ယနေ့ညမှာတော့ အာဆင်နယ် VS ဘရန့်ဖို့ဒ် တို့ရဲ့ ပွဲစဉ်နဲ့ 2021-22 ပရီးမီးယားလိဂ် ဘောလုံးရာသီက စတင် ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်ရဲ့ ပွဲကြီးပွဲကောင်း ကတော့ တော့တင်ဟမ် နဲ့ မန်စီးတီး တို့ရဲ့ ပွဲစဉ် ဖြစ်ပြီး ဟယ်ရီကိန်းရဲ့ အပြောင်းအရွေ့ ပုံပြင်ကြောင့်လည်း ဒီပွဲဟာ ပိုမို စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

၁~ အာဆင်နယ် vs ဘရန့်ဖို့ဒ်

ဘရန့်ဖို့ဒ်ရဲ့ ပရီးမီးယားလိဂ်ကို တက်လာမှု ကတော့ အခြား ကလပ်တွေ အတွက် အတုယူစရာပါ။ အရည်အသွေးရှိတဲ့ ကစားသမားတွေကို စောစာစီးစီးရှာဖွေကာ နောက်ပိုင်းမှာ ဈေးကောင်းနဲ့ ပြန်လည် ရောင်းချတဲ့ သူတို့ရဲ့ ပေါ်လစီဟာ တကယ် အောင်မြင်နေပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ ရာသီတစ်ချို့ ကတည်းက ပရီးမီးယားလိဂ်ကို တံခါးခေါက်နေတဲ့ အသင်း ဖြစ်ပါတယ်။ အခုဆိုရင် သူတို့ ဒီပြိုင်ပွဲကို ရောက်လာခဲ့ပါပြီ။ သူတို့မှာ အရမ်းကောင်းတဲ့ တိုက်စစ် ကစားသမားတွေ ပိုင်ဆိုင်ထားတာကြောင် တိုက်စစ် ဖွင့်ကစားဖြစ်လိမ့်မယ်လို့ ကျနော် မြင်ပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

သူတို့ဟာ ရှုံးပွဲတွေ အများကြီး ကြုံရနိုင်သလို နိုင်ပွဲတစ်ချို့လည်း ရနိုင်ပါတယ်။ တန်းတက် ၃ သင်းစလုံး ပရီးမီးယားလိဂ် တင်ကျန်ရစ်မယ့် အခွင့်အရေးကောင်းတွေ ရှိနေတယ်လို့ ကျနော် ထင်ပါတယ်။ ကျတော် ကတော့ ဘရန့်ဖို့ဒ်တို့ အာဆင်နယ် ဆီကနေ တစ်စုံတစ်ရာ ရယူနိုင်လိမ့်မယ်လို့ ယူဆချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ အိမ်ကွင်း ပရိတ်သတ်ရှေ့မှာ ကစားရမှာ ဖြစ်လို့ပါ။ အာဆင်နယ်ဆီက ဘာတွေ မျှော်လင့်နိုင်သလဲ ဆိုတာ ကျွန်တော်တို့ မသိသေးပါဘူး။ အထူးသဖြင့် သူတို့ရဲ့ ကြံ့ခိုင်မှုနဲ့ form အပိုင်းမှာပါ။

လော်ရိုးရဲ့ခန့်မှန်းချက် : ၁-၁

၂~မန်ယူနိုက်တက် vs လိဒ်
မန်ယူနိုက်တက်ဟာ ကာဗာနီ နဲ့ ရပ်ဖို့ဒ် တို့ကို လက်လွှတ်ရမှာ ဖြစ်တာကြောင့် မာစီရယ်ကို အထောင်တိုက်စစ်မှာ အသုံးပြုလာဖို့ ရှိနေပါတယ်။ ကျတော် အပါအဝင် ပရိတ်သတ်တွေ တော်တော်များများဟာ ဆန်ချိုရဲ့ ကစားပုံကို ကြည့်ရှုဖို့ မစောင့်နိုင်လောက်အောင် ဖြစ်နေကြပါတယ်။ ပြီးခဲ့တဲ့ ရာသီကလို ၆-၂ ပွဲစဉ်တော့ ဖြစ်လာဖို့ မရှိပါဘူး။ ဒါပေမယ့် မန်ယူနိုက်တက်တို့ အနိုင်ရလိမ့်မယ်လို့ ကျတော် မျှော်လင့်ထားဆဲပါ။

