တော့တင်ဟမ် ကွင်းလယ်လူဟောင်း ဂျေမီအိုဟားရားက ဝက်ဟမ်း အသင်း အနေနဲ့ နောက်ထပ် ကစားသမားသစ်တွေ ခေါ်ယူမှု မလုပ်ဘူးဆိုရင် ဒီရာသီ ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန် တိုက်ပွဲ ဆင်နွှဲရလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။ ဟမ်းမား တို့ဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြခဲ့ကာ အဆင့် ၆ နေရာ ရယူနိုင်ခဲ့တာကြောင့် ယူရိုပါလိဂ် ဝင်ခွင့် ရရှိခဲ့ပြီး အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ သောမတ်ဆုချက် နဲ့ ဒန်ကလန်ရိုက်စ် တို့ကိုလည်း အသင်းမှာ ဆက်ထိန်းနိုင်ဖို့ များနေပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဒေးဗစ်မိုရက်ရဲ့ အသင်းဟာ ဒီနွေရာသီမှာ ပြင်သစ် ဂိုးသမား အာရီအိုလာ ကို အားဖြည့်ထားနိုင်ခဲ့ပါတယ်။ အသက် ၂၈ နှစ် အရွယ် အာရီအိုလာဟာ ပြီးခဲ့တဲ့ ရာသီက ပီအက်ဂျီ ကနေ ဖူဟမ်ကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွေ့ခဲ့သူ ဖြစ်ပါတယ်။ ဒီလို အားဖြည့်မှု လုပ်ထားပေမယ့်လည်း အိုဟားရားက ဝက်ဟမ်း အနေနဲ့ အပြောင်းအရွေ့ ဈေးကွက် မပိတ်မီ နောက်ထပ် ကစားသမား ခေါ်ယူမှု တစ်ချို့ မလုပ်ဘူး ဆိုရင် ခက်ခဲတဲ့ ရာသီတစ်ခုနဲ့ ရင်ဆိုင် ရလိမ့်မယ်လို့ ယုံကြည် နေပါတယ်။

အိုဟားရားက “ကျွန်တော် ဝက်ဟမ်း အတွက် စိုးရိမ်မိပါတယ်။ သူတို့ဟာ သိပ်ပြီး မလိုအပ်တဲ့ ဂိုးသမား နေရာကိုသာ အားဖြည့်ထားခဲ့ပြီး ဂျယ်စီလင်ဂတ် ကလည်း ဝက်ဟမ်းကို ပြန်လာဖို့ အတွက် စိတ်ဝင်စားတဲ့ပုံ မရှိပါဘူး။ တမ်မီအေဗရာဟမ်ဟာ သူတို့ အတွက် အရမ်း ကောင်းတဲ့ အားဖြည့်မှု ဖြစ်လာနိုင်ပေမယ့် သူ့ကို ရဖို့ အခြေအနေ သိပ်မရှိပါဘူး။

ဝက်ဟမ်းဟာ တောင့်တင်းမှု ရှိတယ်လို့ ထင်ရပေမယ့်လည်း ရာသီသစ် စတင်တော့မယ့် အချိန်မှာ သူတို့ဟာ နောက်ထပ် တစ်နှစ် အသက်ကြီးသွားပြီ ဖြစ်တဲ့ အန်တိုနီယို တစ်ဦးတည်းကိုသာ အထောင် တိုက်စစ်မှာ ပိုင်ဆိုင်ထား ပါတယ်။ သူဟာ ဒဏ်ရာတွေနဲ့ ရုန်းကန် နေရသူ ဖြစ်ပြီး အားလုံး သိကြတဲ့ အတိုင်းပဲ သူဟာ ဒီရာသီ တစ်ချိန်ချိန်မှာ ဒဏ်ရာ ရအုံးမှာ ဖြစ်ပါတယ်။

အခုထိ သူတို့ နောက်ထပ် တိုက်စစ်မှုး တစ်ဦး ခေါ်ယူရခြင်း မရှိသေးပါဘူး။ သူတို့ ဒီလူစာရင်း အတိုင်းသာ ဆက်သွားမယ် သူတို့ ရုန်းကန် ရလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။ သူတို့ ဒီရာသီမှာ တန်းဆင်းဇုန် တိုက်ပွဲကို ဆင်နွှဲရလိမ့်မယ်လို့ ကျွန်တော် မြင်မိပါတယ်။

သူတို့ ကစားသမား တစ်ချို့ကို အမြန်ဆုံး ခေါ်ယူကာ အားဖြည့်မှု မလုပ်ဘူး ဆိုရင် ဝက်ဟမ်းဟာ တန်းမဆင်းရဖို့ အတွက် တိုက်ပွဲဝင်သွားရမှာပါ။ သူတို့ဟာ ယူရိုပါလိဂ်ပွဲစဉ်တွေ ကစားရဖို့လည်း ရှိနေပါတယ်။ ဒါပေမယ့် သူတို့မှာ ဥရောပ နဲ့ ပြည်တွင်း ပြိုင်ပွဲအတွက် လုံလောက်တဲ့ လူစာရင်း မရှိပါဘူး။” လို့ ဆိုလိုက်ပါတယ်။

အိုးဟားရားက ဝက်ဟမ်း အနေနဲ့ ဂျယ်စီလင်ဂတ် ရဲ့ နေရာမှာ နယူးကာဆယ်ကို ပေါင်သန်း ၂၀ နဲ့ ပြောင်းရွေ့တော့မယ် အာဆင်နယ် ကွင်းလယ်လူ ဂျိုးဝယ်လော့ နဲ့ အစားထိုးခဲ့သင့်တယ်လို့လည်း ပြောသွား ပါတယ်။