မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဒန်နီယယ် ဂျိမ်းစ် ဟာ အိုးလ် ထရပ်ဖို့ဒ် အခြေစိုက် ကလပ်မှာ ပွဲထွက် ကစားခွင့်တွေ ရရှိနိုင်ဖို့ ခက်ခဲနေခဲ့တဲ့ အခိုက်အတန့်မှာ လက်စတာ စီးတီး ၊ လိဒ်စ် ယူနိုက်တက် အသင်းတွေဆီ ပြောင်းဖို့ သတင်းကြီးနေခဲ့ ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဒန်နီယယ် ဂျိမ်းစ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက မန်ချက်စတာ ယူနိုက်တက်အသင်းမှာ တောင်ပံတိုက်စစ် ကစားသမား နှစ်ဦး ဖြစ်ကြတဲ့ မားကပ်စ် ရပ်ရှ်ဖို့ ၊ မေဆွန် ဂရင်းဝုဒ် တို့နောက် တတိယ ဦးစားပေး ကစားသမား အဖြစ််သာ ရှိခဲ့ရပြီး ပွဲကစားချိန် အရမ်းကို နည်းပါးခဲ့ရ ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ဒေါ့မွန်မှ ဂျေဒန် ဆန်ချိုပါ ရောက်လာခဲ့တဲ့အတွက် သူ့ရဲ့ ပွဲထွက် ကစားခွင့်တွေဟာ ပိုပြီး နည်းပါးသွားဖို့ပဲ ရှိနေပါတယ် ။ ဒါ့ကြောင့် သူ့ရဲ့ အိုးလ် ထရပ်ဖို့ဒ် အနာဂတ်ဟာ မရေမရာ ဖြစ်နေရတာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ကစားသမား ကိုယ်တိုင်ကတော့ အသင်းနဲ့ လေ့ကျင့်ရေးတွေ လုပ်ဆောင်နေဆဲ ဖြစ်ပြီး ရာသီကြို ပွဲစဥ်တွေမှာလည်း ပုံစံကောင်း ပြသဖို့ ကြိုးစားနေခဲ့ပါတယ် ။ အခုလည်း MUFC နဲ့ ပြုလုပ်ခဲ့တဲ့ အမေးအဖြေ ကဏ္ဍမှာ ဂျိမ်းစ်က သူဟာ အာဆင်နယ် ဂန္တဝင်ကို အွန်နရီကို ကြည့်ပြီး ကြီးပြင်းလာတာ ဖြစ်ကြောင်း ဝန်ခံခဲ့လိုက်ပါတယ် ။

” ရိုးရိုးသားသား ပြောရရင် ကျွန်တော် ငယ်စဥ် ကလေး ဘဝက လေ့လာကြည့်ရှုခဲ့တဲ့ ကစားသမား အချို့ ရှိခဲ့ကြ ပါတယ် ။ အဲ့ဒီထဲမှာတော့ သီယာရီ အွန်နရီက ကျွန်တော် အမြဲလို စောင့်ကြည့် လေ့လာခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့ရ ပါတယ် ”

” သူဟာ ပရီးမီးယားလိဂ်ကို ရောက်လာပြီး မကြာမီမှာပဲ မယုံကြည်နိုင်ဖွယ် ကောင်းတဲ့ ကစားသမား ဖြစ်လာနိုင်ခဲ့ ပါတယ် ။ ပြီးတော့ ကျွန်တော် နဲ့ အတူ ကစားနေတဲ့ ဟွမ် မာတာကလည်း ကျွန်တော့်ရဲ့ ငယ်ဘဝထဲက Idol တစ်ဦးပဲ ဖြစ်ခဲ့ရပါတယ် ”

” သူဟာ တကယ့်ကို ပရော်ဖက်ရှင်နယ် ဆန်လွန်းလှတဲ့ ကစားသမား တစ်ဦးပါပဲ ” လို့ ဒန်နီယယ် ဂျိမ်းစ် က ပြောခဲ့လိုက်ပြီး သူဟာ အသင်းမှာ နာမည်ပြောင်တွေ အများကြီး ရရှိထားသူ တစ်ဦး ဖြစ်ကြောင်း အမေးအဖြေ ကဏ္ဍမှာ ဆက်လက် ပြောခဲ့လိုက် ပါတယ် ။

” ကျွန်တော့်မှာ နာမည်ပြောင်တွေ အများကြီး ရှိပါတယ် ။ အမေကတော့ ဒန်နီယယ် လို့ပဲ ခေါ်လေ့ ရှိတတ်ပါတယ် ။ ဒါပေမဲ့ လူတွေကတော့ DJ ၊ ဂျာမို ၊ လျင်မြန်တဲ့ ဂွန်ဇာလက်ဇ် ၊ flash စသဖြင့် ခေါ်ဆိုတတ်ကြ ပါတယ် ။ အဲ့ဒီထဲက ဒန်နီယယ် ဟာ ကျွန်တော် အကြိုက်ဆုံး နာမည်ပါပဲ ” လို့ ဒန်နီယယ် ဂျိမ်းစ် က ဖြေကြားခဲ့လိုက် ပါတယ် ။