ယူနိုက်တက် အနေနဲ့ ပြီးခဲ့တဲ့ ရာသီကထက် အိမ်ကွင်း ရလဒ်ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အိမ်ကွင်းမှာ ရလဒ်မကောင်းခဲ့တာ သူတို့ တစ်သင်းတည်း မဟုတ်ပါဘူး။ ပရိတ်သတ်တွေ အိုးထရပ်ဖို့ဒ်ကို ပြန်ရောက်လာတာဟာ သူတို့အတွက် အကူအညီ ဖြစ်စေမှာပါ။ ဒီတစ်ပတ်မှာ အိမ်ရှင်အသင်းတွေ ဘယ်လောက် နိုင်ပွဲ ရမလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဒါပေမယ့် ဒီပွဲမှာတော့ အိမ်ရှင်တို့ပဲ ကပ်နိုင်မှာပါ။

လော်ရိုးရဲ့ခန့်မှန်းချက် : ၂-၁

၃~ချဲလ်ဆီး vs ခရစ်စတယ်ပဲလေ့စ်
ပဲလေ့စ်နည်းပြသစ် ဗီအဲရာဟာ အလားအလာ ရှိတဲ့ လူငယ် ကစားသမားကောင်းတွေကို ဒီနွေရာသီမှာ ခေါ်ယူထားနိုင်ခဲ့ပါတယ်။ ရီဒင်းက အိုလိုက်စ်ဟာ ပြီးခဲ့တဲ့ရာသီက အီဇီးလိုပဲ အသင်းကို ကောင်းကောင်း ကူညီပေးနိုင်မယ့်သူပါ။ ဒါပေမယ့် ဒီပွဲမှာတော့ ကျွန်တော် ချဲလ်ဆီးဘက်က ရှိနေပါတယ်။ သူတို့ဟာ ဒီတစ်ပတ်မှာ စူပါဖလားလို competitive game ကို ကစားထားပြီး ဖြစ်လို့ပါ။ ဒါဟာ သူတို့ကို အကူအညီ ဖြစ်စေပါတယ်။ လူကာကူ ဒီပွဲမှာ မပါရင်တောင် ချဲလ်ဆီးဟာ ဒီပွဲကို အနိုင်ရဖို့ အတွက် လုံလောက်တဲ့ တိုက်စစ်အင်အား ရှိနေပါတယ်။

ပဲလေ့စ်ဟာ ဒီနွေရာသီမှာ အတွေ့အကြုံ ရင့်ကျက်တဲ့ ကစားသမား အများအပြားကို လက်လွှတ်ထားခဲ့ရပါတယ်။ သူတို့ အနေနဲ့ နည်းပြသစ် ကစားသမားတွေသစ်နဲ့ အသားတကျ ဖြစ်ဖို့ အတွက် အချိန်ယူရအုံးမှာပါ။

လော်ရိုးရဲ့ခန့်မှန်းချက် : ၂-ဝ

၄~နော့ဝှစ် vs လီဗာပူး
ကလော့အတွက်ကတော့ ဗဟိုနောက်ခံလူ နေရာမှာ ရွေးချယ်စရာတွေ များနေတာ ကောင်းတဲ့ အချက် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲအတွက် ဗန်ဒိုက် အဆင်သင့် ဖြစ်တယ်ဆိုရင် သူ့ကို ထည့်သွင်း အသုံးပြုသင့်ပါတယ်။ သူရဲ့ ကွင်းတွင်း ကွင်းပြင်ပ လွှမ်းမိုးမှုဟာ တကယ့်ကို ကြီးမားလှပါတယ်။

