Maguire

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနွေမှာ ဒေါ့မွန် အသင်းမှ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဂျေဒန် ဆန်ချိုကို ပေါင် 73 သန်းနဲ့ ခေါ်ယူထားခဲ့ပြီး ရီးယဲ မက်ဒရစ် နောက်ခံလူ ရာဖေးလ် ဗာရန်းကို ပေါင် 43 သန်းနဲ့ ခေါ်ယူဖို့ ကြိုတင် သဘောတူညီမှု ရယူထားခဲ့ပါပြီ ။

ယူနိုက်တက်တို့ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေတုန်းက အဆိုပါ နေရာတွေမှာ အားနည်းချက် ရှိခဲ့တဲ့ အတွက် ဒါဟာ တတယ့်ကို ကောင်းမွန်လှတဲ့ အင်အား ဖြည့်တင်းမှု ဖြစ်သွားခဲ့ရ ပါတယ် ။ ဒါ့ကြောင့်လည်း ယူနိုက်တက်တို့ဟာ ဒီရာသီ အမှတ်ပေး ဖလားကို စိန်ခေါ်ဖို့ ရေပန်းစား နေခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

အခြားတဖက်မှာတော့ မန်စီးတီးအသင်းကလည်း အက်စတွန် ဗီလာမှ ဂျက် ဂရီလစ်ရှ် ကို ပေါင် သန်း 100 နဲ့ ခေါ်ယူထားခဲ့သလို ချဲလ်ဆီး အသင်းကလည်း အင်တာမီလန် မှ ရိုမီလူ လူကာကူကို ပေါင်သန်း 100 နီးပါးနဲ့ အပြီးသတ် ခေါ်ယူထားနိုင်ခဲ့ ပါပြီ ။

ဒါ့အပြင် လီဗာပူး အသင်း ကလည်း ပြီးခဲ့တဲ့ ဘောလုံး ရာသီက ဒဏ်ရာ ရရှိခဲ့တဲ့ အဓိက ကစားသမား တွေကို ပြန်လည် ပိုင်ဆိုင်ထားခဲ့ပြီပဲ ဖြစ်ပါတယ် ။ လီဗာပူးရဲ့ ဒီကစားသမား စာရင်းဟာ ချန်ပီယံလိဂ် ၊ ပရီးမီးယားလိဂ် ဖလားတွေကို ဆွတ်ခူးထားခဲ့တဲ့ အသင်းမျိုးပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် ဒီရာသီမှာ လီဗာပူးဟာလည်း အရင်လို ပြန်ကောင်းလာလိမ့်မယ်လို့ ထင်ကြေး ပေးခံနေရ ပါတယ် ။ အခုတော့ ယူနိုက်တက် ခံစစ်မှူး ဟယ်ရီ မက်ဂွားယားက ဒီနှစ် ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးရေး အတွက် မန်စီးတီး ၊ လီဗာပူး ၊ ချဲလ်ဆီး အသင်းတွေနဲ့ ယှဥ်ပြိုင်ရ လိမ့်မယ်လို့ သုံးသပ် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ဒီနှစ်က အမြဲတမ်းထက် ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်နေလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ် ။ ကျွန်တော်တို့ အသင််းကို အင်အားတောင့်တင်းစေခဲ့ကြသလို အခြားအသင်းတွေလည်း မိမိတို့ရဲ့ အသင်းတွေကို ကိုယ်စီ အင်အား ဖြည့်တင်း ထားခဲ့ကြ ပါပြီ ”

” ဒါ့ကြောင့် အခုလိဂ်မှာ ခမ်းနားတဲ့ အသင်းတွေ အများကြီး ရှိနေကြပါပြီ ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဘောလုံး ရာသီတွေတုန်းက အသင်းကောင်းတွေပဲ ယှဥ်ပြိုင်ရင်း အဆုံးသတ်မှာ ရမှတ် ခြားနားချက်တွေကို 10+ ဖြစ်ခဲ့ကြ ပါတယ် ။ ဒါမျိုး ဖြစ်ပွားခဲ့တာ အားလုံး မျက်မြင်ပါပဲ ”

” မန်စီးတီးဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီက အမှတ်ပေး ဖလားကို ဆွတ်ခူးနိုင်ခဲ့ ပါတယ် ။ သူတို့ဟာ တစ်ကယ့် ထိပ်တန်း အသင်းပါပဲ ။ ပြီးတော့ သူတို့ဟာ ဂျက် ဂရီလစ်ရှ်ကို ခေါ်ယူထားကြပါသေးတယ် ။ သူ့အကြောင်းကို ကျွန်တော် ကောင်းကောင်းသိပါတယ် ။ သူက ထိပ်တန်း ကစားသမား ဖြစ်တဲ့ အတွက် မန်စီးတီးဟာ ပိုပြီး တောင့်တင်း သွားမှာပါပဲ ”

” ချဲလ်ဆီးနဲ့ လီဗာပူးရောပါပဲ ။ ဒီနှစ်မှာတော့ ရလဒ်တွေ ဆက်တိုက် ကောင်းပြီး အာရုံ စူးစိုက်နိုင်မယ့် အသင်းက ပိုကောင်းသွားမှာပါပဲ ။ ကျွန်တော်တို့ အတွက် အရေး အကြီိးဆုံး အရာကတော့ မိမိတို့ရဲ့ အသင်းအပေါ်မှာပဲ အာရုံစူးစိုက်ရေး ပါပဲ ”

” ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီကထက် ပိုကောင်းဖို့ အခွင့်အရေး ရှိနေကြပါပြီ ။ ဒါကို လုပ်နိုင်ဖို့ ကျွန်တော်တို့ ရည်မှန်းချက် ထားရှိနေကြပါတယ် ” လို့ ဟယ်ရီ မက်ဂွားယား က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။