ဥရောပထိပ်တန်းလိဂ်တွေ ဟာ အခုလာမယ့် အပတ် ပွဲစဉ်တွေအပြီး မှာတော့ တစ်ပတ်ကြာရပ်နားထားမှာဖြစ်ပြီး နိုင်ငံအသင်းတွေရဲ့ ပွဲတွေဘက်ကို အလှည့်ပြန်ပေးတော့မှာလည်းဖြစ်ပါတယ်။ဒါကြောင့် လည်း သက်ဆိုင်ရာ လက်ရွေးစင် အသင်းတွေက လူစာရင်ရွေးချယ်ထုတ်ပြန်မှုတွေကိုလည်းပြုလုပ်နေခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာ ပရီးမီးယားလိဂ်ရာသီ ပွဲစဉ် ၃ပွဲသာ ပြီးဆုံးထားခဲ့သေးပေမယ့် အင်္ဂလန် လူငယ်ကြယ်ပွင့်လေးတွေထံကနေ အံ့မခန်း ခြေစွမ်းအချို့ကို မြင်တွေ့ထားခဲ့ရပြီ လည်းဖြစ်ပါတယ်။သူတို့ဟာ အဆို ပါခြေစွမ်းကောင်းကို ဆက်ထိန်းနိုင်ခဲ့ပါက အင်္ဂလန် လက်ရွေးစင် အသင်းမှာ ကျိန်းသေရွေးချယ်ခံရဖို့ရှိနေတာဖြစ်ပါတယ်။

သူတို့အတွက် ပထမဆုံး အခွင့်အရေးတခုကတော့ အတော်လေးကို နီးနီးကပ်ကပ် အနေအထားမျိုးကိုရောက်နေပြီဖြစ်ပြီး ဒါကတော့ ယူရို ၂၀၂၀ ခြေစစ်ပွဲတွေပဲဖြစ်ပါတယ်။အင်္ဂလန် အသင်းဟာ လာမယ့်လ အတွင်းမှာ ဘူဂေးလ်ရီးယား၊ ကိုဆိုဗို တို့ နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါ ပွဲတွေအတွက် အပြီးသတ်လူစာရင်းကို ဆောက်ဂိတ်က မကြာမီမှာ ထုတ်ပြန်ဖို့ရှိနေတာလည်းဖြစ်ပါတယ်။

ဒီရာသီ မှာ ပုံစံကောင်းပြသနေပြီး အင်္ဂလန် အသင်း မှာရွေးချယ်ခံရဖို့ ထိုက်တန်နေပြီ ဖြစ်တဲ့ ကစားသမားတွေကတော့ —

၁။ ဒွိုက်မက်နေးလ် ( ဘန်လေ )

အသက် ၁၉နှစ်အရွယ် ပြီးခဲ့တဲ့ ရာသီမှာဘန်လေစီနီယာအသင်းကိုရောက်ရှိလာပြီးကတည်းက အလားအလာကောင်းတွေပြသနေတဲ့ တောင်ပံကစားသမားလေးဖြစ်ပါတယ်။သူဟာ အဆိုပါရာသီမှာဘန်လေအတွက် လိဂ်ပွဲ ၂၁ပွဲပါဝင်ပေးခဲ့ပြီးသွင်းဂိုး၃ဂိုးနဲ့ ဖန်တီးမှု၅ကြိမ်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ဒီဟာ ဒီရာသီမှာလည်း ၃ပွဲလုံးပွဲထွက်စာရင်းဝင်ထားခဲ့ပြီး ခြေစွမ်းကောင်းဆက်ပြီးပြသနေပါတယ်။ဝုလ်ဗ်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာလည်း အက်ရှ်လေဘန်းစ်ရဲ့သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

၂။ ဂျက်ဂရယ်လစ်ရှ် ( ဗီလာ )

ပြီးခဲ့တဲ့ ရာသီ အတွင်းချန်ပီယံရှစ်ပြိုင်ပွဲကနေ ပရီးမီးယားလိဂ်တန်းတက်ခွင့်ခရီးမှာ ဂျက်ဂရယ်လစ်ရှ်က အရေးပါတဲ့ကစားသမားတဦးအဖြစ်ပါဝင်ထားခဲ့တာဖြစ်ပါတယ်။သူဟာ အခုနှစ် ပရီးမီးယားလိဂ်မှာလည်း ၃ပွဲလုံးပွဲချိန်ပြည့် ပါဝင်ခွင့်ရထားခဲ့ပြီး ဘုန်းမောက်ကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲမှာ ဂိုးဖန်တီး မှုတကြိမ်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ဗီလာအသင်းရဲ့ ရာသီအစ ခြေလှမ်းတွေက နှေးကွေးသလိုထင်ရပေမယ့် ဂရယ်လစ်ရှ်ကတော့ ပုံစံကောင်းနဲ့ ကစားထားနိုင်ခဲ့ပြီးအင်္ဂလန် လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရဖို့ ထိုက်တန်တဲ့ အရည်အချင်းကို ပြသနေပါတယ်။

jack grealish villa

၃။ဘစ်ဆာကာ ( ယူနိုက်တက် )

ယူနိုက်တက်လို အသင်းရဲ့ ခံစစ်ညာအစွန် ကစားသမားလေးက အင်္ဂလန်အတွက်တပွဲမှ ပါဝင်ခွင့်မရထားသေးတာဟာ ယုံနိုင်စရာတောင်မရှိတာဖြစ်ပါတယ်။ဒါပေမယ့် ဝေါ်ကာ၊ အာနိုးတို့လို ကစားသမားတွေ ရှိနေတဲ့ အဲ့ဒီနေရာအတွက်လွယ်လွယ်နေရာမရနိုင်ဘူးဆိုတာအားလုံးအသိပဲဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ ဘစ်ကာဆာဟာ အခုနွေမှာပဲလေ့စ်အသင်းကနေ အိုးထရက်ဖို့ဒ်ကိုပေါင်သန်း ၅၀နဲ့ ရာက်လာခဲ့တာဖြစ်ပြီး အဖွင့်၃ပွဲလုံးပွဲချိန်ပြည့်ပါဝင်ကစားထားပါတယ်။ယူနိုက်တက် အသင်းအတွက်သာ တည်ငြိမ်တဲ့ ခြေစွမ်းကိုဆက်ပြီးပြသနေနိုင်ခဲ့ရင် အာနိုး၊ ဝေါ်ကာတို့ထက်ပိုကောင်းတယ်ဆိုတာ ဆောက်ဂိတ်သိအောင် သက်သေပြခွင့်ရနိုင်ပါတယ်။

၎။ မက်ဒီဆင် ( လက်စတာ )

၂၀၁၈ အောက်တိုဘာမှာ အင်္ဂလန် အသင်းရဲ့ ခေါ်ယူခြင်းခံခဲရဖူးတဲ့ မက်ဒီဆင်ယာ တပွဲမှာ မကစားခဲ့ရသလို နောက်ထပ်လည်း ရွေးချယ်မခံထားခဲ့ရသေးတာဖြစ်ပါတယ်။ဒါပေမယ့် သူဟာယမန်နှစ်က လိုပဲခြေစွမ်းကောင်းကို အခုချိန်မှာဆက်ပြီးပြသနေပါတယ်။သူဟာ ဒီရာသီမှာ လက်စတာအသင်းအတွက် ၃ပွဲကစား ဂိုးဖန်တီးမှု ၂ကြိမ်စွမ်းဆောင်ပေးထားပါတယ်။အရင်ကတည်းက ခြေစွမ်းကောင်းတဲ့ ဒီလိုကစားသမားမျိုးကို ဆောက်ဂိတ်က မရွေးခဲ့ရင်တော့ လုံးဝကို အံ့အားသင့်စရာဖြစ်လာပါလိမ့်မယ်။

maddison

၅။ အက်ရှ်လေဘန်းစ် ( ဘန်လေ )

ဒီရာသီ ဘန်လေ အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တဦးဖြစ်ပါတယ်။ ဘန်းစ်ဟာ အံ့မခန်းဂိုးသွင်းစွမ်းရည်ကိုပြသနေပြီး ၃ပွဲကစား ထားအပြီး၎ ဂိုး အထိသွင်းယူပေးထားပါတယ်။ဒါပေမယ့် အံ့သြစရာအချက်တခုအဖြစ်တော့ သူဟာ ၂၀၀၈ ခုနှစ်မှာ သြစကြီးယား ယူ ၂၀ အသင်းအတွက်ကစားပေးထားဖူးသလို နိုင်ငံသားခံယူခွင့်လည်းအခုနှစ်အစောပိုင်းမှာ လျှောက်ထားထားသူဖြစ်ပါတယ်။ဒါပေမယ့် ငြင်းပယ်ခံထားခဲ့ရလို့ အင်္ဂလန် နည်းပြကြီး ဆောက်ဂိတ်အနေနဲ့ သူ့ကို ရွေးချယ်နိုင်နေတာဖြစ်ပါတယ်။

Ashely barnes

၆။ မေဆင်မောင့်တ် ( ချဲဆီးလ် )

ဗီတက်စီ ၊ ဒါဘီကောင်တီ အသင်းတွေမှာ အငှားထွက်ကစားခဲ့ပြီး ခြေစွမ်းကောင်း ပြသနိုင်ခဲ့တဲ့ မေဆင်မောင့်တ်ဟာ အပြောင်းအရွှေ့ပိတ်ပြစ်ဒဏ်ကျခံနေရတဲ့ ချဲဆီးလ် အသင်းရဲ့ပြန်ည်ခေါ်ယူခြင်းခံခဲ့ရပြီး ပွဲထွက်ခွင့်ရရှိနေခဲ့တာဖြစ်ပါတယ်။ဒါဘီအသင်းမှာ လက်တွဲခဲ့တဲ့ နည်းပြ လမ်းပတ်က စတန်းဖို့ဒ်ဘရစ်ခ်ျမှာ လည်း သူ့ကို အခွင့်အရေးပေးနေတာဖြစ်ပါတယ်။အသက် ၂၀ အရွယ်သာရှိသေးတဲ့ မောင့်တ်ဟာ ချဲဆီးလ် အတွက် ၃ပွဲလုံးပွဲချိန်ပြည့်ပါဝင် ကစားပေးထားပြီး ၂ ဂိုးသွင်းယူပေးထားပါတယ်။သူဟာမက်ဒီဆင်လိုပဲ ၂၀၁၈ အောက်တိုဘာလအတွင်း အင်္ဂလန် အသင်းရဲ့ ခေါ်ယူခြင်းခံခဲ့ရဖူးပေမယ့် ပွဲတွေတော့ ပါဝင်ခဲ့ရခြင်းမရှိသေးတာဖြစ်ပါတယ်။သူလို ခြေစွမ်းပိုင်ရှင်ကစားသမားလေးကို ဆောက်ဂိတ်ကထပ်ပြီး မရွေးခဲ့ရင်တော့ တကယ်ကို အံ့သြဖို့ ကောင်းမှာဖြစ်ပါတယ်။

SPORT MYANMAR