၁ ။ ဒေးဗစ်လူးဝဇ် က အာဆင်နယ် ကနေ ထွက်ခွာ ဖြစ်ခဲ့တဲ့ အကြောင်းအရင်းကို ခုလို ရှင်းပြ သွားခဲ့ပါတယ် ။ ” ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် စလုံးက စာချုပ်သစ် ဆက်မချုပ်တော့ဖို့ သဘောတူ ဆုံးဖြတ်ချက် ချခဲ့တာပါ ၊ ကျွန်တော် အဲ့ဒီမှာ ၂ နှစ်ကြာ ကစားခဲ့ပါတယ် ၊ အဓိက ရည်မှန်းချက်က အောင်မြင်မှု တစ်စုံတစ်ရာ ရဖို့ပေါ့ဗျာ ၊ ရလည်း ရခဲ့ပါတယ် ( အက်ဖ်အေဖလား နှင့် ကွန်မြူနတီဒိုင်း ) ၊ အခုအချိန်မှာ အာဆင်နယ် က ရေရှည်အတွက် စီမံကိန်း အသစ်တွေ ရေးဆွဲ လုပ်ဆောင်နေပါတယ် ၊ ကျွန်တော်နဲ့ idea ချင်း ကွဲပြားနေပါတယ် ၊ ကျွန်တော်က ဖလား အောင်မြင်မှုတွေ အမြဲတမ်း ရယူချင်တာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

၂ ။ အာဆင်နယ် အသင်း နောက်ခံလူဟောင်း နီဂယ် ဝင်တာဘန်း က ဂန်းနားတို့ အနေနဲ့ အပြောင်းအရွှေ့ ကာလ မကုန်ဆုံးမှီ ဂိုးဖန်တီးမှုတွေ လုပ်နိုင်တဲ့ ကွင်းလယ် တိုက်စစ် ကစားသမား တစ်ဦး ခေါ်ယူဖို့ တိုက်တွန်း ပြောကြား သွားခဲ့ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

၃ ။ ပိုစ့်မောက် အသင်းဟာ အာဆင်နယ် အသင်း လူငယ် ကွင်းလယ်လူ မီဂွယ်လ် အဇီဇ် ကို အငှား ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။ အဇီဇ် ဟာ အာဆင်နယ် အသင်းကြီး အတွက် တစ်ပွဲ ပါဝင် ကစားခွင့် ရရှိ ထားပါတယ် ။

၄ ။ Mirror ရဲ့ John Cross အဆိုအရ အာဆင်နယ် အသင်းဟာ ဒီနွေရာသီမှာ ပေါင် သန်း ၁၀၀ ကျော် အသုံးပြု သွားမှာ ဖြစ်ပြီး အာတီတာ ဟာ တိုက်စစ်မှူး တစ်ဦး ( လာကာဇက် ကို ရောင်းထုတ်နိုင်ပါက ) ၊ ဂိုးသမား တစ်ဦး ၊ ကွင်းလယ် တိုက်စစ် ကစားသမား တစ်ဦး ခေါ်ယူဖို့ ဆန္ဒ ရှိနေတယ်လို့ သိရပါတယ် ။

၅ ။ အာဆင်နယ် အသင်းဟာ သူတို့ရဲ့ အဓိက ပစ်မှတ်တွေ ဖြစ်တဲ့ မက်ဒီဆင် နဲ့ အိုဒီဂတ် တို့ကို အပြီးသတ် ခေါ်ယူဖို့ မအောင်မြင်ပါက လိုင်ယွန် ကြယ်ပွင့် ဟော့ဆန် အာဝါ ကို အငှား နဲ့ ခေါ်ယူသွားမယ်လို့ The Sun Sport က ရေးသား ဖော်ပြလိုက်ပါတယ် ။

၆ ။ အာဆင်နယ် အသင်းဟာ အသင်း ခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်း အတွက် ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ ဆန္ဒ ရှိနေတယ်လို့ The Times က ဖော်ပြလိုက်ပါတယ် ။ အူဘာမီယန်း ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကမှ အာဆင်နယ် နဲ့ စာချုပ်သစ် ချုပ်ဆိုထားသူ ဖြစ်ပြီး တစ်ပတ် လခ ပေါင် ၃ သိန်း ရရှိနေသူပါ ။

၇ ။ အာဆင်နယ် အသင်း နည်းစနစ် ဒါရိုက်တာ အီဒူး ဟာ သူနဲ့ အဆင်ပြေတဲ့ အေးဂျင့် ကီရန် ဂျော့ရက်ချီယန် ရဲ့ကစားသမား ဖြစ်တဲ့ ဘာစီလိုနာ ဂိုးသမား နီတို ကို ခေါ်ယူဖို့ ပစ်မှတ်ထားထားတယ်လို့ သိရပါတယ် ။ အာဆင်နယ် အသင်းဟာ အရင်က ဂျော့ရက်ချီယန် ရဲ့ကစားသမားတွေ ဖြစ်တဲ့ ဝီလီယံ ၊ လူးဝဇ် ၊ ဆစ်ဒရစ် တို့ကို ခေါ်ယူ ခဲ့ဖူးပါတယ် ။

