ကစားသမားတွေ အပေါ် ယုံကြည်မှု ထားတဲ့နေရာမှာ လီဗာပူး ဟာ ပရီးမီးယားလိဂ် ရဲ့ အထူးခြားဆုံး ကလပ် တခုလို့ သတ်မှတ်လို့ရမယ် ထင်ပါတယ်။ တရာသီလုံး နီးပါး ဒဏ်ရာ ပြသနာကြောင့် လွဲချော်ခဲ့တဲ့ ချန်ဘာလိန် ကို ကာလရှည် စာချုပ်သစ် ချုပ်ဆိုပြခဲ့သလို ၊ ဒီကနေ့ ညနေမှာလဲ ပြီးခဲ့တဲ့ရာသီမှာ တခုလုံး လွဲချော်ခဲ့ရတဲ့ ခံစစ်မှုးကြီး ဗန်ဒိုက် ကို 2025 ခုနှစ် စာချုပ် သက်တမ်းတိုးကာ ချုပ်ဆို လိုက်ပြန်ပြီ ဖြစ်ပါတယ်။

နယ်သာလန် ခံစစ်မှုးကြီးကတော့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တဲ့ အပေါ် သူ့ရဲ့ ခံစားချက်တွေ ကို အခုလိုပဲ ရင်ဖွင့်သွားခဲ့ ပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

မေး – ဗာဂျယ်…..Congratulations ပါ။ ကာလရှည် စာချုပ်သစ် တရပ် ချုပ်ဆိုနိုင်ခဲ့တဲ့ အတွက် ဘယ်လို ခံစားနေရလဲ။
ဖြေ – အရမ်းကို အံ့အားသင့်နေမိပါတယ်။ ဒီလို စာချုပ်သစ်မျိုး ချုပ်ဆိုနိုင်တဲ့ အတွက် ကျနော်ရော ၊ ဇနီး နဲ့ ကလေးတွေပါ ဂုဏ်ယူနေကြသလို ၊ ကျနော့် ရဲ့ အေးဂျင့် အဖွဲ့တွေလဲ ကျေနပ်နေကြတယ်လေ။ အရင်က အလုပ်ကြိုးစားခဲ့တဲ့ အတိုင်း ဆက်ပြီး ကြိုးစားသွားမှာ ဖြစ်သလို ၊ လီဗာပူး နဲ့ အတူ ပိုပြီး ကြီးကျယ် ခမ်းနားတဲ့ အနာဂတ်တွေ ဖော်ဆောင်လာနိုင်ဖို့လဲ ပစ်မှတ်ထားနေပါတယ်။ စာချုပ်သစ် အတွက် ပျော်လဲ ပျော်ရွှင်မိသလို ၊ အများကြီးလဲ ကျေနပ်မိပါတယ်။

မေး – အခုလို စာချုပ်သစ် ချုပ်ဖို့ ဘယ်လို ဆုံးဖြတ်ချက် ချမှတ်ခဲ့ရလဲ ဆိုတာ ပြောပြပါဦး ၊ လွယ်ကူခဲ့ရဲ့လား။
ဖြေ – တော်တော်လွယ်တာပေါ့ဗျာ…. ကျနော် ဒီကလပ်ကို စပြီး ရောက်လာခဲ့တဲ့ ပထမနေ့ က စလို့ ပရိသတ်တွေဆီကရော ၊ အသင်းဖော်တွေ နဲ့ ဝန်ထမ်းတွေဆီကပါ အသိအမှတ်ပြုခံရမှုတွေ အများကြီး ရခဲ့ပါတယ်။ အဲဒီ အကြောင်းအရာတွေကြောင့်ပဲ အသင်းအတွက် အရမ်းကို အရေးပါတဲ့ အဖွဲ့ဝင် တယောက် ဖြစ်လာခဲ့တယ်လေ။

လီဗာပူး ကနေ့ရက်တွေကို ကောင်းကောင်း ဖြတ်သန်းနိုင်ခဲ့ပေမယ့် ၊ ပြီးခဲ့တဲ့ ဘောလုံးရာသီဟာ ကျနော့် အတွက် မေ့ပစ်ချင်စရာ ကောင်းလောက်အောင် ဆိုးဝါးလွန်းခဲ့ပါတယ်။ အဲဒီကနေ ရရှိလာတဲ့ သင်ခန်းစာတွေကိုတော့ စိတ်ထဲမှာ အမြဲတမ်း သိမ်းထားမှာပါ။

