မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနက်ဖြန်ညနေ 6နာရီ အချိန်မှာတော့ 2021-22 ပရီးမီးယားလိဂ် ဘောလုံး ရာသီရဲ့ ရာသီ အဖွင့်ပွဲစဥ် အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ လိဒ်စ် ယူနိုက်တက် အသင်းကို ဧည့်ခံ ကစားသွားရဖို့ ရှိနေပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် အသင်းရဲ့ ကစားသမား အချို့က အခုထိ အသင်းနဲ့ ပူးပေါင်းနိုင်ခြင်း မရှိကြသေးပါဘူး ။ အဆိုပါ ကစားသမားတွေကတော့ တိုက်စစ်မှူး အီဒင်ဆန် ကာဗာနီ ၊ ခံစစ်မှူး အဲရစ် ဘိုင်လီ နဲ့ တောင်ပံ တိုက်စစ် မှ အာမတ် ဒီယာလို တို့ပဲ ဖြစ်ကြ ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

အခြားတဖက်မှာတော့ ယူနိုက်တက်ရဲ့ အင်္ဂလန်သား နှစ်ဦး ဖြစ်ကြတဲ့ ဂျက်စီ လင်ဂတ် နဲ့ ဒင်းန် ဟန်ဒါဆန် တို့ဟာ ကိုဗစ် ဖြစ်နေတာကြောင့် လိုအပ်တဲ့ ကုသမှု ခံယူနေရတဲ့အတွက် အသင်းနဲ့ မပူးပေါင်းနိုင်ကြသေးပါဘူး ။ ဒါ့အပြင်် ရပ်ရှ်ဖို့ ကလည်း ဒဏ်ရာ ခွဲစိတ်အပြီး အနားယူနေခဲ့ရ ပါတယ် ။

အခုတော့ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ အိုလီ ဂန်နာ ဆိုးလ်ရှား က တိုက်စစ်မှူး ကာဗာနီ နဲ့ အိုင်ဗရီကို့စ် အတွက် အိုလံပစ် ပြိုင်ပွဲမှာ ပါဝင် ကစားပေးခဲ့ကြတဲ့ အဲရစ် ဘိုင်လီ နဲ့ အာမတ် ဒီယာလို တို့ဟာ ရာသီ အဖွင့်ပွဲစဥ်မှာ ပါဝင်နိုင်မှာ မဟုတ်ကြောင်း အတည်ပြု ပြောကြား သွားခဲ့လိုက် ပါတယ် ။

” အီဒီ (အီဒင်ဆန် ကာဗာနီ) ဟာ ဒီနိုင်ငံကို ရောက်ရှိလာပါပြီ ။ သူက အိုင်ဆိုလေးရှင်း လုပ်နေရတဲ့ အချိန်ကာလ တစ်ခုကို ဖြတ်သန်း နေခဲ့ရပါတယ် ။ သူဟာ ပုဂ္ဂိုလ်ရေး တစ်ခု ကိစ္စကြောင့် အနည်းငယ် ပိုတဲ့ အားလပ်ရက်တွေကို ပိုင်ဆိုင်ထားခဲ့သူပါ ”

” အဲရစ် (ဘိုင်လီ) နဲ့ အာမတ် (ဒီယာလို) တို့လည်း ဒီနိုင်ငံထဲကို ရောက်ရှိလာခဲ့ကြပါပြီ ။ သူတို့တွေလည်း အသင်းနဲ့ ပူးပေါင်းဖို့ စောင့်ဆိုင်း နေကြရ ပါတယ် ။ သူတို့တွေက တကယ့်ကို စိတ်လှုပ်ရှားဖွယ် ကောင်းလွန်းတဲ့ နွေရာသီ တစ်ခုကို ပိုင်ဆိုင်ခဲ့ကြရ ပါတယ် ”

” သူတို့တွေဟာ အိုလံပစ် ပြိုင်ပွဲမှာ ပါဝင် ကစားခဲ့ရပြီး ပုံစံကောင်းတွေကို ပြသနိုင်ခဲ့ကြတယ်လေ ။ သူတို့တွေဟာ အသင်းနဲ့ မပူးပေါင်းခင် ကတည်းက ကြံ့ခိုင် နေကြမှာ အသေအချာ ပါပဲ ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့လာဖို့ ကြိုတင် သဘောတူညီမှု ရယူထားနိုင်ခဲ့တဲ့ ရာဖေးလ် ဗာရန်း ကတော့ မနေ့ညက မန်ချက်စတာကို ရောက်ရှိနေပြီ ဖြစ်ကြောင်း ပုံရိပ်တွေ မြင်တွေ့ခဲ့ရ ပါတယ် ။ ဒါ့ကြောင့် သူ့ရဲ့ အပြောင်းအရွှေ့ဟာ တရားဝင် ဖြစ်လာဖို့ နီးစပ်နေပါပြီ ။

ယူနိုက်တက်တို့ နောက်ထပ် ခေါ်ယူထားကြတဲ့ တောင်ပံ တိုက်စစ် ကစားသမားဖြစ်သူ ဂျေဒန် ဆန်ချို ကတော့ လိဒ်စ် နဲ့ ရာသီ အဖွင့်ပွဲစဥ်မှာ ယူနိုက်တက် ကစားသမားတွေနဲ့ အတူ ပါဝင်သွားဖို့ သေချာနေပါပြီ ။ ဒါပေမဲ့ ပွဲထွက်ခွင့် ရနိုင်မလား ၊ လူစားဝင် ကစားပေးမလား ဆိုတာကိုတော့ နည်းပြ ဆိုးလ်ရှား က အတည်မပြုပေးခဲ့ပါဘူး ။