှာ ဖြေကြား သွားခဲ့ ပါတယ် ။

ဆာရီ က ” အကယ်၍ ဒီလို အော်ဟစ် နေမှ အမှတ်ရမယ် ဆိုရင်တော့ ကျွန်တော် လုပ်ရမှာပါ ။ ဒါပေမယ့် ပုံမှန် အားဖြင့်တော့ ကျွန်တော် ဒီလို မျိုး လုပ်မနေချင် ပါဘူး ။ ကျွန်တော့ အသင်းသား တွေ ပုံမှန် ကစား နေတာ ကိုပဲ ကျွန်တော် မြင်ချင်ပါတယ် ။ ကိုယ့်အသင်း အားသာချက် ၊ အားနည်းချက် တွေကို လေ့လာ နေချင်ပါတယ် ။ တဖက် အသင်းသား ၊ တဖက် နည်းပြ ၊ အခြားသူ တွေ လုပ်ဆောင် နေတဲ့ ကိစ္စ ကို ကျွန်တော် သတိထား ပြီး ကြည့်နေမှာ မဟုတ်ပါဘူး ။ ”

” ကျွန်တော် ဟာ နည်းပြ တယောက် ဖြစ်နေတဲ့ အတွက် ကိုယ့်ရဲ့ အလုပ်ဟာ အချိန်ပြည့် ဘောလုံးကွင်း ထဲမှာ အာရုံစိုက်မှု အပြည့် ရှိနေရမှာပါ ။ အခု အချိန်မှာတော့ ကျွန်တော် ဟာ ချယ်လ်ဆီး မှာ ရှိနေရတာ နှစ်သက် ပျော်ရွှင် နေပါတယ် ။ ကျွန်တော် တို့ဟာ လာမယ့် ရက်ပေါင်း ၂၃ ရက် အတွင်းမှာ ပွဲ ၇ ပွဲ လောက် ဆင်နွှဲ ရဖို့ ရှိနေပါတယ် ။ ဒါကြောင့် မို့ ကျွန်တော် အလုပ် ကြိုးစား နေရပါမယ် ။ ”

” ဒီလ အတွင်းမှာ ကျွန်တော် တို့နဲ့ ကစားမယ့် အသင်းတွေ ဖြစ်တဲ့ ကာဒစ်ဖ် ၊ PAOK ၊ ဝက်စ်ဟမ်း ၊ လီဗာပူး အသင်းတွေ ရဲ့ ပွဲစဉ် တော်တော် များများ ကို ကျွန်တော် ကြည့်ဖူး ပါတယ် ။ ဒါကြောင့်မို့ ကျွန်တော် ဟာ ဒီ အသင်းတွေ ကို အကောင်းဆုံး ရင်ဆိုင် နိုင်ဖို့ သေချာ ပြင်ဆင်ဖို့ လိုပါတယ် ။ ကျွန်တော် ဟာ တချို့ အချိန်တွေ ကို အလုပ် ထဲမှာ အာရုံ စိုက်ရ သလို ကျန်တဲ့ အချိန် တွေကိုလည်း မိသားစု အတွက် ပေးရပါတယ် ။ ”

” ပုံမှန် အားဖြင့် ကျွန်တော် ဟာ လေ့ကျင့်ရေး ကွင်းမှာ အချိန် အကြာကြီး ကုန်ဆုံး ရပါတယ် ။ ဒါပေမယ့် ကျွန်တော် ဒီ အလုပ်မှာ ပျော်ရွှင် ပါတယ် ။ ကျွန်တော် ဟာ ဒီ နည်းပြ အလုပ် ကို ဝန်ထုပ် ဝန်ပိုး ဖြစ်နေတယ် လို့ မထင်မိပါဘူး ။ ၁၂ နာရီ ၊ ၁၃ နာရီ လောက် ကုန်ဆုံး ကောင်း ကုန်ဆုံး နိုင်ပါတယ် ။ ဒါပေမယ့် ဒါကို ပုံမှန် လုပ်နေရ တဲ့ ဖြစ်စဉ် တခု လို့ပဲ သတ်မှတ် ထားပါတယ် ။ ” လို့ ပြောကြား သွားခဲ့ ပါတယ် ။

မကြာသေးခင် ကပဲ ဖီဖာ မှ ကလပ် အသင်းတွေ ရဲ့ အငှား ကစားသမား အရေအတွက် ကို ကန့်သတ်ဖို့ သတင်းများ ထွက်ခဲ့ ပြီး ဒါဟာ အခုလက်ရှိ မှာ ကစားသမား ပေါင်း အယောက် ၄၀ အငှားချ ထားခဲ့တဲ့ ချယ်လ်ဆီး အတွက် အခက်အခဲ ဖြစ်နိုင်ဖွယ် ရှိနေတာ ဖြစ်ပါတယ် ။ ယင်း စည်းမျဉ်း နဲ့ ပတ်သက်ပြီး ဆာရီ က အခုလို မှတ်ချက် ပေးသွား ခဲ့ပါတယ် ။

ဆာရီ က ” ပုံမှန် အားဖြင့် ကျွန်တော် ဟာ အသင်းကနေ ထုတ်ပြန် တဲ့ သတင်း တွေ ကို တပတ် တခါ ကြားသိ ရပါတယ် ။ နောက်ပြီး တလတခါ သတင်းတွေပေါ့ ။ ဒါပေမယ့် ကျွန်တော် ဟာ ဖီဖာ က ရေးဆွဲ ဖို့ ရှိတဲ့ ဒီ စည်းမျဉ်းအသစ် အကြောင်း ကိုတော့ မကြားမိ ပါဘူး ။ အခု ကျွန်တော် တို့ အသင်း ရဲ့ အခြေအနေ က စီးရီးအေ နဲ့ ဆင်တူ ပါတယ် ။ ဂျူဗင်တပ် ဆိုရင် အငှားချ ထားတာ ၄၅ ယောက် လောက် ရှိမယ် ထင်ပါတယ် ။ ”

” အငှား ကစားသမား တွေထဲ မှာ ကိုယ့် နိုင်ငံသား တွေ အများဆုံး ပါရမှာလား ဆိုတာ ကျွန်တော် လည်း မသိပါဘူး ။ ဒါပေမယ့် ကျွန်တော် ကတော့ မထင်မိပါဘူး ။ လူငယ် ကစားသမား တွေကို အခြား အသင်း တွေမှာ အငှားချ တာ ပုံမှန် ဖြစ်စဉ် တခု လို့ပဲ ထင်ပါတယ် ။ ဒါပေမယ့် လည်း ဖီဖာ အနေနဲ့ ဒီ စည်းမျဉ်း အသစ် ကို ရေးဆွဲ ဖို့ လုပ်ဆောင် နေတယ် ဆိုတာ သူတို့ကို အမှား သွားပြော လို့ မရပါဘူး ။ ကျွန်တော် ကတော့ ကစားသမား တွေကို အငှားချ တဲ့ ပုံစံ မှာ ဒီလို ပြဿနာ တွေ ရှိလာမယ် လို့ တခါမှ မတွေးဖူးပါဘူး ။ ” လို့ မှတ်ချက်ပြု သွားခဲ့ ပါတယ် ။