ကာရေဂါ နဲ့ ရွိုင်ကိန်း နှစ်ဦးစလုံးဟာ အာဆင်နယ် အသင်းရဲ့ နည်းစနစ် ဒါရိုက်တာ အီဒူး ကို အပြင်းအထန် ဝေဖန်လိုက်ပြီး အသင်းရဲ့ ကစားသမား ခေါ်ယူမှုတွေဟာ ညံ့ဖျင်းလွန်းကြောင်း ပြောကြား သွားခဲ့ပါတယ် ။

ဒါ့အပြင် ကာရေဂါ နဲ့ ရွိုင်ကိန်း တို့ဟာ ဒေးဗစ်လူးဝဇ် နဲ့ ဝီလီယံ ခေါ်ယူခဲ့တဲ့ အာဆင်နယ် အသင်းရဲ့ လုပ်ရပ် အပေါ် မေးခွန်းထုတ် သွားခဲ့ပါတယ် ။ ဒီနွေရာသီဟာ အီဒူး အတွက် တတိယမြောက် နွေရာသီ အပြောင်းအရွှေ့ ကာလ ဖြစ်ပါတယ် ။

းတွေက အပြိုင် ချဉ်းကပ်မှုတွေ လုပ်ဆောင်ခဲ့ ပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

အီဒူး ဟာ အာဆင်နယ် နည်းစနစ် ဒါရိုက်တာ အဖြစ် ခန့်အပ် ခံရပြီးနောက်ပိုင်း ပေါင် ၂၇၅ သန်း အထိ အသုံးပြု ထားပေမယ့် အာဆင်နယ် အသင်းကတော့ ထိပ်ဆုံး လေးသင်း ထဲ ဝင်ရောက်နိုင်ဖို့ အလှမ်းဝေး နေဆဲပါ ။

လီဗာပူး ဂန္တဝင် ကာရေဂါ က Sky Sports’s overlap fan debate မှာ “အာဆင်းဝင်းဂါး ထွက်ခွာ သွားပြီးနောက်ပိုင်း ဒါမှမဟုတ် နောက်ဆုံး အမှတ်ပေးဖလား ရပြီးနောက်ပိုင်းမှာ ၊ ပရိသတ်တွေအတွက် ကိုယ့်အသင်းက အရာရာမှာ နောက်ကျကျန်နေတာကို တွေ့ရတာ အတော်ခက်ခဲမှာပါ ၊ သူတို့ ဘယ်နေရာကို ဦးတည်နေသလဲဆိုတာ ခင်ဗျားတို့ တွေ့ကြမှာပါ ။ ”

“အားကစားဒါရိုက်တာ ဖြစ်တဲ့ အီဒူး အကြောင်း ပြောရမယ်ဆိုရင် သူက ဒေးဗစ်လူးဝဇ် ကော ဝီလီယံ ကော ခေါ်ခဲ့ပါတယ် ၊ နှစ်ဦးစလုံးက ချဲလ်ဆီး အကျတွေပါပဲ ၊ ဒီလို ခေါ်နေတာက အလုပ်မဖြစ်ဘူး အဆင်မပြေဘူး ဆိုတာ ကျွန်တော် အစောကတည်းက တွေးမိပါတယ် ။ ”

” ချဲလ်ဆီး အသင်း အသုံးမလိုတော့တဲ့ အသက် ၃၀ ကျော် ကစားသမားတွေကို ဘာကြောင့် ခေါ်နေတာလဲ ၊ နောက်ပြီး သူတို့ကို လစာ အများကြီး ပေးထားရတာပါ ၊ အခု ပြန်ရောင်းထုတ်ဖို့လည်း မလွယ် ဖြစ်နေပါပြီ ၊ ဒါက အမှားလုပ်မိတာပါပဲ ၊ ညံ့ဖျင်းလိုက်တာလို့ပဲ ပြောချင်ပါတယ် ။ ”

