2021 – 22 ပရီးမီးယားလိဂ် ဘောလုံး ရာသီဟာ ဒီညမှာတော့ ဘရန့်ဖို့ဒ် vs အာဆင်နယ် အသင်းတို့ရဲ့ ထိပ်တိုက် တွေ့ဆုံမှုနဲ့ အတူ စတင်ပါတော့မယ် ။ အဲ့တာပြီးရင်တော့ ပွဲစဥ်တွေဟာ အရှိန်အဟုန် တစ်ခုနဲ့ ဆက်တိုက် စတင်မှာ ဖြစ်ပြီး စိတ်လှုပ်ရှားဖွယ် ပွဲစဥ်တွေ မြင်ရဖို့ ရှိနေပါတယ် ။

ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ် ဘောလုံး ရာသီမှာ ထိပ်သီး အသင်းတွေ အများစုဟာ ကောင်းမွန်တဲ့ ကစားသမား ဖြည့်တင်းမှုတွေကို လုပ်ဆောင်ထားကြလို့ပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် အခြား အသင်းတွေလည်း ယခင်ကထက် ပိုမို တောင့်တင်းတဲ့ ကစားသမား စာရင်းကို ပိုင်ဆိုင်ထားကြ ပါပြီ ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

လက်ရှိ အချိန်ထိတော့ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းဟာ အဓိက ကစားသမားတွေကို ရောင်းထုတ်ခြင်း မရှိသေးပဲ အက်စတွန် ဗီလာ အသင်းရဲ့ စူပါ စတား ဖြစ်သူ ဂျက် ဂရီလစ်ရှ် ကိုပါ ပေါင် သန်း 100 သုံးစွဲပြီး ခေါ်ယူထားခဲ့ ပါတယ် ။

ဒါ့အပြင် သူတို့ဟာ တိုက်စစ်မှူး တစ်ဦးလည်း ခေါ်ယူဖို့ ကြိုးစားနေကြပါသေးတယ် ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီက ပရီးမီးယားလိဂ် ဇယား အဆင့် 2 နေရာမှာ ရပ်တည်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ကာလရှည် ပစ်မှတ် ဖြစ်ခဲ့တဲ့ ဂျေဒန် ဆန်ချိုကို ခေါ်ယူထားခဲ့ပါပြီ ။

ဒါ့အပြင် ရီးယဲ မက်ဒရစ် အသင်းရဲ့ ဗဟိုနောက်ခံလူ ရာဖေးလ် ဗာရန်း ကိုပါ ခေါ်ယူနိုင်ဖို့ ကြိုတင် သဘောတူညီမှု ရယူထားနိုင်ခဲ့ ပါပြီ ။ ဒါပေမဲ့ ကစားသမား ဖြစ်သူဟာ ဗီဇာ ကိစ္စ ၊ image right ကိစ္စ တွေကို ရှင်းရဖို့ ရှိနေသေးတဲ့ အတွက် အခုထိ မန်ချက်စတာကို မရောက်သေးတာပဲ ဖြစ်ပါတယ် ။

အခြားတဖက်မှာတော့ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ ချဲလ်ဆီး အသင်းဟာ တိုက််စစ်ပိုင်း အားနည်းချက်ကို ဖြေရှင်းဖို့ အတွက် အင်တာ မီလန် အသင်းမှ တိုက်စစ်မှူးဟောင်းဖြစ်သူ ရိုမီလူ လူကာကူကို ပေါင် 97.5 သန်းနဲ့ ခေါ်ယူလိုက် ပါပြီ ။

ဒါ့အပြင် လီဗာပူး အသင်းဟာလည်း ပြီးခဲ့တဲ့ တစ်ရာသီလုံး ဒဏ်ရာပြသနာတွေအကြား ရုန်းကန်နေခဲ့ရတဲ့ အဓိက ကစားသမားတွေကို ပြန်လည်ပိုင်ဆိုင်ထားနိုင်ခဲ့ပြီ ဖြစ်တဲ့ အပြင် ကိုနာတေး ကိုလည်း ခေါ်ယူထားနိုင်ခဲ့တဲ့ အတွက် အရင်ထက် ပိုမို တောင့်တင်း လာခဲ့ ပါပြီ ။

ဒါ့ကြောင့် ဒီနှစ် ဘောလုံး ရာသီမှာတော့ ပရီးမီးယားလိဂ် ချန်ပီယံဆု ဆွတ်ခူးရေးအတွက် မန်စီးတီး ၊ ချဲလ်ဆီး ၊ မန်ယူနိုက်တက် နဲ့ လီဗာပူး အသင်းတွေကပဲ အဓိကထား တိုက်ပွဲဝင်ရလိမ့်မယ်လို့ သုံးသပ်မှု များစွာ ထွက်ပေါ် နေခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်း ကတော့ လီဗာပူး နဲ့ ယူနိုက်တက် တို့သာ လက်ကျန် ရက်စွဲတွေမှာ ငွေထုတ် မသုံးဖြစ်ခဲ့ဘူးဆိုရင် မန်စီးတီး ၊ ချဲလ်ဆီး နှစ်သင်းကပဲ အမှတ်ပေး ဖလားဆုကို ဆွတ်ခူးရေး အတွက် အဓိက တိုက်ပွဲဝင်သွားရလိမ့်မယ်လို့ သုံးသပ်သွားခဲ့လိုက် ပါတယ် ။

” ချဲလ်ဆီးက ခွန်အားတွေ ၊ မန်နေဂျာအသစ် ၊ အိုင်ဒီယာ အသစ်တွေကို ပိုင်ဆိုင်ထားပါပြီ ။ အရည်အသွေးဆိုတာကတော့ ဒီအသင်းမှာ အမြဲတမ်း ရှိခဲ့တဲ့ အရာတစ်ခု ပါပဲ ။ လွန်ခဲ့တဲ့ တစ်နှစ် ၊ နှစ်နှစ် အတွင်း သူတို့တွေ သူတို့တွေဟာ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူး မပါပဲ ဖြတ်သန်းခဲ့ရတာကို ခင်ဗျားတို့ တွေ့ခဲ့ကြမှာပါ ”

” အခုတော့ လူကာကူ ရောက်လာပါပြီ ။ လူကာကူဟာ ချဲလ်ဆီးကို ခမ်းနားတဲ့ အခွင့်အလမ်းတွေ ပေးဆောင်နိုင်ပါလိမ့်မယ် ။ လီဗာပူးမှာလည်း အဓိက ကစားသမားတွေ အများစု ပြန်လာကြပြီလို့ ကျွန်တော် သိနေခဲ့ရ ပါတယ် ။ ဒါပေမဲ့ ကျွန်တော် ကတော့ မန်စီးတီး နဲ့ ချဲလ်ဆီး အသင်းတွေကိုပဲ ပိုပြီး လေ့လာဖြစ်ပါတယ် ”

” အကယ်လို့ ယူနိုက်တက် ဒါမှမဟုတ် လီဗာပူး အသင်းတို့ဟာ လာမယ့် တစ်ပါတ် ၊ နှစ်ပါတ် အတွင်း အိတ်ထဲက ငွေတွေထုတ်ပြီး လိုအပ်တဲ့ကစားသမားတွေကို မခေါ်ကြဘူး ဆိုရင် သူတို့ကို ချဲလ်ဆီး ၊ မန်စီးတီး အသင်းတွေရဲ့ အရှေ့မှာ မြင်ရမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်မှတ်မိပါတယ် ” လို့ ရွိုင်ကိန်း က သုံးသပ် သွားခဲ့လိုက် ပါတယ် ။