၈ ။ အိုဒီဂတ် ဟာ ခုထက်ထိ လာလီဂါမှာ ရီးရဲလ် မက်ဒရစ် ကစားသမား အဖြစ် စာရင်းသွင်းခြင်း မခံရသေးတဲ့ အပြင် ကျောနံပါတ်လည်း မရရှိသေးတာကြောင့် အာဆင်နယ် အတွက် မျှော်လင့်ချက် ကောင်းနေတယ်လို့ သုံးသပ်မှုတွေ ရှိနေကြပါတယ် ။

၉ ။ အာဆင်နယ် နည်းပြ အာတီတာ က လာမယ့်ရာသီ ဖြတ်သန်းမှုတွေကို All or Nothing ဆိုပြီး documentary ရိုက်ဖို့ Amazon နဲ့ ပူးပေါင်း ခဲ့တာနဲ့ ပတ်သက်ပြီး သူ့ကို အသိပေးခဲ့တာမျိုး မရှိကြောင်း ၊ တာဝန်ရှိသူတွေ ဆုံးဖြတ် လုပ်ကိုင် ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ် ။

ဘရန့်ဖိုဒ့် နဲ့ ပွဲအတွက် ထူးခြားမှတ်တမ်းများ
=================================

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် အဖြစ် မနက်ဖြန် နံနက် မြန်မာ စံတော်ချိန် ၁ နာရီ မိနစ် ၃၀ မှာ တန်းတက် ဘရန့်ဖိုဒ့် အသင်းနဲ့ ကစား သွားရမှာပါ ။ ဘရန့်ဖိုဒ့် နဲ့ အာဆင်နယ် ပွဲကို ဒိုင်လူကြီး မိုက်ကယ် အိုလီဗာ က တာဝန်ယူ ကိုင်တွယ် သွားမှာ ဖြစ်ပါတယ် ။

ဒီနေ့ပွဲဟာ ၁၉၄၇ ခုနှစ် နောက်ပိုင်း ဘရန့်ဖိုဒ့် နဲ့ အာဆင်နယ် အသင်းတို့ရဲ့ ပထမဆုံး အကြိမ် လိဂ်ပြိုင်ပွဲ တွေ့ဆုံမှု ဖြစ်ပါတယ် ။ လိဂ်ပြိုင်ပွဲမှာ နောက်ဆုံး တွေ့ဆုံတုန်းက အာဆင်နယ် အသင်းဟာ တစ်ဂိုး ဂိုးမရှိ နဲ့ အနိုင်ရထားပါတယ် ။

အာဆင်နယ် အသင်းဟာ ဘရန့်ဖိုဒ့် အသင်း အိမ်ကွင်းမှာ သွားရောက်ကစားရတဲ့ ပြိုင်ပွဲစုံ ၆ ပွဲမှာ တစ်ပွဲသာ အနိုင်ရထားပြီး ၁ ပွဲ သရေ ၊ ၄ ပွဲ ရှုံးနိမ့် ထားပါတယ် ။

အာဆင်နယ် အသင်းဟာ အဝေးကွင်းမှာ သွားရောက် ကစားရတဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲ နောက်ဆုံး ၇ ပွဲဆက် ရှုံးပွဲ မရှိထားဘဲ ၅ ပွဲနိုင် ၊ ၂ ပွဲ သရေကျထားပါတယ် ။ အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီကလည်း အဖွင့်ပွဲတွင် တန်းတက် ဖူလ်ဟမ် အသင်းကို အဝေးကွင်းမှာ ၃ ဂိုးပြတ် အနိုင် ရခဲ့ပါတယ် ။

ဘရန့်ဖိုဒ့် နဲ့ အာဆင်နယ် ပွဲဟာ Friday 13th မှာ ကစားတဲ့ တတိယမြောက် ပရီးမီးယားလိဂ် ပွဲ ဖြစ်ပါတယ် ။ ပထမနှစ်ပွဲ ကတော့ ၂၀၀၁ ၊ ဧပြီမှာ ကစားခဲ့တဲ့ ဘရဒ်ဖိုဒ့် ၂-၀ ချာလ်တန် ၊ လိဒ်ယူနိုက်တက် ၂-၁ လီဗာပူး ပွဲတွေ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ ဘရန့်ဖိုဒ့် နဲ့ ပွဲမှာ တတိယ ဝတ်စုံကို ဝတ်ဆင် ကစားသွားမှာပါ ။
ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း – လီနို ၊ ဘယ်လာရင် ၊ ဘန်ဝှိုက် ၊ မာရီ ၊ တီယာနေး ၊ ရှာကာ ၊ လိုကွန်ဂါ ၊ စမစ်ရို ၊ ပေပေ ၊ အူဘာမီယန်း ၊ လာကာဇက် ။