ချယ်လ်ဆီး အသင်း ရဲ့ အာဂျင်တီးနား ဝါရင့် ဂိုးသမား ကာဘယ်လာရို ဟာ ယခုနှစ် ဘောလုံး ရာသီ မှာ ကစားသမား ဘဝ မှ အနားယူဖို့ စဉ်းစား ခဲ့ပေမယ့် နောက်ထပ် တနှစ် ဘောလုံး ဆက်ကစား ဖို့ ဆုံးဖြတ် ခဲ့ပါတယ် ။ ကာဘယ်လာရို ဟာ ပြီးခဲ့တဲ့ ရာသီကုန်ခါနီး မှာမှ ချယ်လ်ဆီး အသင်း နဲ့ အတူ စာချုပ် သက်တမ်း တနှစ် ထပ်တိုး နိုင်ခဲ့ပြီး လက်ရှိ မှာတော့ ကီပါ ရဲ့ အရန် အနေနဲ့သာ ရပ်တည် နေရပါတယ် ။

 

မန်စီးတီး ၊ ချယ်လ်ဆီး အသင်း တွေမှာ ကစားပြီး ပင်နယ်တီ ကာကွယ် နိုင်တဲ့ နေရာ မှာ မှတ်တမ်း ကောင်းတွေ ပိုင်ဆိုင် ထားတဲ့ ကာဘယ်လာရို ဟာ ယခုနှစ် ဘောလုံး ရာသီ မှာ ကစားသမား ဘဝက အနားယူပြီး မိသားစု အတွက် အချိန် ပေးဖို့ စဉ်းစား ခဲ့တယ် လို့ ဆိုပါတယ် ။ အသက် ၃၇ နှစ် ရှိပြီ ဖြစ်တဲ့ ကာဘယ်လာရို က သူ့ သမီးတွေရဲ့ တိုက်တွန်းမှုကြောင့် သာ ဘောလုံး ဆက်ကစား နေခဲ့တာ ဖြစ်တယ် လို့ ရှင်းပြ ခဲ့ပါတယ် ။

အာဂျင်တီးနား သတင်း ဌာန Enganche နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာ ကာဘယ်လာရို က ” ကျွန်တော် ဟာ ဘောလုံး အတွက် အသက် ဆက်ရှင် နေတယ် ဆိုပေမယ့် ကျွန်တော့ ရဲ့ ကစားသမား ဘဝ ကို ရပ်တန့်ဖို့က ကိုယ့် ဆုံးဖြတ်ချက် နဲ့ပဲ သက်ဆိုင် ပါတယ် ။ ဒါပေမယ့် ကျွန်တော့ သမီး တွေက အနားမယူဖို့ အတင်း ပြောခဲ့ပါတယ် ။ အိမ်ကို ပြန်ရောက်တဲ့ အချိန်တိုင်း လိုလို မှာ ကျွန်တော် ဟာ ဒီနှစ် မှာ အနားယူမယ် လို့ မကြာခဏ စနောက် ခဲ့ဖူးပါတယ် ။ ”

” ကျွန်တော့ သမီး တွေကတော့ သူ့ အဖေ ဘောလုံး မကစားပဲ အနားယူလိုက်တာကို မမြင်ချင်သေးဘူး လို့ ပြောကြပါတယ် ။ ဒါကြောင့်မို့ ကျွန်တော် ဘောလုံး ဆက်ကစားဖို့ လိုအပ် ခဲ့ပါတယ် ။ ကျွန်တော် ဟာ ဘောလုံးပွဲ တွေ ဆက်ကြည့်ဖို့ လိုပါတယ် ။ ကစားခွင့် မရရင်တောင် ကျွန်တော် ဟာ ပွဲတပွဲလုံး ကို ပြန်ပြီး ကြည့်ရှု ဖြစ်ပါတယ် ။ ဘယ်နေရာ တွေမှာ ကျွန်တော် တို့ အသင်း ရဲ့ ကောင်းကွက် ၊ အားနည်းချက် တွေ ရှိနေလဲ ဆိုတာ အမြဲတမ်း သုံးသပ် ဖြစ်ပါတယ် ။ ”

