စတီဗီမက်မာနာမန်က ယာဂန်ကလော့ဟာ ကွင်းလယ်ပိုင်းမှာ လုံလောက်တဲ့ လူအင်အားကို ပိုင်ဆိုင်ထားပြီး ဖြစ်တာကြောင့် လီဗာပူး အနေနဲ့ အက်သလက်တီကိုမက်ဒရစ် ကွင်းလယ်လူ ဆာအူးနီဂွက်ဇ်ကို ခေါ်ယူဖို့ မကြိုးစားရန် တိုက်တွန်း သွားခဲ့ပါတယ်။ အက်သလက်တီကို စတားဟာ ဒီနွေရာသီမှာ စပိန် ကနေ ထွက်ခွာဖို့ အတွက် ကြိုးပမ်းနေတယ်လို့ သိရပြီး ၎င်းကို လီဗာပူး ၊ မန်ယူနိုက်တက် အပါအဝင် ကလပ် တစ်ချို့ စိတ်ဝင်စားနေတယ်လို့ စပိန် အခြေစိုက် သတင်းဋ္ဌာနတွေက ဖော်ပြနေကြပါတယ်။

အသက် ၂၆ နှစ် အရွယ် ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၂၉ သန်းဟာ ပြီးခဲ့တဲ့နှစ်တွေက ၎င်းကို ခေါ်ယူချင်တဲ့ အသင်းတွေ အတွက် အတားအဆီး တစ်ခု ဖြစ်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ အခြေအနေတွေ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကာ အက်သလက်တီကို ဘက်က စပိန် ကွင်းလယ်လူ အတွက် ပေါင် ၄၅ သန်း ပတ်ဝန်းကျင် ရမယ် ဆိုရင် ရောင်းချသွားဖို့ အသင့် ရှိနေပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

လီဗာပူးဟာ ဒီနွေရာသီမှာ ပီအက်ဂျီကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ထွက်ခွာ သွားခဲ့တဲ့ ဝိုင်နယ်ဒန်ကို လက်လွှတ်ထားခဲ့ရတာကြောင့် အန်ဖီးပရိတ်သတ်တွေ ကတော့ ဒီနေရာကို ပြန်လည် အားဖြည့်စေချင်နေကြပါတယ်။ လီဗာပူး အသင်းကလည်း ဒီကွက်လပ်ကို ပြန်လည် ဖြည့်တင်းရန် ကွင်းလယ်လူ တစ်ဦး ဈေးကွက်မှာ ရှာဖွေနေပေမယ့် မက်မာနာမန်က နာဘီကီတာ နဲ့ အောက်စလိတ်ချိန်ဘာလိန် တို့ဟာ ဒီနေရာကို ဖြည့်တင်းပေးနိုင်စွမ်း ရှိနေတယ်လို့ ယုံကြည် နေပါတယ်။

မက်မာနာမန်က “ရိုးရိုးသားသား ပြောရရင် လီဗာပူးတို့ သူ့ကို ခေါ်ယူဖို့ ကြိုးစားတဲ့ အတွက် ကျွန်တော် စိတ်ပျက်လက်ပျက် ဖြစ်မိခြင်းတော့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ သူဟာ အရမ်းကောင်းတဲ့ ကွင်းလယ်လူ တစ်ဦး ဖြစ်လို့ပါ။ အားလုံးဟာ ဂျီနီဝိုင်နယ်ဒန်ရဲ့ နေရာကို ပြန်လည် အစားထိုးခြင်း မရှိသေးတဲ့ အတွက် စိတ်ပျက်နေကြ ပေမယ့် လီဗာပူးဟာ လုံလောက်တဲ့ ကွင်းလယ် အင်အား ရှိနေပြီးသားပါ။ သူတို့ ကြံ့ခိုင်မှု ပြည့်ဝနေဖို့ပဲ လိုအပ်တာပါ။

သူတို့မှာ ဟန်ဒါဆန် ၊ တီယာဂို နဲ့ ဖာဘင်ညို တို့အပြင် အခြား ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ ကီတာ ၊ မီနာ ၊ ကာတစ်ဂျုံး ၊ အောက်စလိတ်ချိန်ဘာလိန် နဲ့ လူငယ် အသင်းကနေ ပေါ်ထွက်လာတဲ့ ကောင်လေးတွေ ရှိနေပါတယ်။ ဒါ့ကြောင့် ကွင်းလယ်နေရာဟာ လီဗာပူးရဲ့ အဓိက ဦးစားပေး မဟုတ်ပါဘူး။

တစ်မျိုးတော့ မထင်စေချင်ပါဘူး။ ဆာအူးဟာ အံ့ဖွယ် ကစားသမား တစ်ဦးပါ။ အက်သလက်တီကို တို့ လီဗာပူးကို ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထုတ်ပယ်ခဲ့တဲ့ ရာသီတုန်းက ကျွန်တော် သူ့ရဲ့ ကစားပုံကို သေချာ စောင့်ကြည့် ဖြစ်ခဲ့ပါတယ်။ သူဟာ စူပါစတား ကွင်းလယ်လူ တစ်ဦးလား? သူဟာ ဒီလို ကစားသမားတော့ မဟုတ်ပါဘူး။ သူဟာ လီဗာပူးမှာ ရှိတဲ့ ကွင်းလယ်လူတွေလောက် ကောင်းမွန်မှု ရှိပါတယ်။ ဒါပေမယ့် သူတို့ထက်တော့ မကောင်းပါဘူး။

အကယ်၍ သူသာ မနက်ဖြန် လီဗာပူးကို ရောက်လာခဲ့မယ် ဆိုရင် ကျွန်တော် တအားကို ဝမ်းသာအားရတော့ ဖြစ်မိမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လီဗာပူးဟာ ကွင်းလယ်ပိုင်းမှာ အင်အားတောင့်တင်းပြီးသား ဖြစ်နေလို့ ပါပဲ။” လို့ ပြောလိုက်ပါတယ်။