အာဆင်နယ် ပရိသတ် တစ်ဦး ဖြစ်တဲ့ Ty က အီဒူး ရဲ့ လုပ်ရပ်ဟာ မညံ့ဖျင်း​ကြောင်း ချေပချက်ကို ကာရေဂါ က ” ညံ့ဖျင်းတာပေါ့ဗျာ ၊ ဒေးဗစ်လူးဝဇ် ဆို အလွတ်နဲ့ ပြန်ထွက်သွားတာပါ ၊ ဝီလီယံ လည်း အလွတ်နဲ့ပဲ ထွက်ဦးမှာပါ ။ ”

” သူတို့က အသင်းဆီက လစာတွေ အများကြီး ယူသွားကြတာပါ ၊ အသင်းအတွက် ဘာမှ မကျန်ခဲ့ပါဘူး ၊ ကျွန်တော်သာဆို ဒေးဗစ်လူးဝဇ် နဲ့ ဝီလီယံ ကို ဝယ်မှာ မဟုတ်ပါဘူး ၊ သူတို့က ချဲလ်ဆီး အသင်း အလိုမရှိတော့တဲ့ ကစားသမားတွေပါ ၊ ချဲလ်ဆီး က သူတို့ရဲ့ အကောင်းဆုံးတွေကို ရယူခဲ့ပြီးပါပြီ ၊ အဲ့တာကို အာဆင်နယ် က သွားခေါ်လိုက်တာပါ ။ ”

အာဆင်နယ် ပရိသတ်တစ်ဦး ရဲ့ အီဒူး ဟာ အားလပ်ရက်မှာတောင် အသင်းအတွက် မှန်ကန်တယ် ခေါ်ယူမှု တွေကို ပြုလုပ်နေတယ် ဆိုတဲ့ အဆိုပြုချက် အပေါ် ရွိုင်ကိန်း က ” သူ( အီဒူး ) ပြီးခဲ့တဲ့ ၂ နှစ်ကလည်း အားလပ်ရက် ရခဲ့တာပဲ​လေ ။အသင်းရဲ့ ကစားသမား အင်အား ဖြည့်တင်းမှုတွေကို ကြည့်ပြီး ဆုံးဖြတ်ရမှာပါ ။ ”

” အာဆင်နယ် အတွက် မှန်ကန်တဲ့ ကစားသမားတွေ ခေါ်ယူ ပေးနိုင်ခဲ့လား ပေါ့ ၊ အာဆင်နယ် က နောက်ထပ် ကစားသမား တစ်ဦး နှစ်ဦး ခေါ်ဖို့ လုပ်နေပါသေးတယ် ၊ အာဆင်နယ် အသင်းရဲ့ အဓိက ပြဿနာက တခြား အသင်းတွေလိုပဲ ကစားသမားတွေကို ရှင်းထုတ်ရ ခက်နေတာပါ ။ ”

” အာဆင်နယ် အသင်းမှာ လစာတွေ အများကြီး ရနေသူ ရှိပါတယ် ၊ သူတို့ကို ခုထိ မရှင်းထုတ် နိုင်သေးပါဘူး ၊ ဒါကြောင့် အာဆင်နယ် က ကစားသမားတွေ ဝယ်ဖို့ အခက် တွေ့နေရပါတယ် ၊ ကစားသမား ခေါ်ယူ အားဖြည့်မှု က အခရာ ကျပါတယ် ။ ”

” ကျွန်တော် အာဆင်နယ် ကို စော်ကား နေတာ မဟုတ်ပါဘူး ၊ သူတို့ ပြီးခဲ့တဲ့ နှစ်နှစ်က အက်ဖ်အေဖလား ရခဲ့ပါတယ် ၊ ဒါပေမယ့် အာဆင်နယ် က အမှတ်ပေး ချန်ပီယံဆုရဖို့ အလှမ်းဝေး နေပါတယ် ၊ ဘာကြောင့်လဲဆိုတော့ သူတို့အတွက် အင်အား တောင့်တင်းစေမယ့် ကစားသမားမျိုး မခေါ်နိုင်တာကြောင့်ပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။