PSG ကစားသမားသစ် လီယွန်နယ် မက်ဆီ ဟာ ဒီကနေ့ မှာ အသင်းသစ် နဲ့ အတူ လေ့ကျင့်ခန်း စတင် ပြုလုပ် ပြီး နေမာ ၊ ဘာပေ ၊ ဒီမာရီယာ တို့နဲ့ အတူ တွေ့ဆုံ နှုတ်ဆက် ခဲ့ကြတယ်လို့ သိရ ပါတယ် ။

 

လီဗာပူး တောင်ပံ ကစားသမား ရှာကွီရီ ကတော့ ပြင်သစ် ကလပ် အိုလံပစ် လိုင်ယွန် အသင်း ကို ပြောင်းရွှေ့ ဖို့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိ ခဲ့ပြီလို့ သိရ ပါတယ် ။ လိုင်ယွန် ဟာ ရှာကွီရီ အတွက် ယူရို ၆ သန်း + အပိုဆုကြေး ကို လီဗာပူး ထံ ပေးချေ ရမှာ ဖြစ်ပြီး ကလပ် အသင်း အကြား ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ သိရ ပါတယ် ။

 

ဖီဖာ က နောက်ဆုံး ထုတ်ပြန် လိုက်တဲ့ ကမ္ဘာ့ အဆင့် သတ်မှတ်ချက် မှာတော့ ယူရို ချန်ပီယံ အီတလီ အသင်းဟာ အဆင့် ၅ နေရာကို ရောက်ရှိ လာခဲ့ပြီး ဘယ်လ်ဂှီယံ ကတော့ နံပါတ် ၁ နေရာမှာ ဆက်လက် ရှိနေတယ်လို့ သိရ ပါတယ် ။

 

အင်တာမီလန် အသင်းဟာ PSV ကစားသမားလေး ဒမ်ဇယ် ဒမ်ဖရိုင်း ကို ယခု အပတ် အတွင်းမှာ ခေါ်ယူ နိုင်ဖို့ အလားအလာ ကောင်းမွန် နေတယ်လို့သိရ ပါတယ် ။ အင်တာမီလန် တိုက်စစ်မှူး လူတာရို မာတီနက် ရဲ့ အေးဂျင့် ကလည်း သူ့ရဲ့ ကစားသမားဟာ စီးရီးအေ ကလပ် ကနေ ထွက်ခွာဖို့ အစီအစဉ် မရှိကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

လိဒ် ယူနိုက်တက် နည်းပြကြီး မာဆယ်လို ဘီယေဆာ ဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ပြီး ၂၀၂၂ ဇွန်လ အထိ ကိုင်တွယ် သွားမယ်လို့ သိရ ပါတယ် ။

 

ဘာစီလိုနာ အသင်းက ရောင်းထုတ်ဖို့ ဆန္ဒ ရှိနေတဲ့ ပြင်သစ် နောက်ခံလူ ဆင်မြူရယ် အမ်တီတီ အတွက် လက်ရှိ အချိန် အထိ ဘယ်အသင်းကမှ ကမ်းလှမ်း ထားခြင်း မရှိသေးဘူးလို့ သိရ ပါတယ် ။

 

အာဆင်နယ် အသင်းဟာ ရီးရဲ မက်ဒရစ် ရဲ့ မာတင်အိုဒီဂတ် အပေါ် ချမှတ်မယ့် ဆုံးဖြတ်ချက် ကို စောင့်ဆိုင်း နေပြီး မနှစ်က ရာသီဝက် အငှား ခေါ်ယူ ခဲ့ဖူးတဲ့ နော်ဝေသား ကို နောက်ထပ် တရာသီ ထပ်မံ ခေါ်ယူ နိုင်ဖို့ မျှော်လင့် ထားဆဲဖြစ်တယ်လို့ သိရ ပါတယ် ။

 

မန်စီးတီး ဟာ တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်း ကို လက်မလျှော့သေးဘဲ ပေါင် သန်း ၁၅၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင် နေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

 

လီဗာပူး နည်းပြကြီး ယာဂင် ကလော့ ကတော့ ဂျိုးဂိုးမက် နဲ့ ဗန်ဒိုက် တို့ဟာ နောဝှစ်ချ် စီးတီး နဲ့ ကစားမယ့် ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် မှာ ပါဝင် ကစား နိုင်မယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဒါ့အပြင် ကလော့ က သူ့အနေနဲ့ လက်ရှိ အသင်းသားတွေ အပေါ် ယုံကြည်မှု အပြည့် ရှိတာကြောင့် ကစားသမားသစ် ထပ်မံ ခေါ်ယူတော့မှာ မဟုတ်ကြောင်းလည်း ပြောဆို သွားခဲ့ ပါတယ် ။

 

ဆီဗီးလား အသင်းဟာ ပြင်သစ် နောက်ခံလူ ဂျူးလ် ကွန်ဒီ အတွက် ကမ်းလှမ်းမှု မရရှိ ထားသေးပေမယ့် သင့်တော်တဲ့ ပြောင်းရွှေ့ကြေး နဲ့ ဆက်သွယ်လာပါက လက်ခံ စဉ်းစား ပေးသွားဖို့ အဆင်သင့် ရှိတယ်လို့လည်း သိရ ပါတယ် ။

 

ပဲလေ့စ် အသင်းကတော့ ကလပ် မှာ ၇ နှစ်ကြာ ကစားခဲ့တဲ့ ဝါရင့် နောက်ခံလူ စကော့ဒင်း အသင်း ကနေ ထွက်ခွာ သွားခဲ့ပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာ သွားခဲ့ ပါတယ် ။

 

PSG ဟာ လီယွန်နယ် မက်ဆီ ရဲ့ လုပ်ခ လစာကို ပေးချေ ရာမှာ Cryptocurrency ကို အသုံးပြု ဖို့ စဉ်းစား ဆွေးနွေး နေတယ်လို့လည်း သတင်း ကြားသိရ ပါတယ် ။

 

SPORTS MYANMAR