အလန်ရှီးယားရားဟာ ၂၀၂၁-၂၂ ပရီးမီးယားလိဂ် ရာသီ အတွက် သူ့ရဲ့ top 4 ခန့်မှန်းချက်ကို ပြောပြသွားခဲ့ပြီး ချဲလ်ဆီးဟာ လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီးကို ကျော်ကာ ဗိုလ်စွဲနိုင်လိမ့်မယ်လို့ ထောက်ခံလိုက် ပါတယ်။ မန်ချက်စတာစီးတီးဟာ ပရီးမီးယားလိဂ် ဖလားကို နောက်ဆုံး ၄ နှစ်အတွင်း ၃ ကြိမ် ဗိုလ်စွဲထားခဲ့ပြီး ပြီးခဲ့တဲ့ ရာသီက မန်ယူနိုက်တက် လီဗာပူး နဲ့ ချဲလ်ဆီး တို့ကို အမှတ်တွေ ဖြတ်ကာ နောက်ကောက်ချ ခဲ့ပါတယ်။

ဒီနွေရာသီမှာတော့ လီဗာပူးကလွဲပြီး ပရီးမီးယားလိဂ် အသင်းကြီးတွေရဲ့ ပြင်ဆင်မှုက အားကောင်းနေပြီး မန်စီးတီးက ဂျက်ဂရီလစ်ချ်ကို ခေါ်ယူထားပြီး ဖြစ်သလို ဟယ်ရီကိန်းကိုလည်း ပစ်မှတ်ထားနေပြီး မြို့ခံပြိုင်ဘက် မန်ယူနိုက်တက် ဆန်ချို နဲ့ ဗာရန်း တို့ကို အားဖြည့်ထားခဲ့ပါတယ်။ ချဲလ်ဆီးကလည်း လိုအပ်နေတဲ့ အထောင်တိုက်စစ် နေရာ အတွက် အင်တာမီလန်မှ လူကာကူကို ပေါင်သန်း ၁၀၀ နီးပါးပေးကာ ခေါ်ယူနိုင်ခဲ့ပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ရှီးယားရားက သူ့အနေနဲ့ စီးတီးဟာ အမှတ်ပေးဖလားကို နောက်ထပ် တစ်ကြိမ် စိန်ခေါ်နိုင်အုံးမှာ ဖြစ်တယ်လို့ မျှော်လင့်ထားတယ်လို့ ဆိုလိုက်ပေမယ့် လူကာကူကို ခေါ်ယူနိုင်ခဲ့ခြင်းဟာ ချဲလ်ဆီးကို ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းစားစေတယ်လို့ ယုံကြည် နေပါတယ်။

ရှီးယားရားက “မန်ချက်စတာစီးတီးကို ပြောင်းရွေ့ခြင်းဟာ ဟယ်ရီကိန်း အတွက် အရမ်းကောင်းတဲ့ အပြောင်းအရွေ့ ဖြစ်ပါတယ်။ ဒါပေမယ့် အကယ်၍ ဒီအပြောင်းအရွေ့ အမှန်တကယ် ဖြစ်လာခဲ့မယ် ဆိုရင်တောင် ပရီးမီးယားလိဂ် title race ဟာ ပြီးဆုံးသွားလိမ့်မယ်လို့ ကျွန်တော် မထင်မိပါဘူး။

မန်စီးတီး အတွက် ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးနိုင်ဖို့ဟာ ဒီလောက် လွယ်ကူ ချောမောနေမှာ မဟုတ်ပါဘူး။ အထူးသဖြင့် ချဲလ်ဆီးဟာ ရိုမီလူလူကာကူ ကို ခေါ်ယူထားခဲ့တယ် မဟုတ်လား။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ရာသီက ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှုး တစ်ဦး မရှိတာက လွဲပြီး အရာအားလုံး ပြည့်စုံနေပါတယ်။ သူတို့ဟာ အခွင့်အရေးကောင်းတွေ အကြိမ်များစွာ ဖန်တီး နိုင်ခဲ့ပေမယ့်လည်း ဂိုးပိုက်ထဲကို ရောက်အောင် မထည့်နိုင် ခဲ့ပါဘူး။

လူကာကူဟာ ဒါကို ပြောင်းလဲပေးမှာပါ။ ဘာလို့လဲဆိုတော့ သူဟာ ဂိုးတွေ သွင်းယူနို်င်လိမ့်မယ် ဆိုတာ ကျတော်တို့ သိထားပြီး ဖြစ်လို့ပါ။ သူဟာ သွင်းဂိုးတွေ အတွက် အာမခံနိုင်ပါတယ်။ ဒါ့ကြောင့်လည်း ချဲလ်ဆီးဟာ သူ့ကို စတန်းဖို့ဒ်ဘရစ်ချ်ထံ ပြန်လည် ခေါ်ယူဖို့ အတွက် ယခုလို ငွေပုံအောပြီး သုံးခဲ့တာ ဖြစ်ပါတယ်။ သူဟာ ချဲလ်ဆီး အတွက် အရမ်းကောင်းတဲ့ ကစားသမား ခေါ်ယူမှု ဖြစ်လာမှာပါ။ သူဟာ ချဲလ်ဆီးတို့ ချန်ပီယံ ဖြစ် မဖြစ်ကို ခြားနားမှု ရှိစေမယ့်သူပါ။ သူဟာ ဒီလောက်ကို အရေးပါပါတယ်။

