အသား အရောင် ခွဲခြား တိုက်ခိုက်မှု တွေ ဟာ ဒီနှစ် ဘောလုံး ရာသီ အစ မှာ ပဲ ပြင်းထန် နေပါတယ် ။ လူမည်း ဘောလုံး သမား တွေ ကို ဆိုရှယ် မီဒီယာ တွေ အောက်မှာ ရေးသား ထိုးနှက်မှု တွေ ဟာ ယခင် နှစ် က ထက် ပိုမို များပြား လာခဲ့ ပြီး ကွင်းအတွင်း မှာလည်း အော်ဟစ် မှုတွေ ရှိလာခဲ့ ပါတယ် ။ ဘီဘီစီ သတင်းဌာန ရဲ့ ပင်တိုင် ကလောင်ရှင် ဂါရတ် ကရွတ် ကတော့ ဒီကိစ္စတွေ ကို အရေးယူမှု ပြင်းပြင်း ထန်ထန် မလုပ်ဆောင် ပါက အဲရစ် ကန်တိုနာ လို ဖြစ်ရပ်မျိုး ကို ပြန်လည် မြင်တွေ့ လာရနိုင်တယ် လို့ သတိပေးပြောဆို သွားခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် အသင်းရဲ့ လူမည်း ကစား သမား ၂ ဦး ဖြစ်တဲ့ ပေါလ် ပေါ့ဘာ နဲ့ မားကပ် ရက်ဖိုဒ့် တို့ ဟာ ပြီးခဲ့တဲ့ ပွဲစဉ် တွေ မှာ ပင်နယ်တီ တွေ ကို ၀င်အောင် မကန်သွင်း နိုင်ခဲ့ ကြပါတယ် ။ အဆိုပါ ပွဲတွေ မှာ ယူနိုက်တက် တို့ အမှတ်တွေ ဆုံးရှုံး ခဲ့ကာ ချဲလ်ဆီး ကို အနိုင် ရရှိခဲ့တဲ့ အဖိုးတန်မှု တွေ ကို ဖြုန်းတီး ပစ်ခဲ့ကြ ပါတယ် ။

မကျေ မနပ် ဖြစ်နေကြတဲ့ ပရိသတ်တွေ ဟာ ပေါ့ဘာ နဲ့ ရက်ဖိုဒ့် တို့ကို ဆိုရှယ် မီဒီယာ တွေ က တဆင့် ဝေဖန် ပြောဆို ခဲ့ကြပြီး အဆိုပါ အထဲ မှာ အသား အရောင် ခွဲခြားတဲ့ အသုံးအနှုန်းများစွာ ပါဝင် လာခဲ့ တယ်လို့လည်း သိရ ပါတယ် ။

ကရွတ် ကတော့ ဒီလို ခွဲခြား လှောင်ပြောင်မှု တွေ ကြောင့် ဘောလုံး သမားတွေ ရဲ့ သည်းခံ စိတ်တွေ ကုန်ဆုံး သွားပြီး မလိုလားအပ် တဲ့ ကိစ္စတွေ ဖြစ်လာ နိုင်ကြောင်း အဲရစ်ကန်တိုနာ ကို ဥပမာပေးပြီး ပြောဆို သွားခဲ့ ပါတယ် ။ ယူနိုက်တက် တိုက်စစ်မှုးဟောင်း ကန်တိုနာ ဟာ ၁၉၉၅ ခုနှစ် တုန်းက သူ့ကို လှောင်ပြောင် အော်ဟစ်နေတဲ့ ပဲလေ့စ် ပရိသတ်ကို ပြေးဝင် ကန်ကျောက် ထိုးနှက် ခဲ့တာကြောင့် ကာလရှည် ပိတ်ပင် ခံခဲ့ရ ဖူးပါတယ် ။

cantona kick

“တကယ်လို့ အသား အရောင် ခွဲခြားမှု တွေ ဆက်ပြီး ဖြစ်ပေါ် နေဦးမယ် ဆိုရင် ကန်တိုနာ လို ဖြစ်ရပ်မျိုး တွေ ကို ပြန်ပြီး မြင်တွေ့ လာရဖို့ ရှိလာနိုင် ပါတယ် ။ ဒါဆိုရင် တော့ ဘောလုံး နဲ့ ပတ်သတ် တဲ့ တာဝန် ရှိသူတွေ ကို အပြစ် တင် ရမှာ ပါပဲ”

“အခု ခေတ် ကို ရောက်တဲ့ အထိ ဘောလုံး သမားတွေ အပေါ် ဝေဖန် ပြောဆို တာတွေ ကို လိုက်ပြီး ပြောဆို နေရဦးမယ် လို့ ကျွန်တော် မထင် ထားခဲ့ မိပါဘူး ။ အသား အရောင် နဲ့ လူမျိုးရေး ခွဲခြား မှုတွေ ဟာ အခု ချိန် အထိ ထိန်းချုပ် လို့ မရတဲ့ အနေ အထား မှာ ရှိနေ ဆဲပါ ။ ဒါတွေကို ပြင်းပြင်း ထန်ထန် တားဆီး နှိပ်ကွပ် ရပါမယ်” လို့ ဂါရတ် ကရွတ် က ရေးသား သွားခဲ့ ပါတယ် ။

မန်ချက်စတာ စီးတီး အသင်း တောင်ပံ ကစား သမား ရာဟမ်း စတာလင် ဟာ လည်း အသား အရောင် ခွဲခြား လှောင်ပြောင်မှု ကို ပြင်းပြင်း ထန်ထန် ကြုံတွေ့ ခဲ့ရသူ ဖြစ်ပြီး ဘောလုံး သမား ဟောင်းတွေ နဲ့ နည်းပြ တွေ ကတော့ အဆိုပါ ကိစ္စ ကို ပြင်းပြင်းထန်ထန် ရှုံ့ချ ကြောင်း ပြောဆို ထားခဲ့ ပေမယ့် ခွဲခြား ပြောဆိုမှုတွေ ကတော့ လျော့ကျမသွား ခဲ့ ပါဘူး ။

ပေါလ် ပေါ့ဘာ ကတော့ သူ့ရဲ့ ဘိုးဘေး တွေ ဓါတ်ပုံ နဲ့ အတူ သူ့ရဲ့ ဘိုးဘေးတွေ ဟာ အခု လက်ရှိ သူတို့ မျိုးနွယ်စုတွေ ( လူမည်းတွေ ) လွတ်လပ် ခွင့် ရရှိဖို့ အတွက် အနစ်နာ ခံခဲ့ကြပြီး ဖြစ်ကြောင်း နဲ့ အသား အရောင် နဲ့ လူမျိုးရေး ခွဲခြားမှုတွေ ဟာ သူ့ အတွက် ပိုပြီး သန်မာ အားကောင်းစေတဲ့ တွန်းအားတွေ မျှသာ ဖြစ်ကြောင်း ဆိုရှယ်မီဒီယာ က တဆင့် ပြောဆို သွားခဲ့ ပါတယ် ။

SPORTS MYANMAR