ဥရောပ ဘောလုံး အဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ နေရာ အလိုက် ချန်ပီယံလိဂ် အကောင်းဆုံး ကစားသမားဆုတွေ ကြေငြာနိုင်ဖို့ အတွက် ဆန်ကာတင် စာရင်း ကို မနေ့ညက ပဲ ထုတ်ပြန် ကြေငြာလိုက်ပါတယ်။

ဒီစာရင်းမှာ လက်ရှိ ချန်ပီယံ ချဲဆီး ကစားသမား အများစုပဲ စိုးမိုးထားခဲ့ပြီး ၊ မန်စီးတီး က ဒုတိယ အများဆုံး ပါဝင်ခဲ့ပါတယ်။ ဆန်ကာတင် စာရင်း အပြည့်အစုံ –

အကောင်းဆုံး ဂိုးသမားဆု – ကော့တွိုက် (ရီးရဲ) ၊ အီဒါဆင် (မန်စီးတီး) ၊ မန်ဒီ (ချဲဆီး)

အကောင်းဆုံး နောက်တန်းဆု – အက်စ်ပီလီကွီတာ (ချဲဆီး) ၊ ရူဘင် နီယက် (မန်စီးတီး) ၊ ရူဒီဂါ (ချဲဆီး)

အကောင်းဆုံး အလယ်တန်းဆု – ဒီဘရိုင်း (မန်စီးတီး) ၊ ဂျော်ဂင်ဟို (ချဲဆီး) ၊ ကန်တီ (ချဲဆီး)

အကောင်းဆုံး ရှေ့တန်းဆု – ဟာလန်း (ဒေါ့မွန်) ၊ လီဝန်ဒေါ့စကီး (ဘိုင်ယန်) ၊ အမ်ဘာပေ (ပီအက်စ်ဂျီ)

တို့ ဖြစ်ပါတယ်။

 

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

တချိန်တည်းမှာပဲ ဥရောပ ဘောလုံး အဖွဲ့ချုပ် က 2020-2021 ဘောလုံးရာသီ ယူရိုပါလိဂ် ဘောလုံးပြိုင်ပွဲ အကောင်းဆုံးကစားသမားဆု ဆန်ကာတင် စာရင်းကိုပါ ဆက်လက် ထုတ်ပြန် ကြေငြာသွားခဲ့ ပါတယ်။ အဲဒီ စာရင်းမှာ ယူနိုက်တက် ကစားသမားတွေ ဖြစ်တဲ့ ကာဗာနီ ၊ ဘရူနို ဖာနန်ဒက် နဲ့ ဗီလာ ရီးရဲ တိုက်စစ်မှုး ဂျရတ် မိုရီနို တို့ ပါဝင်နေခဲ့ ပါတယ်။

ကာဗာနီ ဟာ ယူရိုပါလိဂ် ပြိုင်ပွဲမှာ စုစုပေါင်း သွင်းဂိုး 6 ဂိုး သွင်းယူကာ 3 ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပြီး ၊ ဖာနန်ဒက် ကတော့ သွင်းဂိုး 5 နဲ့ ဂိုးဖန်တီးမှု 4 ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဗီလာရီးရဲ တိုက်စစ်မှုး မိုရီနို က စုစုပေါင်း 7 ဂိုး သွင်းယူကာ ၊ ဂိုးဖန်တီးမှု 5 ကြိမ် အထိ လုပ်ဆောင်ခဲ့တာကြောင့် ၊ ဒီဆု ကို ဆွတ်ခူးနိုင်ဖို့ ရေပန်း အစားဆုံး ဖြစ်နေပါတယ်။

ချန်ပီယံလိဂ် အကောင်းဆုံး ဆုတွေကို လာမယ့် သြဂုတ် လ 26 ရက်နေ့ ၊ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေ မဲခွဲတဲ့ အခမ်းအနားမှာ ထုတ်ပြန် ကြေငြာမှာ ဖြစ်ပြီး ၊ ယူရို ပါလိဂ် အကောင်းဆုံး ကစားသမားဆု ကိုလဲ နောက်တနေ့မှာ ကျင်းပမယ့် ယူရို ပါလိဂ် မဲခွဲပွဲစဉ်မှာ ထုတ်ပြန်ကြေငြာသွားမှာ ဖြစ်ပါတယ်။