ကျတော်တို့ဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှုးတွေ ထဲက တစ်ဦး အကြောင်းကို ပြောနေတာပါ။ အသက် ၂၈ နှစ်ဆိုတာ သူ့ရဲ့ အမြင့်ဆုံး စွမ်းရည်ရတဲ့ အချိန်ဖြစ်ပြီး မန်ယူနိုက်တက် ကနေ ထွက်ခွာခဲ့ပြီးနောက်ပိုင်း သူဟာ စီးရီးအေမှာ ရခဲ့တဲ့ အတွေ့အကြုံကြောင့် အများကြီး တိုးတက်လာခဲ့ပါတယ်။ သူဟာ အခုဆိုရင် ပြီးပြည့်စုံတဲ့ ကစားသမား ဖြစ်လာပါပြီ။ ဒါ့အပြင် သူဟာ အောင်မြင်မှုကို ဆာလောင်ပြီး ချဲလ်ဆီးကိုလည်း သက်သေပြစရာ ရှိနေပါသေးတယ်။

လူကာကူဟာ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ဖို့အတွက် ပြီးပြည့်စုံလု နီးပါး ဖြစ်နေတဲ့ အသင်းကို ရောက်လာတာပါ။ ဒါပေမယ့်လည်း ဒီဖလားကို စိန်ခေါ်နို်င်တဲ့ အခြား အသင်းတွေတော့ ရှိနေပါသေးတယ်။” လို့ ပြောသွားပါတယ်။

ရှီးယားရားက ချဲလ်ဆီးကို ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မယ့် အသင်းအဖြစ် ခန့်မှန်းလို်က်ပြီး မန်စီးတီး မန်ယူနိုက်တက် လီဗာပူး တို့ကတော့ top 4 နဲ့ ကျေနပ်ရလိ်မ့်မယ်လို့ ဆိုသွားပါတယ်။

ရှီးယားရားက “ပြီးခဲ့တဲ့ ရာသီကထက် ပိုပြီး ပြင်းထန်တဲ့ ဖလားလုမှုကို ကျနော် မျှော်လင့်နေပါတယ်။ စီးတီးနဲ့ ချဲလ်ဆီး တို့ပဲ မဟုတ်ပါဘူး။ ချန်ပီယံဖြစ်ဖို့ အတွက် အသင်း ၄ သင်းမှာ အခွင့်အရေး ရှိနေပါတယ်။ ဒါပေမယ့် ချဲလ်ဆီးမှာ လူကာကူ ရှိနေတာကြောင့် သူတို့ ဗိုလ်စွဲမယ်လို့ ကျနော် ရွေးချယ်ခဲ့တာပါ။ မန်ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီက ခြေစွမ်း မငြိမ်ခဲ့ပေမယ့် သူတို့ဟာ ဗာရန်းနဲ့ ဆန်ချို တို့လို ကစားသမားကောင်းတွေကို ခေါ်ယူကာ အရမ်းကောင်းတဲ့ အပြောင်းအရွေ့ လှုပ်ရှားမှု လုပ်ထားခဲ့ပါတယ်။ သူတို့မှာ အခြားသူတွေ မရှိတဲ့ အရည်အသွေးတွေ ရှိနေပါတယ်။

လီဗာပူးဟာ ကိုနာတေး တစ်ဦးတည်းသာ ခေါ်ယူထားခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီက သူတို့ရဲ့ အဓိက ပြသနာ ဖြစ်ခဲ့တဲ့ နောက်တန်းဟာ အခုဆိုရင် အင်အားတောင့်တင်းနေပါတယ်။ ခံစစ်ပိုင်း တစ်ခုတည်းမှာ ဒီလောက် ဒဏ်ရာတွေ ရခဲ့တာဟာ တကယ်ထူးဆန်းပါတယ်။ သူတို့ရဲ့ တိုက်စစ်ပိုင်းမှာ မာနေး ဆာလား တို့လို ဂိုးရယူနိုင်တဲ့ သူတွေ ရှိနေတာကြောင့် ရှေ့တန်းက ပူစရာ မရှိပါဘူး။ အပြောင်းအရွေ့ စျေးကွက်မပိတ်မီ သူတို့ ၀ုိင်နယ်ဒန်ရဲ့ နေရာကို ပြန်လည် အားဖြည့်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ မနှစ်ကထက်တော့ ပိုကောင်းမှာ သေချာပါတယ်။

လက်ရှိ ချန်ပီယံ မန်စီးတီးကတော့ အဓိက ကျော်ဖြတ်ရမယ့် အသင်းပါ။ သူတို့ဟာ ဂရီလစ်ချ်ကို ခေါ်ယူထားပြီး ဖြစ်ကာ ငွေကြေးများစွာ ကုန်ကျပေမယ့် သူဟာ ဂွာဒီယိုလာရဲ့ အသင်းကို ပိုကောင်းစေမှာပါ။” လို့ ပြောလိုုက်ပါတယ်။