ကိုရင် သြဘာသ
မေး – လီဗာပူး နဲ့ အတူ အနာဂတ် တခု ဖြတ်သန်းဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်မျိုးမှာ ၊ ကိုယ့်အတွက် ပျော်ရွှင်ကျေနပ်ရမယ် ဆိုတဲ့ ယုံကြည်ချက်တွေကို ဘယ်လို အကြောင်းအရာတွေ က ဖြစ်စေခဲ့လဲ။
ဖြေ – ကျနော့် အတွက်တော့ လီဗာပူးဟာ အကောင်းဆုံး ပရိသတ်တွေ ပိုင်ဆိုင်ထားတဲ့ ကမ္ဘာပေါ်က အကြီးကျယ်ခမ်းနားဆုံး ကလပ်အသင်းမျိုးပါပဲ။ ကမ္ဘာကြီးနဲ့ ယှဉ်ပြောတာနော်။ ကျနော် က ဒီကလပ်မှာ ကစားပေးရတာ ကျေနပ်တယ်ဗျ။ ကိုယ်ဘက်က ဘာတွေပဲ ဖြစ်နေဖြစ်နေ မိသားစု အရမ်းဆန်လွန်းပါတယ်။

ကျနော်တို့ အားလုံးဟာ တသားတည်း အတူတူရှိတယ် ၊ တလှေတည်းမှာ စီးကြရင်း အောင်မြင်မှုတွေ ကို အတူတူ ရှာဖွေကြတာပါ။ အမြဲတမ်း နည်းလမ်းမှန်တွေ နဲ့ လုပ်နိုင်ဖို့ ကြိုးစားကြပါတယ်။

မေး – အခု ဆိုရင် အသင်းကို ရောက်လာတာ 3 နှစ်ခွဲ ရှိပြီပေါ့ ၊ ကိုယ့်အိမ် ကိုယ်ယာလို ခံစားနေရပြီလား။
ဖြေ – သေချာတာပေါ့ဗျာ။ အဲဒီလို ခံစားမိစေဖို့ အချိန်တောင် အများကြီး မယူလိုက်ရပါဘူး။ အစောပိုင်း နေ့ရက်တွေမှာ ဆိုရင် အသင်းဖော်တွေ ၊ ဝန်ထမ်းတွေ ၊ အထူးသဖြင့် ပရိသတ်တွေ ရဲ့ ပျူပျူငှာငှာ နဲ့ ကြိုဆိုခဲ့ကြပုံတွေက နွေးထွေးလွန်းခဲ့ပါတယ်။ အခုဆို ဒီနေရာ ၊ ဒီအချိန်မှာ စီနီယာ ကစားသမားတယောက်လို့တောင် ခံစားမိသလို ၊ အသင်းအတွက် ၊ ကလပ်အတွက် အရေးပါတဲ့ ကစားသမားမျိုးလို့လဲ ခံစားနေရပါပြီ။ ဒီခံစားချက်မျိုးတွေက အရမ်းကြည်နူးဖို့ကောင်းတယ်လေ ၊ ဒါကြောင့်မို့ ကိုယ့်အိမ်ကိုယ့်ယာ လို ခံစားမိနေပြီလို့ ပြောနိုင်တာပါ။

မေး – ဒီကလပ်ကို ပြောင်းလာတဲ့ နောက်ပိုင်း လီဗာပူး အပေါ် ထားခဲ့အမြင်တွေက ပြောင်းသွားလား ။ ဒီမရောက်ခင်က လီဗာပူး အကြောင်း မသိသေးတဲ့ အချက်တွေ ရှိခဲ့သေးလား။
ဖြေ – အစောပိုင်း နေ့ရက်တွေမှာတော့ ဒီကလပ်ဟာ တကမ္ဘာလုံး အတိုင်းအတာ အားဖြင့် ဘယ်လောက်အထိ ကြီးကျယ် ခမ်းနားလဲ ဆိုတာ ခံစားမိတာမျိုး ရှိခဲ့ပါတယ်။ ဒါပေမယ့် တကယ့် လက်တွေ့မြင်လိုက်ရမှ ပိုပြီး အံ့အားသင့်သွားမိတာပါ။ ဥပမာ ပြောရရင် အမေရိကားမှာ ပြင်ဆင်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ်မျိုးပေါ့။ ပရိသတ်တွေ က လေ့ကျင့်ခန်း လုပ်တာတောင် တခမ်းတနား နဲ့ လာရောက် ကြည့်ရှုကြတာလေ။

ပြီးရင် ကျနော်တို့ရဲ့ ဆန့်ကျင်ဘက် ကမ္ဘာကြီးမှာ နေထိုင်ကြတဲ့ အာရှလို နေရာမျိုးမှာလဲ ပရိသတ်တွေ အများကြီးရှိနေပြန်ပါတယ်။ ဒီကို ပြောင်းမလာခင် အချိန်က အဲဒီလောက်အထိ များပြားလိမ့်မယ်လို့ တွေးမထားမိခဲ့ပါဘူး။ ဒါပေမယ့် အဲဒီလို အကြောင်းအရင်းတွေကြောင့်ပဲ လီဗာပူး မှာ ကစားရတာ ကျေနပ်စရာပါ။