” ကျွန်တော် ဟာ ကိုယ် လုပ်ချင်တာ လုပ်ခွင့် ရဖို့ အတွက် ချယ်လ်ဆီး အသင်း ကို ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပါတယ် ။ ဘောလုံး ကစားရတာ ၊ တနေ့ပြီး တနေ့ အသင်း နဲ့ အတူ လေ့ကျင့်ရေး အစီအစဉ် တွေကို ကျော်ဖြတ် ရတာက လွဲလို့ ကျန်တာ ကျွန်တော် ဘာမှ မလုပ်တတ်ပါဘူး ။ ချယ်လ်ဆီး ကို ရောက်ရှိ လာတဲ့ အခါ မှာ ကျွန်တော် ကစားခွင့် မရရင်လည်း ကိုယ့် အသင်း အလိုရှိတဲ့ အခါ ဘယ်လို ပုံစံ နဲ့ အကောင်းဆုံး ပေးဆပ် သွားမလဲ ဆိုတာ ခေါင်းထဲမှာ အမြဲ ရှိနေပါတယ် ။ ”

” တခါတလေ ကျရင် ကျွန်တော် တို့လို ဝါရင့် ကစားသမား တွေဟာ ကွင်းတွင်း မှာ ကစားဖို့ ထက် ကွင်းပြင်ပ ကနေ အသင်းသား တွေကို ကူညီ ပံ့ပိုးပေးဖို့ အရေးကြီးလှပါတယ် ။ ဒါပေမယ့် ဘောလုံး ဟာ အမြဲတမ်း ဖြစ်တည်နေမယ့် အားကစား ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း မှာ ၊ ဒါမှမဟုတ် ကလပ် တွေပဲ ဖြစ်ဖြစ် ၊ ဘားတွေမှာပဲ ဖြစ်ဖြစ် အိမ်က စားပွဲ မှာပဲ ဖြစ်ဖြစ် ၊ ဘယ်နေရာ ဖြစ်ဖြစ် ကျွန်တော့ အတွက် ဘောလုံးပွဲ တွေနဲ့ ထိတွေ့ ရဖို့က အရေးကြီးပါတယ် ။ ”

” ဘောလုံးသမား သူငယ်ချင်း တွေနဲ့ တွေ့ဆုံမယ် ၊ အတူတူ ဘောလုံး ပွဲကြည့်ကြမယ် ၊ ပွဲရဲ့ အနေအထား အပေါ် သုံးသပ် ကြမယ် ၊ ဒါတွေဟာ ကျွန်တော့ ကို အမြဲတမ်း ဆွဲဆောင် နေတုန်း ပါပဲ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ဆက်လက်ပြီး ကာဘယ်လာရို က ပြီးခဲ့တဲ့ ရာသီကုန် မှာ ချယ်လ်ဆီး နဲ့ ၄င်းတို့ စာချုပ် သက်တမ်း ကုန်မှာ ဖြစ်ခဲ့ပေမယ့် သူ့လို ဝါရင့် ကစားသမား တယောက် အပေါ် လေးစားမှု အပြည့်နဲ့ နောက်ထပ် စာချုပ် သက်တမ်း တနှစ် ကမ်းလှမ်း ခဲ့တဲ့ ချယ်လ်ဆီး အသင်း ကိုလည်း အထူး ကျေးဇူးတင်ကြောင်း ဆိုခဲ့ပါတယ် ။

ကာဘယ်လာရို က ” ဥပမာ ပြောရရင် ပြီးခဲ့တဲ့ ရာသီ ကတည်း ကျွန်တော် နဲ့ ချယ်လ်ဆီး အသင်းကြား စာချုပ် သက်တမ်း က ပြည့်ခဲ့ပါပြီ ။ ဒါပေမယ့် သူတို့ဖက် က ကျွန်တော့ ကို စာချုပ်သစ် ချုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ် ။ ကျွန်တော့ လို အသက်အရွယ် နဲ့ ကစားသမား တယောက် ကို အသင်းကြီး တွေ အတော်များများ ဘယ်သူမှ စာချုပ် ထပ်မချုပ်လိုကြပါဘူး ။ သူတို့ဟာ နောက်ထပ် ငယ်ရွယ်တဲ့ ဂိုးသမား တွေကို ခေါ်လို့ ရပါတယ် ။ အခုလို ချယ်လ်ဆီး အသင်း နဲ့ အတူ ပူးပေါင်း ရတာကိုပဲ ကျွန်တော့ ကို အသစ်တဖန် ခံစား စေရပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR