ယမန်နေ့ ညပိုင်းက ယှဉ်ပြိုင် ကစားခဲ့တဲ့ ဥရောပ စူပါ ဖလား ပွဲမှာတော့ ချဲလ်ဆီး ဟာ ဗီလာရီးရဲ အသင်းကို အနိုင် ကစားပြီး စူပါဖလား ကို ရယူ ကိုင်မြှောက် သွားခဲ့ ပါတယ် ။ ဥရောပ ရဲ့ ချန်ပီယံ ၂ သင်း ရင်ဆိုင် ကစားခဲ့ကြတဲ့ ဒီပွဲဟာ သာမာန် ပွဲကစားချိန် အတွင်း ၁ ဂိုးစီ သရေ ကျနေခဲ့တာကြောင့် ပင်နယ်တီ အဆုံး အဖြတ် ခံယူ ခဲ့ရပြီး ချဲလ်ဆီး က ၆-၅ ရလဒ်နဲ့ အနိုင် ရရှိခဲ့တာပဲ ဖြစ်ပါတယ် ။

 

ချဲလ်ဆီး တောင်ပံ ကစားသမားလေး ဟာကင် ဇီယက်ချ် ကတော့ ဒီပွဲ မှာ ပုခုံး အဆစ် လွဲချော် သွားခဲ့ပုံရပြီး အောက်ဆီဂျင် ပေးကာ ကွင်းထဲကနေ တွဲထုတ် သွားခဲ့ရတာကြောင့် စိုးရိမ်ဖွယ် ဖြစ်လာခဲ့ရ ပါတယ် ။

 

PSG အသင်း ရဲ့ Official Instagram ဟာ မက်ဆီ ရောက်ရှိ လာဖို့ သေချာ အပြီး ၂၄ နာရီ အတွင်းမှာ ပရိသတ်သစ် ၄.၅ သန်း ကျော် တိုးပွား သွားခဲ့တယ်လို့ သိရ ပါတယ် ။

 

မက်ဆီ ဟာ မနေ့က PSG ကွင်းရှေ့မှာ ပရိသတ်တွေ ကို ထွက်နှုတ်ဆက် ခဲ့ပြီး သောင်းချီတဲ့ ပရိသတ်တွေ ဟာ သူတို့ဆီကို ရောက်ရှိ လာတဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားကို တိုးဝှေ့ နှုတ်ဆက်ဖို့ ကြိုးစားရင်း အချင်းများ ရန်ဖြစ်မှု အချို့ ရှိခဲ့တယ်လို့လည်း သိရ ပါတယ် ။

 

ရီးရဲ မက်ဒရစ် ရဲ့ ဂျပန် ကစားသမားလေး ကူဘို ဟာ ရီးရဲ မာယော့ကာ အသင်းထံ ၂၀၂၂ ဇွန်လ အထိ အငှား စာချုပ်နဲ့ ထွက်ခွာ သွားခဲ့ပြီလို့ သိရ ပါတယ် ။

လက်စတာ စီးတီး ဟာ ရာသီကြို ခြေစမ်းပွဲမှာ ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရခဲ့ပြီး ၂၀၂၁ တနှစ်လုံး နားရဖို့ ရှိနေတဲ့ နောက်ခံလူ ဖိုဖာနာ ရဲ့ နေရာကို အစားထိုးဖို့ အတွက် ဆောက်သမ်တန် နောက်ခံလူ ဂျန်းနစ် ဗတ်စတာဂတ် ကို ခေါ်ယူဖို့ လုပ်ဆောင် နေပြီး ပေါင် ၁၅ သန်း နဲ့ သဘောတူညီမှု ရရှိဖို့ နီးစပ် နေပြီလို့ သတင်း ကြားသိရ ပါတယ် ။

 

ယူဗင်တပ် အသင်းဟာ ဆာဆူအိုလို ရဲ့ အီတလီ လက်ရွေးစင် လိုကာတယ်လီ ကို လာမယ့် သောကြာနေ့ မှာ အရ ခေါ်ယူ နိုင်ဖို့ ရှိနေတယ်လို့လည်း သိရှိရ ပါတယ် ။

ကာရာဘောင် ဖလား ရဲ့ ဒုတိယ အဆင့် ပွဲစဉ်တွေကို ယမန်နေ့ညက မဲခွဲ ခဲ့ပြီး အာဆင်နယ် အသင်းဟာ ဝက်စ်ဘရွန်း အသင်းနဲ့ အဝေးကွင်း ပွဲစဉ် ကို ယှဉ်ပြိုင် ကစားရမယ်လို့ သိရ ပါတယ် ။ ဒီအဆင့်မှာ ပရီးမီးယားလိဂ် အသင်း အားလုံး မပါဝင် သေးဘဲ လိဒ် ၊ အဲဗာတန် ၊ အက်စတွန် ဗီလာ နဲ့ ဝုဗ် တို့ လည်း အာဆင်နယ် နဲ့ အတူ ဒုတိယအဆင့် ကနေ စတင် ကစားကြရမှာ ဖြစ်ပါတယ် ။

 

နယူးကာဆယ် အသင်းဟာ ရိုးမား ကွင်းလယ်လူ ကားလက်စ် ပီရက်ဇ် ကို အငှား နဲ့ ခေါ်ယူဖို့ ကမ်းလှမ်း လိုက်ပြီး ၂၀၂၁-၂၂ ရာသီ အကုန်မှာ အပြီးသတ် ဝယ်ယူ နိုင်ခွင့်ကိုပါ ထည့်သွင်း သွားတယ်လို့ သိရ ပါတယ် ။

 

ချဲလ်ဆီး ဟာ တမ်မီ အေဘရာဟမ် ကို ရိုးမား အသင်းထံ ပေါင် ၃၄ သန်း နဲ့ ရောင်းချ ဖို့ သဘောတူညီ ခဲ့ ပေမယ့် စာချုပ် ထဲ မှာ ပြန်လည် ခေါ်ယူခွင့် ကို ထည့်သွင်း ချုပ်ဆို သွားမယ်လို့ သိရှိရ ပါတယ် ။

 

ရီးရဲ မက်ဒရစ် နဲ့ PSG တို့ဟာ ချဲလ်ဆီး နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ နီးကပ် နေတဲ့ ဂျာမန် ခံစစ်မှူး ရူဒီဂါ ရဲ့ အခြေအနေကို စောင့်ကြည့် နေတယ်လို့ သိရ ပါတယ် ။ ရူဒီဂါ ကတော့ သူဟာ ချဲလ်ဆီး မှာ ဆက်နေဖို့ စိတ်ကူး ထားပြီး စာချုပ်သစ် အတွက် ဆွေးနွေးဖို့ အဆင်သင့် ရှိနေပါတယ်လို့ ဆိုသွားခဲ့ ပါတယ် ။

 

ရိုမီရို လူကာကူ ကတော့ ယမန်နေ့က ချဲလ်ဆီး အသင်းသားတွေ စူပါဖလား ကစားနေချိန် မှာ လန်ဒန် ကို ရောက်ရှိ လာခဲ့ပြီလို့ ကြားသိရ ပါတယ် ခင်ဗျာ . . . ။

 

SPORTS MYANMAR