မေး – ပရိသတ်တွေ ဆီကနေ သီချင်း နဲ့ ဂုဏ်ပြုခံရဖို့ အချိန်တွေ အများကြီး မယူလိုက်ရဘူးနော်။
ဖြေ – လီဗာပူး လို အသင်းမျိုးမှာ ကိုယ်ပိုင် သီချင်း တပုဒ် ပေါ်ထွက်လာဖို့က မလွယ်ပါဘူး။ ကျနော့် အတွက်တော့ ပထမဆုံး ရာသီမှာပဲ ပေါ်ပေါက်လာတာမို့ လုံး၀ ကို မယုံကြည်နိုင်ခဲ့ဘူးဗျာ။ အဲဒီ အတွက် အရမ်းကို ဂုဏ်ယူခဲ့တာပါ။ ပရိသတ်တွေ အနေနဲ့လဲ ဆက်ပြီး ဆိုပေးကြပါဦး။

မေး – ရာသီသစ် စတင်တော့မှာ ဖြစ်သလို ၊ ပရိသတ်တွေလဲ ကွင်းအတွင်း ပြန်လည် ဝင်ရောက်ခွင့် ရရှိခဲ့ပါပြီ။ သူတို့ ပြန်လည်ရောက်ရှိလာခြင်းက အသင်းအတွက် အရေးပါတဲ့ အချက် တခု ဖြစ်နေမလား။
ဖြေ – ကျနော် တို့က ပရိသတ်တွေကို လွမ်းလှပါပြီ။ အထူးသဖြင့် ကျနော်တို့ အသင်း ကစားပုံနဲ့ ပိုပြီးတော့တောင် ပရိသတ်တွေကို လိုအပ်ပါတယ်။ တခါတရံ ကျနော်တို့ က Press လုပ်တယ် ၊ တချို့ အခိုက်အတန့်တွေမှာ အထနှေးတာတွေ ၊ မထင်မှတ်ပဲ ဦးဆောင်ဂိုး ပေးလိုက်ရတာမျိုးတွေ ရှိပါတယ်။ အဲဒီလို အခိုက်အတန့်တွေ အတွက် ပရိသတ်တွေ ဆီက မွေးဖွားလာတဲ့ ခွန်အားတွေ အရမ်းလိုအပ်ပါတယ်။ ဒီရာသီမှာတော့ သူတို့ ကွင်းထဲ ပြန်ရောက်လာခြင်း နဲ့ အတူ အောင်မြင်တဲ့ ရာသီတခု ရရှိဖို့ မျှော်လင့်ထားတာပေါ့။

မေး – ဒါဆိုရင် ရာသီသစ် မှာ ဘယ်လို အောင်မြင်မှုတွေ ရဖို့ ပစ်မှတ်ထားနေလဲ ခင်ဗျား တဦးတည်း အမြင်ပေါ့။
ဖြေ – ကျနော် ကတော့ ပွဲတွေ အများကြီး ကစားပေးနိုင်သလောက် ကစားပေးခွင့် ရချင်တယ် ၊ ပုံမှန် ခြေစွမ်မျိုး ၊ ကြံ့ခိုင်မှုမျိုး နဲ့ ကစားနိုင်ချင်တယ်။ အရင်က ကျနော် ဟာ ဒဏ်ရာ ပြသနာတွေ နဲ့ မကြခဏ ရုန်းကန်ရလေ့ရှိတဲ့ ကစားသမားမျိုး မဟုတ်ပါဘူး။ ဒါကြောင့် ဒီရာသီမှာတော့ အဲဒီ ပုံစံအတိုင်း ဆက်ပြီး ကစားပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။

စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။ ကိုယ့်အသင်းကို စိတ်ထဲရှိတဲ့ အတိုင်း ကူညီ ထောက်ပံ့မှုတွေ လုပ်ဆောင်နိုင်ဖို့ အတွက် ကိုယ့်ရဲ့ ဒဏ်ရာ အခြေအနေကိုလဲ သေချာ ဂရုစိုက်ပြီး နေထိုင်ပြုမူရမှာပါ။ တခါတလေ ကြံ့ခိုင်မှု အပြည့်နဲ့ ကစားနိုင်ဖို့ ဆိုတာ အချိန်ယူရတာတွေ ရှိပါတယ်။ ကျနော် ကတော့ ဒါကို တပွဲချင်း ကစားပြီး ချဉ်းကပ်သွားချင်ပါတယ်။ ကိုယ့် ခန္ဓာကိုယ် အခြေအနေက ဘယ်လိုလဲ ဆိုတာ ကိုယ်က အသိဆုံးပါ။ အဲဒီတော့ စနေ့ ကစားမယ့် ပွဲမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့။