နော့ဝှစ်ကတော့ ကစားသမားတွေ ဆက်လက် ရောင်းချနေပြီး ဘွန်ဒီယာကို ဗီလာထံ လက်လွှတ်လိုက်ရတာဟာ တကယ့်ကို ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ ဒါပေမယ့် သူတို့ဟာ ပရီးမီးယားလိဂ်မှာ ပြန်ရောက်နေပါပြီ။ အကယ်၍ ဒီလိဂ်မှာ ဆက်ရှိချင်တယ် ဆိုရင် သူတို့ရဲ့ ခံစစ်ပိုင်း ကျစ်လစ်နေဖို့ လိုအပ်ပါတယ်။ သူတို့ဟာ ၂၀၁၉-၂၀ ရာသီတုန်းက တစ်ပွဲကို ပျမ်းမျှ ၂ ဂိုး ပေးခဲ့ရပြီး တန်းဆင်းခဲ့ရပါတယ်။ အကယ်၍ ဒီလိုမျိုး ထပ်ဖြစ်မယ် ဆိုရင် သူတို့ ဒီတစ်ကြိမ်မှာလည်း တန်းဆင်းဇုန်က လွတ်မှာ မဟုတ်ပါဘူး။

လော်ရိုးရဲ့ခန့်မှန်းချက် : ဝ-၂

၅~တော့တင်ဟမ် vs မန်စီးတီး
ဟယ်ရီကိန်း အကြောင်းမပါဘဲ ဒီပွဲကို ပြောဖို့ မဖြစ်နိုင်ပါဘူး။ ကိန်းဟာ ဒီပွဲမှာ ပါဝင်ဖို့ မရှိလောက်ပါဘူး။ ဘာလို့လဲဆိုတော့ သူဟာ တစ်ပတ်လုံး အသင်းနဲ့ ပူးပေါင်းလေ့ကျင့်မှု မလုပ်ရသေးတဲ့ အပြင် ဒီထက် ပိုကြီးတဲ့ ပြသနာကတော့ လာမည့် စက်တင်ဘာမှာ သူ ဘယ်အသင်းမှာ ကစားဖြစ်မလဲ ဆိုတာ ဘယ်သူမှ မသိလို့ပါ။ မန်စီးတီးဟာ ဒီပွဲမှာ ဒဏ်ရာရနေတဲ့ ဖိုဒန်ကို လက်လွှတ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့မှာ ကွင်းလယ်ဖန်တီးရှင် ရှားပါးမှု မရှိပါဘူး။

ဒါဟာ နူနိုဆန်တိုရဲ့ လက်အောက်မှာ စပါးရဲ့ ခရီးအစ ဖြစ်ပါတယ်။ သူတို့မှာ ကစားသမားသစ် တစ်ချို့လည်း ရှိနေပါတယ်။ ဒါပေမယ့် စပါးဟာ မန်စီးတီးဆီက အနိုင် ၃ မှတ်ကို ရယူနိုင်လိမ့်မယ်လို့ ကျနော် မမြင်မိပါဘူး။

လော်ရိုးရဲ့ခန့်မှန်းချက် : ဝ-၂

အခြား ပွဲစဉ်တွေ အတွက် လော်ရိုးရဲ့ခန့်မှန်းချက်များ

ဘန်လေ ၂-၁ ဘရိုက်တန်
အဲဗာတန် ၁-၀ ဆောက်သမ်တန်
လက်စတာ ၂-၀ ဝုဖ်
ဝက်ဖို့ဒ် ဝ-၂ အက်စတွန်ဗီလာ
နယူးကာဆယ် ၁-၁ ဝက်ဟမ်း